အင်စတာဂရမ် Follower အများဆုံးအမေရိကန်အမျိုးသားဖြစ်လာခဲ့တဲ့ ဒွိန်းဂျွန်ဆင်

9-10-2020-yyl-020.jpg

The Rock လို့ လူသိများကြတဲ့ မင်းသားကြီး ဒွိန်းဂျွန်ဆင်ဟာ အောင်မြင်မှုတွေ တစ်ခုပြီးတစ်ခုဆွတ်ခူးနေတော့တာပါပဲ။ သြဂုတ်လတုန်းကလည်း Forbes မဂ္ဂဇင်းက ထုတ်ပြန်တဲ့ ကမ္ဘာ့ဝင်ငွေအများဆုံးမင်းသားစာရင်းမှာ ထိပ်ဆုံးက ရပ်တည်ခဲ့တဲ့အပြင် အခုတစ်ခါမှာလည်း အင်စတာဂရမ် Follower အများဆုံးအမေရိကန်အမျိုးသားဖြစ်လာခဲ့ပြန်ပါပြီ။ ဒွိန်းဂျွန်ဆင်က အင်စတာဂရမ်မှာ Follower သန်း ၂၀၀ ရှိသွားခဲ့လို့ အခုလိုအောင်မြင်မှုရရှိခဲ့တာပါ။

“Jumanji” စတား ဒွိန်းဂျွန်ဆင်က ဝတ်စုံသေချာဝတ်ပြီး ဂုဏ်ပြုစကားဆိုနေတဲ့ ဗီဒီယိုကို အင်စတာဂရမ်မှာ တင်ပြီး သူ့ရဲ့အောင်မြင်မှုကို ဆင်နွှဲခဲ့ပါတယ်။ ဒွိန်းက ပရိသတ်တွေကို အမှန်တရား အမြဲတမ်းပြောဖို့၊ အမှန်တရားပြောတဲ့အခါ ဂုဏ်သိက္ခာ၊ လေးစားမှု၊ သနားကြင်နာမှုတွေနဲ့ အကောင်းဆုံးပြောဖို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။ သူ့ကို အမှန်တရားပြောနိုင်ဖို့ နေရာတစ်နေရာစာပေးခဲ့တဲ့အတွက် သူ့ပရိသတ်တွေကိုလည်း ကျေးဇူးတင်ခဲ့ပါတယ်။ “ကျွန်တော် ဂုဏ်သိက္ခာ၊ လေးစားမှု၊ အကြင်နာတရား၊ ကျေးဇူးတရားတွေနဲ့ အမှန်တရားကို ပြောဖို့ အမြဲတမ်းအကောင်းဆုံးဖြစ်အောင် လုပ်သွားမှာပါ။ ဒါက ကျွန်တော် လေ့လာသိရှိခဲ့ရတဲ့ သင်ခန်းစာပါပဲ”လို့ ဒွိန်းဂျွန်ဆင်က ပြောပါတယ်။

ဒီမှတ်တိုင်ထိ ရောက်ခဲ့တဲ့အတွက် ဂုဏ်ယူကြောင်းပြောရင်းနဲ့ သူ့သမီးတွေဖြစ်တဲ့ ဆီမွန်၊ ဂျက်စမင်၊ တီရာနာတို့အတွက် အဖေဖြစ်ရတာကလည်း သူ့အတွက် အရေးကြီးဆုံးပါပဲလို့လည်း ပြောခဲ့ပါတယ်။ ဒွိန်းက ကမ္ဘာပေါ်မှာ အင်စတာဂရမ်follower အများဆုံးအမျိုးသားမဟုတ်ပေမဲ့ အင်စတာဂရမ်Follower အများဆုံးအမေရိကန်အမျိုးသားတော့ဖြစ်ခဲ့ပါတယ်။

ကမ္ဘာတစ်ဝှမ်းမှာ အင်စတာဂရမ်Follower အများဆုံးအမျိုးသားက Follower ၂၃၉ သန်းနဲ့ နာမည်ကျော်ဘောလုံးသမား ခရစ်စတီးယားနို ရော်နယ်လ်ဒိုဖြစ်ပါတယ်။ အင်စတာဂရမ် Follower အများဆုံးအမျိုးသမီးကတော့ follower သန်း ၂၀၃ နဲ့ အဆိုတော် အာရီယာနာ ဂရန်ဒီပါ။ သူ့နောက်ကတော့ Follower ၁၉၇ သန်းနဲ့ ကိုင်လီ ဂျန်နာ နဲ့ Follower (၁၉၄) သန်းနဲ့ ဆလီနာ ဂိုမက်ဇ်တို့ဖြစ်ပါတယ်။

Ref: ABCNews “Dwayne Johnson surpasses 200 million Instagram followers, is the most followed American man”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top