COVID-19 ကြောင့် အသားရောင်ပြောင်းသွားတဲ့ဆရာဝန် (၂) ဦးထဲက တစ်ဦး သေဆုံး

3-6-2020-yyl-006.jpg

အရင်က ရိုးရာလေးစာဖတ်ပရိသတ်တွေကို ပြောပြခဲ့ဖူးတဲ့ COVID-19 ကူးစက်ခံရပြီးတဲ့နောက် ရုတ်တရက်အသားရောင်ပြောင်းသွားခဲ့တဲ့ တရုတ်ဆရာဝန်နှစ်ယောက်ထဲက တစ်ဦးဟာ ကူးစက်ရောဂါကို (၅) လနီးပါး တွန်းလှန်ပြီးနောက် သေဆုံးသွားခဲ့ပြီလို့ သိရပါတယ်။ ဒေါက်တာ ရီဖန်က ရောဂါကနေ ပြန်လည်ကောင်းမွန်လာပြီး အသားရောင်တောင် တဖြည်းဖြည်းနဂိုအတိုင်းပြန်ဖြစ်လာပေမယ့် ဒေါက်တာ ဟူဝေဖန်ကတော့ ဒီရောဂါကို ဆက်ပြီးမခုခံနိုင်တော့ဘဲ သေဆုံးသွားခဲ့ပါပြီ။ ဒေါက်တာ ဟူဝေဖန် မသေဆုံးခင်က အထူးကြပ်မတ်ကုသခန်းမှာ (၁) ကျော်ကုသမှုခံယူခဲ့ရတာပါ။

ဒေါက်တာဟူဝေဖန်နဲ့ ဒေါက်တာရီဖန်တို့က Wuhan Central Hospital အတွက် အလုပ်လုပ်ပေးနေကြရတာဖြစ်ပြီး ဇန်နဝါရီလလယ်က COVID-19 လူနာတွေကို ကုသပေးနေရင်းနဲ့ ရောဂါကူးစက်ခံခဲ့ရတာဖြစ်ပါတယ်။ ဒေါက်တာဟူဝေဖန်နဲ့ ဒေါက်တာရီဖန်တို့ အသားရောင်ပြောင်းသွားတာကို ဧပြီ ၆ ရက်နေ့က မြင်တွေ့ခဲ့ရပါတယ်။ ဒေါက်တာဟူဒေါက်တာဟူဝေဖန် အသားရောင်ပြောင်းသွားရတာက ကုသမှုခံယူနေစဉ်အတွင်းမှာ ရရှိခဲ့တဲ့ ပဋိဇီဝကြောင့်ဖြစ်ပြီး ပြန်လည်ကောင်းမွန်တဲ့အခါတဖြည်းဖြည်း ဒီအခြေအနေက ပျောက်ကွယ်သွားမှာပါ”လို့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။ အရင်တုန်းကတော့ ဗိုင်းရပ်စ်က အသည်းကို ပျက်စီးစေခဲ့တဲ့အတွက် ဟော်မုန်းမညီမျှမှုကြောင့်ဖြစ်ရတာလို့ ဆရာဝန်တွေက ထင်ခဲ့တာပါ။

ဒေါက်တာရီဖန်နဲ့ဒေါက်တာဟူဝေဖန်တို့က ဇန်နဝါရီ ၁၈ ရက်နေ့မှာ ရောဂါကူးစက်ခံရပြီး ဆေးကုသမှုခံယူခဲ့ကြပေမယ့် ဒေါက်တာဟူရဲ့အခြေအနေက ပိုပြီးဆိုးရွားခဲ့ပါတယ်။ သူ့ကို ဧပြီလကုန်ထိ (၉၉) ရက်ကြာ အသက်ရှုစက်နဲ့ထားခဲ့ရပြီး သူ့ရဲ့ကျန်းမာရေးက အားနည်းနေပါတယ်။ သူကို ကုသပေးတဲ့ဆရာဝန်ကတော့ ဒေါက်တာဟူရဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို စိုးရိမ်ပူပန်မိတယ်လို့ ပြောပါတယ်။ ဒေါက်တာ ဟူကို ဖေဖော်ဝါရီ ၇ ရက်နေ့ကနေ မတ်လ ၂၂ ရက်နေ့အထိ အသက်ကယ်စက်တပ်ပြီး ကုသမှုခံယူခဲ့ရပြီး ဧပြီလ ၁၁ ရက်နေ့မှာ စကားပြောနိုင်ခဲ့ပါတယ်။ ဧပြီလ ၁၄ ရက်နေ့မှာတော့ ရိုးရိုးအခန်းကို ပြောင်းရွေ့ပေးခဲ့ပေမယ့် ဧပြီလ ၂၂ ရက်နေ့မှာ လေဖြန်းသလိုဖြစ်လာခဲ့ပြီး အဲဒီနောက် ပြင်းထန်တဲ့ ဦးနှောက်သွေးထွက်လွန်ခြင်းကိုခံစားခဲ့ရပါတယ်။ အထူးကြပ်မတ်ခန်းမှာ ကုသမှုခူံခဲ့ပေမယ့်လည်း သေဆုံးသွားခဲ့ပါတယ်။

လူနာဆောင်မှာ ဒေါက်တာရီနဲ့ဒေါက်တာဟူတို့ကို တရုတ်-ဂျပန်ချစ်ကြည်ရေးဆေးရုံရဲ့ဆရာဝန်တစ်ဦးဟာ ဧပြီလ ၆ ရက်နေ့က စကားပြောနေတဲ့ဗီဒီယိုလည်း ထွက်ရှိခဲ့ပါသေးတယ်။ အဲဒီတုန်းက ဒေါက်တာရီက သူ ပြန်လည်ကောင်းမွန်လာနေပြီး ဒဏ်ရာတွေလည်း အနာကျက်နေပါပြီလို့ ပြန် ပြောပါတယ်။ ဒေါက်တာဟူကတော့ ကျန်းမာရေးအားနည်းနေတဲ့အတွက် စကားမပြောနိုင်ခဲ့ပါဘူး။ သူ့ကို ကုသပေးတဲ့ဆရာဝန်ကို ကျေးဇူးတင်ကြောင်းတော့ လက်ဆွဲနှုတ်ဆက်ခဲ့ပါတယ်။ ဒေါက်တာဟူ အလုပ်လုပ်ခဲ့တဲ့ Wuhan Central Hospital က COVID-19 ကြောင့် သေဆုံးခဲ့တဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်း အနည်းဆုံး (၅) ဦးရှိခဲ့ပါပြီ။

Ref: Wuhan doctor, 42, whose skin turned dark due to coronavirus treatment ‘dies after battling the deadly disease for nearly five months’

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top