နှစ်သစ်ကူးနေ့ အင်အားပြင်းငလျင်ကြောင့် ဂျပန်နိုင်ငံမှာ အနည်းဆုံး လူ ၃၀ သေဆုံး

2.1.24-yyl-5.jpg

နှစ်သစ်ကူးနေ့က လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇.၆ မဂ္ဂနီကျူ့စ် ငလျင်ကြောင့် ဂျပန်နိုင်ငံမှာ အနည်းဆုံး လူ ၃၀ သေဆုံးခဲ့ပြီး အပျက်အစီးတွေကြား ပိတ်မိနေသူတွေကို ကယ်တင်နိုင်ဖို့ အချိန်လု ကြိုးပမ်းနေရပါတယ်။ ငလျင်ဗဟိုချက်ဖြစ်တဲ့ အီရှီကာဝါစီရင်စုမှာ အနည်းဆုံး လူ ၃၀ သေဆုံးခဲ့ပြီး ဆူဇူမြို့မှာ နေအိမ် ၁၀၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ပါတယ်။

အပျက်အစီးတွေကြား ပိတ်မိနေသူတွေကို ကယ်တင်နိုင်ဖို့ ကယ်ဆယ်ရေးသမား ၁၀၀၀ ကျော် စေလွှတ်ထားပေမဲ့ ငလျင်ဒဏ်ကြောင့် လမ်းတွေ ပျက်စီးခဲ့ပြီး ပျက်စီးနေတဲ့ကားတွေ၊ အိမ်တွေကြောင့် လမ်းပန်းဆက်သွယ်ရေး ကြန့်ကြာမှုတွေ ရှိနေပါတယ်။ အီရှီကာဝါစီရင်စု တဝိုက်မှာ ရထားပြေးဆွဲမှု၊ ကူးတို့သင်္ဘောပြေးဆွဲမှုနဲ့ လေကြောင်းခရီးစဉ်တွေကိုလည်း ဆိုင်းငံ့ထားရပါတယ်။

လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုကြောင့် အီရှီကာဝါစီရင်စုမှာရှိတဲ့ မိသားစု ၃၃၀၀၀ ဟာ ရေခဲမှတ်ရှိတဲ့ အအေးဒဏ်ကို ခံစားနေရပါတယ်။ ဒါ့အပြင် အီရှီကာဝါစီရင်စုထဲက မြို့အများအပြားမှာ ရေပေးဝေမှုလည်း ပြတ်တောက်နေပါတယ်။

ငလျင်လှုပ်ခတ်ပြီးနောက် ဂျပန်ပင်လယ်ပြင်တစ်လျှောက် ထုတ်ပြန်ထားတဲ့ ဆူနာမီလှိုင်း သတိပေးချက်အားလုံးကို ဂျပန်နိုင်ငံ မိုးလေဝသအေဂျင်စီက ပြန်လည်ရုပ်သိမ်းခဲ့ပြီး အကြံပြုချက်အဆင့်ကို လျှော့ချ ပြင်ဆင်ထားပါတယ်။

Ref: Death toll in Japan earthquake hits 30 as search for survivors continues

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply