NLD ထောက်ခံသူတွေအနေနဲ့ စည်းမျဥ်းစည်းကမ်းတွေကို လိုက်နာကြဖို့ ဒေါ်အောင်ဆန်းစုကြည်ပြော

15-9-2020-yyl-020.jpg

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)ကို ထောက်ခံတဲ့သူတွေအနေနဲ့ COVID-19 ရောဂါမပြန့်ပွားဖို့ အတွက် ချမှတ်ထားတဲ့ စည်းမျဥ◌်းစည်းကမ်းတွေကို လိုက်နာကြပါလို့ ပါတီရဲ့ ဥက္ကဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် က အသိပေးပြောကြားလိုက်ပါတယ်။

”သတ်မှတ်ထားတဲ့ စည်းမျဥ◌်းစည်းကမ်းဘောင်အတွင်းကနေ ထောက်ခံမှုကိုပြနိုင်ပါတယ်။ လူစုလူဝေးနဲ့ ထောက်ခံကြောင်းကို ဒီအချိန်မှာ မပြပါနဲ့။ NLD အနိုင်ရဖို့အတွက် သွားရောက်မဲပေးဖို့က နံပါတ်(၁)ပါ။ ဒါက အရေးကြီးဆုံးဖြစ်တဲ့အတွက် ဒါကိုဦးတည်ပါ”လို့ ၎င်းက ပြောပါတယ်။

အခုလိုအချိန်မှာ COVID-19 နဲ့ပတ်သက်ပြီးသတ်မှတ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာရန်လိုအပ်ပြီး လူစု လူဝေးမလုပ်ဘဲ ဘယ်လိုနည်းနဲ့ ထောက်ခံကြောင်းကိုပြမလဲဆိုတာကို တီထွင်ဥာဏ်သုံးပြီး စဥ◌်းစားပေးကြပါလို့ လည်း ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံလိုက်ပါတယ်။
”တကယ့်အောင်နိုင်ရေးဆိုတာ နိုင်ငံ့အတွက်အောင်နိုင်ရေးပဲ။ နိုင်ငံ့အတွက်အောင်နိုင်ရေးဆိုတာ ပြည်သူ့ အတွက် အောင်နိုင်ရေးဖြစ်ရမယ်။ ပြည်သူ့အကျိုးနဲ့ဆန့်ကျင်တဲ့အောင်နိုင်ရေးဆိုတာ အောင်နိုင်ရေးအဖြစ်နိုင်ဘူး”လို့ ၎င်းက ပြောပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခွင့်ကာလကို စက်တင်ဘာ ၈ ရက်ကနေ နိုဝင်ဘာ ၆ ရက်အထိ ခွင့်ပြုလိုက်တဲ့နောက်ပိုင်းမှာ NLD ပါတီအပါအဝင် ပါတီအသီးသီး က မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေကို လုပ်ဆောင်နေကြပြီဖြစ်ပါတယ်။

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top