ပရီးမီးယားလိဂ်ပြန်စရင် အသင်းလိုက်အောင်ပွဲခံတာ၊ တံထွေးထွေးတာ၊ ရေဘူးမျှသောက်တာတွေကို ပိတ်ပင်ဖွယ်ရှိ

7-5-2020-yyl-024.jpg

ပရီးမီးယားလိဂ်ပြိုင်ပွဲ ပြန်စတဲ့အခါ ချမှတ်မယ့် ကျန်းမာရေးစည်းမျဉ်းသစ်တွေအရ ဂိုးသွင်းပြီး အသင်းလိုက်အောင်ပွဲခံတာ၊ တံထွေးထွေးတာ၊ ရေဘူးတွေ မျှသောက်တာ၊ တီရှပ် လဲလှယ်တာတွေကို ပိတ်ပင်သွားမှာပါ။ ပရီးမီးယားလိဂ်ရဲ့ လက်ကျန်ပွဲစဉ် ၉၂ ပွဲကို ပြီးဆုံးအောင် ကစားနိုင်ရေးအတွက် လာမယ့်တနင်္လာနေ့မှာ ပရီးမီးယားလိဂ် အသင်း ၂၀ က မဲခွဲဆုံးဖြတ်ကြမှာဖြစ်ပြီး တစ်နှစ်ကြာ ကျင့်သုံးရဖွယ်ရှိတဲ့ ကျန်းမာရေးနဲ့ သန့်ရှင်းရေးစည်းမျဉ်းတွေကိုလည်း ဆွေးနွေးမှာပါ။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် မတ်လကစပြီး ဆိုင်းငံ့လိုက်တဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ဇွန်လအလယ်မှာ ပြန်လည်စတင်ဖို့ ဆွေးနွေးနေကြပါတယ်။ ပရီးမီးယားလိဂ်ပြိုင်ပွဲ မစခင် ၃၊ ၄ ပတ်အလိုမှာ ကစားသမားတွေ လိုက်နာရမယ့် လေ့ကျင့်ရေးကွင်းစည်းမျဉ်းတွေကို ချမှတ်မှာပါ။ လေ့ကျင့်ရေးကွင်းမှာရော၊ ပွဲကစားချိန်မှာပါ ကစားသမားတွေအနေနဲ့ တံထွေးထွေးခွင့် ပိတ်ပင်ခံရဖွယ်ရှိပါတယ်။ ကွင်းထဲမှာ တံထွေးထွေးသူတွေကို ဒိုင်တွေက အရေးယူနိုင်ဖွယ်ရှိပါတယ်။ ဂိုးသွင်းပြီးချိန်မှာ အသင်းလိုက် အောင်ပွဲခံတာ၊ ပွဲအပြီးမှာ ဂျာစီလဲလှယ်တာတွေကို ပိတ်ပင်ဖို့ ရှိသလို ပွဲမတိုင်ခင် လက်ဆွဲနှုတ်ဆက်တာ၊ ပွေ့ဖက်တာမျိုးလည်း ပိတ်ပင်ဖွယ်ရှိနေပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top