ဂီတအလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုတော့မယ့် ဘက်ခမ်းရဲ့သား ခရုဇ် ဘက်ခမ်း

24-2-2022-yyl12.jpg

ဘောလုံးအကျော်အမော် ဒေးဗစ် ဘက်ခမ်း နဲ့ ဖက်ရှင်ဒီဇိုင်နာ ဗစ်တိုးရီးယားတို့ရဲ့ သားအငယ်ဆုံး ခရုဇ်ဘက်ခမ်းက ဂီတအလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုတော့မှာဖြစ်ပါတယ်။ အသက် ၁၇ နှစ်အရွယ် ခရုဇ်ဟာ ၂၀၁၆ ခုနှစ်ကလည်း “If Every Day Was Christmas” ဆိုတဲ့ တစ်ကိုယ်တော်သီချင်း ထွက်ရှိခဲ့ဖူးပါတယ်။ အခုဆို သူ့ရဲ့အဆိုတော်ဖြစ်ချင်တဲ့ ရည်မှန်းချက်က ပိုပြင်းထန်လာခဲ့ပြီး အရင်က ဂျက်စတင်ဘီဘာအတွက် သီချင်းတွေ ဆက်တိုက်ရေးပေးခဲ့တဲ့ ပူး ဘဲယာ (Poo Bear) နဲ့ လက်တွဲလုပ်ကိုင်နေပါတယ်။ “ကျွန်တော်တို့ စတူဒီယို ခဏခဏသွားပြီး သီချင်းတချို့ အတူတူဖန်တီးခဲ့ကြတယ်” လို့ ခရုဇ်က ပြောပါတယ်။

ခရုဇ်က ကိုယ်တွေ့အတွေ့အကြုံတွေ၊ တကယ့်အတွေ့အကြုံတွေအကြောင်း သီချင်းရေးသားနေခဲ့တာပါ။ သူကိုယ်တိုင်ကလည်း ဂစ်တာ၊ စန္ဒယားနဲ့ ဒရမ်တီးတာတွေကို သင်ယူထားခဲ့ပြီး သူ့ရဲ့ရည်မှန်းချက်ကို ခိုင်မာစေဖို့ ပိုမိုသင်ယူမှုတွေကိုလည်း လမ်းဖွင့်ထားပါတယ်။ သူရေးတဲ့သီချင်းအတွက် မယ်ဒလင်တီးနည်းကိုတောင် သင်ယူခဲ့ရတယ်လို့ i-D မဂ္ဂဇင်းကို ပြောပြခဲ့ပါတယ်။ သင်ယူမှုကို ဘယ်တော့မှ ရပ်တန့်မယ်မထင်ပါဘူး၊ ဒါပေမယ့် ဘာတွေဖြစ်လာမလဲဆိုတာကို အချိန်ပေးပြီး ကြည့်နေပါတယ်။

“ကျွန်တော် ရေးခဲ့တဲ့ သီချင်းတစ်ပုဒ်အတွက် မယ်ဒလင် ဘယ်လိုတီးရလဲဆိုတာတောင် သင်ယူခဲ့တယ်။ သင်ယူမှုကို ဘယ်တော့မှ ရပ်တန့်မယ်မထင်ပါဘူး။ ဒါပေမဲ့ ဘာတွေဖြစ်လာမလဲဆိုတာကို မြင်ရဖို့ အချိန်ပေးနေပါတယ်” လို့ ခရုဇ်က i-D မဂ္ဂဇင်းကို ပြောခဲ့ပါတယ်။ ခရုဇ်ဟာ အသက် ၃ နှစ်အရွယ်မှာ ကျော်ကြားမှုနဲ့ ထိတွေ့မိခဲ့ဖူးပါတယ်။ နယူးယောက်မြို့ရဲ့ Madison Square Garden မှာ သူ့မိခင် ပါဝင်တဲ့ the Spice Girls အဖွဲ့နဲ့ စင်ပေါ်တက်ခဲ့ပါတယ်။ သူ့ရဲ့မိသားစုက အဆိုတော် ဘီယွန်ဆေးရဲ့ ‘Love On Top’ သီချင်းကို သူဆိုတာကြားပြီး သူ့ရဲ့အရည်အချင်းအစစ်မှန်ကို နှစ်တော်တော်ကြာမှ သိနားလည်ခဲ့ရပါတယ်။

“ကျွန်တော် အရမ်းငယ်သေးတော့ ကျွန်​​တော့်အသံက မတိုးတက်ခဲ့ဘူး။ ဒါကြောင့် ဒီလောက်အမြင့်သံကိုသာ သီဆိုနိုင်တယ်” ခရုဇ်က ဆိုပါတယ်။ ခရုဇ်က သူ့အဖေရဲ့ ခြေရာနင်းပြီး ဘောလုံးသမားဖြစ်မယ်လို့ ထင်ခဲ့တာပါ။ “ကျွန်တော် ဘောလုံးကန်ချင်လိမ့်မယ်လို့ ထင်ခဲ့တယ်။ အဲဒါကို ခဏလောက်လုပ်ခဲ့တယ်။အဲဒီတုန်းကတော့ ဒါက ကျွန်တော်လုပ်ချင်တဲ့အရာလို့ အတိအကျ ဆုံးဖြတ်ခဲ့တာ” လို့ ခရုဇ်က ပြောပါတယ်။

မကြာသေးခင်က i-D မဂ္ဂဇင်းနဲ့ ဓာတ်ပုံရိုက်ကူးမှုဟာ မဂ္ဂဇင်းမှာ ခရုဇ်ရဲ့ ပထမဆုံးပါဝင်မှုဖြစ်ပါတယ်။ မိသားစု ခရီးစဥ်က မဂ္ဂဇင်းဓာတ်ပုံရိုက်ကူးရေးအတွက် သူ့ကို အထောက်အကူပြုခဲ့တယ်လို့ ခရုဇ်က စနောက်ပြောဆိုခဲ့ပါတယ်။ “အားလပ်ရက်ခရီးသွားတိုင်း ကျွန်တော့်အမေက ဓာတ်ပုံရာချီရိုက်ပေးတယ်။ ဒါက တကယ်ကို စိတ်မသက်မသာဖြစ်ရတယ်။ ဒါပေမဲ့ အခုတော့ ဒါက ကျွန်တော့်ကို အတော်လေး သင်ကြားပေးတယ်လို့ ထင်တယ်”လို့ ခရုဇ်က ဆိုပါတယ်။

Ref: Asiaone “David and Victoria Beckham’s son Cruz launching music career”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top