Covid-19 ကူးစက်ခံထားရတဲ့ ဂျိုကိုဗစ်နဲ့ ဇနီးသည်တို့ရဲ့ ဒုတိယ ဆေးစစ်မှုအဖြေ Negative ထွက်

3-7-2020-yyl-006.jpg

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ စစ်ဆေးတွေ့ရှိခဲ့တဲ့ ကမ္ဘာ့အဆင့်(၁) တင်းနစ်သမား ဂျိုကိုဗစ်နဲ့ ဇနီးသည် ဂျီလီနာတို့ဟာ (၉)ရက်ကြာပြီးနောက် ပြန်စစ်ဆေးချိန်မှာ ရောဂါပိုးမရှိ(Negative)လို့ အဖြေထွက်ခဲ့ပါတယ်။ ဂျိုကိုဗစ်ဟာ Adria Tour တင်းနစ်ပြိုင်ပွဲမှာ ပါဝင်ကစားခဲ့ပြီးနောက် တခြားတင်းနစ်သမားတွေဖြစ်တဲ့ ဒီမီထရော့၊ ဘော်နာကိုရစ်၊ ဗစ်တာထရွိုင်ကီတို့နဲ့အတူ ရောဂါပိုး တွေ့ရှိခဲ့တာပါ။

ဂျိုကိုဗစ်နဲ့ ဇနီးသည် ဂျီလီနာတို့ဟာ ရောဂါလက္ခဏာ ခံစားရခြင်းမရှိလို့ ဆရာဝန်တွေနဲ့ တိုင်ပင်ပြီး ရောဂါပိုး ရှိ၊ မရှိ ထပ်မံစမ်းသပ်မှုခံယူခဲ့တာပါ။ Negative အဖြေ ၂ ကြိမ်ဆက်တိုက်ထွက်ပြီး ရောဂါလက္ခဏာတွေ မပြတော့ဘူးဆိုရင်တော့ ရောဂါသက်သာပျောက်ကင်းသူအဖြစ် သတ်မှတ်ကြပါတယ်။ ဂျိုကိုဗစ်ဟာ ဂရင်းဆလင်းဆုဖလား ၁၇ ကြိမ် ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top