လာရောက်စားသောက်သူတွေကို ရောဂါမကူးစက်စေဖို့ ပြင်ဆင်မှုတွေပြုလုပ်နေတဲ့ အီတလီက စားသောက်ဆိုင်တွေ

7-5-2020-yyl-015.jpg

အီတလီနိုင်ငံမှာ COVID-19 ကြောင့် နေ့တိုင်း သေဆုံးသူစာရင်းက လျော့နည်းသွားပြီးတဲ့နောက်မှာ Lockdown ချထားတာတွေကိုလည်း ဖြည်းဖြည်းချင်း ပြေလျော့နေပါတယ်။ မတ်လ ၁၀ ရက်နေ့တုန်းကတော့ အီတလီအစိုးရက ပြည်သူတွေအပြင်ထွက်တာကို ကာကွယ်ဖို့အတွက် lockdown ကိုတင်းတင်းကျပ်ကျပ်ချမှတ်ထားခဲ့ပါတယ်။ အခုတော့ ကိုရိုနာဗိုင်းရပ်စ်ကို လုံးဝကြီး ထိန်းချုပ်မနိုင်သေးပေမဲ့ တင်းတင်းကျပ်ကျပ် lockdown ချထားတာကို နည်းနည်းလျော့ချပေးနေပါပြီ။

အီတလီအစိုးရက တားမြစ်ပိတ်ဆို့တဲ့လုပ်ဆောင်ချက်တွေကို ဖြည်းဖြည်းချင်း လျော့ချလိုက်တဲ့အတွက် တနင်္လာနေ့မှာ အီတလီနိုင်ငံက လူသန်းပေါင်းများစွာကို အလုပ်ခွင်က ပြန်သွားစေခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါက မပြီးသေးပေမဲ့ စီးပွားရေးလုပ်ငန်းတော်တော်များများက ပြန်ဖွင့်ဖို့ ပြင်ဆင်နေကြပါတယ်။ ပြန်ဖွင့်တော့မယ့် စီးပွားရေးလုပ်ငန်းတွေအတွက် ဝန်ထမ်းနဲ့ဈေးဝယ်သူတွေရဲ့လုံခြုံရေးကလည်း အဓိကဖြစ်တဲ့အတွက် ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကနေ ကင်းဝေးဖို့ ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာကို စဉ်းစားနေကြရပါတယ်။

အီတလီနိုင်ငံရဲ့စားသောက်ဆိုင်တွေက ဆိုင်တွေပြန်မဖွင့်ခင်မှာ လာရောက်စားသောက်သူတွေ အန္တရာယ်ကင်းဖို့ နည်းတစ်နည်းလုပ်ဆောင်နေကြပါတယ်။ အဲဒါကတော့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်နိုင်ခြေကနေ လာရောက်စားသောက်သူတွေကို ကာကွယ်ပေးဖို့အတွက် စားပွဲတွေကြားမှာ 3D printer တွေအသုံးပြုထုတ်လုပ်ထားတဲ့ plexiglass အကာကွယ်တွေကို တပ်ဆင်နေပါတယ်။ ရောမနဲ့ မီလန်မြို့တွေက စားသောက်ဆိုင်နဲ့ ကဖေးဆိုင်တွေက ဗိုင်းရပ်စ်ကူးမှာဆိုးတဲ့သူတွေကို လာရောက်စားသောက်ဖို့အတွက် ဒီနည်းနဲ့ ကြိုတင်ကာကွယ်မှုတွေပြုလုပ်ပြီး ဆွဲဆောင်နေတာဖြစ်ပါတယ်။

စီးပွားရေးလုပ်ငန်းတွေက ဖောက်သည်နဲ့ ဝန်ဆောင်မှုပေးတဲ့ သူတွေကြားမှာလည်း plexiglass အကာအကွယ်ကို အသုံးပြုနေကြပါတယ်။ အီတလီနိုင်ငံတစ်ခုတည်းတင် ဒီနည်းကို အသုံးပြုကြတာတော့မဟုတ်ပါဘူး။ အခြားနေရာတွေမှာလည်း plexiglass အကာအကွယ်ကို အသုံးပြုနေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး တချို့လူတွေကတော့ စားသောက်ဆိုင်က “ချက်ပြုတ်တဲ့စားဖိုမှူးတွေကိုရော၊ သူတို့ကို မီတာခြားပြီးချက်ပြုတ်ခိုင်းရဲ့လား။ ဖောက်သည်တွေကိုပဲ ဂရုစိုက်တာလား။ ဖောက်သည်တွေကို ဂရုစိုက်တာကောင်းပါတယ်။ ဒါပေမဲ့ ဝန်ထမ်းတွေအတွက်လည်း စဉ်းစားပေးသင့်တယ်။ စားပွဲထိုးတွေကရော အချင်းချင်း (၃) မီတာ ခြားရလား”၊ “ပိတ်ထားတာကောင်းတယ်ဆိုရင် စားသောက်ဆိုင်တွေကို ပိတ်ထားသင့်တယ်။ အရာအားလုံးပြီးသွားတဲ့အထိ စောင့်ဖို့ လူတွေပြောသင့်တယ်”လို့ သုံးသပ်ချက်တွေ ပေးနေကြပါတယ်။

Ref: Italy Gives A Glimpse Of What Life May Look Like When Restaurants Are Allowed To Re-Open

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top