အမျိုးသမီးတစ်ဦးက မြောင်းပေါက်ထဲ ၃ ရက်ကြာ တွားသွားရင်း စွန့်ပစ်ခံရတဲ့ ခွေးငယ်လေး ၃ ကောင်ကို ရှာဖွေကယ်တင်

2.8.23-yyl-10.jpg

အမျိုးသမီးတစ်ယောက်ဟာ မြောင်းပေါက်ထဲမှာ ၃ ရက်ကြာ တွားသွားရင်း စွန့်ပစ်ခံထားရတဲ့ ခွေးငယ်လေး ၃ ကောင်ကို ရှာဖွေ၊ ကယ်ဆယ်ပေးခဲ့ပါတယ်။ အမေရိကန်နိုင်ငံ ဟူစတန်မြို့၊ စပရင်းဘရန့်ချ်အရပ်မှာရှိတဲ့ အဲဒီမြောင်းပေါက်နေရာဟာ ခွေးတွေကို စွန့်ပစ်လေ့ရှိတဲ့ နေရာတစ်ခုဖြစ်ပြီး ပိုးဟပ်တွေ အလွန်ပေါပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ညက အဲဒီမြောင်းပေါက်ထဲမှာ ခွေး ၃ ကောင် စွန့်ပစ်ခံထားရတဲ့အကြောင်း ဖုန်းဆက် အကြောင်းကြားမှု ရရှိခဲ့ပြီးနောက် ကလီမွန်နဲ့ သူ့ရဲ့ခွေးလေး ဂီဇယ်လီတို့ဟာ လုပ်အားပေးသူတွေနဲ့အတူ မြောင်းပေါက်ထဲ ဝင်သွားခဲ့ကြပြီး သောကြာနေ့ အရောက်မှာတော့ ခွေးလေး ၂ ကောင်ကို ရှာဖွေ တွေ့ရှိခဲ့ပါတယ်။ စနေနေ့ညမှာတော့ ကလီမွန်က မြောင်းပေါက်ထဲ ပြန်ဆင်းသွားခဲ့ပြီး ကျန်ရှိနေတဲ့ ခွေးလေးတစ်ကောင်ကို ရှာဖွေနိုင်ခဲ့တာပါ။

သူဟာ တိရစ္ဆာန်ကယ်ဆယ်ရေး လုပ်လာတဲ့ ၇ နှစ် သက်တမ်းတစ်လျှောက် ပျောက်ဆုံး တိရစ္ဆာန် တစ်ကောင်မကျန် ရှာဖွေပေးနိုင်ခဲ့တယ်လို့ ကလီမွန်က ဆိုပါတယ်။ ” သေရတော့မယ့် ခွေးငယ်လေးတွေ ရှိနေတယ်ဆိုတာ သိသိရက်နဲ့ ကျွန်မ အိပ်စက်လို့ မရနိုင်ပါဘူး”လို့လည်း ကလီမွန်က ပြောပါတယ်။

Ref: Houston Woman Spent Three Days Crawling in Storm Drains Trying to Rescue Puppies

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top