ဒီဘရိုင်းက ကမ္ဘာ့အကောင်းဆုံး ကွင်းလယ် ကစားသမားလို့ ဂွာဒီယိုလာ ချီးကျူး

3-7-2020-yyl-005.jpg

လီဗာပူးကို ၄ ဂိုးပြတ် အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့တဲ့ မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းက ကမ္ဘာ့အကောင်းဆုံးကွင်းလယ်လူဖြစ်တယ်လို့ မန်စီးတီးနည်းပြ ဂွာဒီယိုလာက ချီးကျူးခဲ့ပါတယ်။ ဒီဘရိုင်းဟာ ပင်နယ်တီကတစ်ဆင့် မန်စီးတီးအတွက် အဖွင့်ဂိုးသွင်းပေးခဲ့သလို တတိယဂိုးနဲ့ ချိန်ဘာလိန်ရဲ့ (OG)ဂိုးတွေဟာလည်း သူ့ရဲ့တိကျတဲ့ပေးပို့မှုတွေကြောင့် ဂိုးရခဲ့တာပါ။

” ဒီဘရိုင်းက တကယ်ကောင်းတဲ့ ကစားသမားပါ။ အရမ်းအရမ်းကို ကောင်းပါတယ်။ သူ့မှာ ထူးခြားတဲ့စွမ်းဆောင်ရည်ရှိပါတယ်။ ပြေးပြေးလွှားလွှား ကစားနိုင်တယ်။ ဘောလုံးအမြင်ရှိတယ်။ သူ့ရဲ့လက်ရှိ ကိုယ်ရည်ကိုယ်သွေးကလည်း ကောင်းတယ်၊ ဒီရာသီမှာ ကျွန်တော်တို့အသင်း ပင်နယ်တီတွေကနေ ဂိုးရဖို့ အခက်အခဲရှိနေပေမဲ့ သူကတော့ ပင်နယ်တီ ၄ လုံးဆက်တိုက် ဂိုးသွင်းပေးခဲ့တယ်။ လက်ရှိအချိန်မှာတော့ ဒီဘရိုင်းက အကောင်းဆုံးကွင်းလယ် ကစားသမားပါ”လို့ ဂွာဒီယိုလာက ချီးကျူးခဲ့ပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top