အမျိုးသမီးတစ်ယောက်ကို အဓမ္မကျင့်တယ်လို့ သံသယရှိတဲ့အတွက် ချဲလ်ဆီးကစားသမား ဟက်ဆန်အိုဒိုရီ အဖမ်းခံခဲ့ရ

19-5-2020-yyl-009.jpg

ချဲလ်ဆီးတောင်ပံကစားသမား ဟက်ဆန်အိုဒိုရီဟာ အမျိုးသမီးတစ်ယောက်ကို အဓမ္မကျင့်ခဲ့တယ်လို့ သံသယရှိလို့ ဖမ်းဆီးခံထားရပါတယ်။ မတ်လ ၁၇ ရက် အစောပိုင်းမှာ အမျိုးသမီးတစ်ယောက်က အဓမ္မကျင့်ခံရတယ်လို့ လန်ဒန်မြို့ရဲတပ်ဖွဲ့ရော၊ လန်ဒန်မြို့အရေးပေါ်ဌာနကိုရော ဆက်သွယ်အကြောင်းကြားခဲ့တာပါ။ အဲဒီအမျိုးသမီးကို ဆေးရုံပို့ခဲ့ပြီး အခင်းဖြစ်တဲ့နေရာမှာ တွေ့ရတဲ့ သံသယဖြစ်စရာ အမျိုးသားကို ဖမ်းဆီးခဲ့တယ်လို့ လန်ဒန်မြို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ သူ့ကို အာမခံနဲ့ပြန်လွှတ်ထားပြီး ဇွန်လလယ်မှာ ရုံးချိန်း ပြန်လာရမယ်လို့ ဖော်ပြထားပါတယ်။

ဟက်ဆန်အိုဒိုရီဟာ မတ်လ ၁၂ ရက်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတယ်လို့ စစ်ဆေးတွေ့ရှိခဲ့သူပါ။ သူဟာ ပရီးမီးယားလိဂ် ကစားသမားတွေထဲမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ ပထမဆုံး ကစားသမားဖြစ်ပါတယ်။ ဒါပေမဲ့ ဧပြီလ ၁ ရက်မှာတော့ အပျော့စားရောဂါလက္ခဏာတွေပဲ ကျန်နေပြီး ကျန်းကျန်းမာမာဖြစ်သလို ခံစားရတယ်လို့ ဟက်ဆန်အိုဒိုရီက ပြောပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top