Lockdown ကာလအတွင်းမှာ ဟယ်ရီပေါ်တာဝတ္ထုကို ဒန်နီရယ် ရက်ကလစ်ဖ်အပါအဝင်အခြားနာမည်ကြီးဆယ်လီတွေ ဖတ်ပြ

7-5-2020-yyl-020.jpg

လက်ရှိ COVID-19 ကြောင့် Lockdown ချထားတဲ့ကာလအတွင်းမှာ ပျင်းရိမှုတွေပျောက်ပြီး အပျင်းပြေစေဖို့ နာမည်ကြီးဝတ္ထု Harry Potter and the Sorcerer’s Stone ကို ဖတ်ပြနေတဲ့သူတွေရှိပါတယ်။ အဲဒီသူတွေက အခြားသူမဟုတ်ပါဘူး။ ဟယ်ရီပေါ်တာဇာတ်ကောင်ကိုယ်တိုင်ပါပဲ။

ဟယ်ရီပေါ်တာဇာတ်ကား (၈) ကားလုံးမှာ ဇာတ်ကောင်အဖြစ် ပါဝင်ခဲ့တဲ့ ဒန်နီရယ် ရက်ကလစ်ဖ်က ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် အိမ်မှာ နေတဲ့သူတွေကို အပန်းဖြေစေဖို့ ဟယ်ရီပေါ်တာနှင့် ပြဒါးရှင်လုံးဝတ္ထုကို ဖတ်ပြနေတဲ့ နာမည်ကြီးဆယ်လီများစွာထဲက တစ်ယောက်ဖြစ်ပါတယ်။ ဒန်နီရယ်က “The Boy Who Lived” ခေါင်းစဉ်နဲ့ အခန်း (၁) ကို ဖတ်ပြခဲ့တာဖြစ်ပါတယ်။ ကျန်ရှိနေတဲ့ အခန်း (၁၆) ခန်းကို Wizarding World က ကလော်ဒီယာ ကင်၊အက်ဒီ ရက်မိန်းအပါအဝင် အခြားသရုပ်ဆောင်တွေက ဖတ်ပြမှာဖြစ်ပါတယ်။

မှော်လောကအပြင်ဘက်က ဒေးဗစ် ဘက်ခ်ဟမ် နဲ့ ဒါကိုတာ ဖန်နင်အပါအဝင် ဆယ်လီတွေကလည်းက ဟယ်ရီပေါ်တာဝတ္ထုကို ဖတ်ပြသွားမှာဖြစ်ပါတယ်။ ဝတ္ထုဖတ်ပြတဲ့ဗီဒီယိုကို Wizarding World Website နဲ့ Spotify တို့မှာ အပတ်တိုင်း ထွက်ရှိမှာဖြစ်ပါတယ်။ ဟယ်ရီပေါ်တာဝတ္ထုကို ဆယ်လီတွေဖတ်ပြတာက ပြီးခဲ့တဲ့လကမှ ထွက်ရှိထားတဲ့ စာရေးဆရာမ ဂျေ ကေ ရိုးလင်းရဲ့ Harry Potter at Home ဆိုတဲ့ အွန်လိုင်းဝက်ဆိုက်ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ COVID-19 ကြောင့် ကျောင်းမတက်ရဘဲ အိမ်မှာနေရတဲ့ ကလေးတွေအတွက် ရည်ရွယ်ပြီးဖန်တီးထားတာဖြစ်ပါတယ်။

ဗီဒီယို

Ref: Daniel Radcliffe and other top stars are reading ‘Harry Potter and the Sorcerer’s Stone’

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top