အခမဲ့စီးနင်းလို့ရတဲ့ ဘတ်စ်ကားလက်မှတ်ကို အသုံးပြုပြီး မြို့တွေအနှံ့ အမှိုက်လိုက်ကောက်တဲ့ အငြိမ်းစားကျောင်းဆရာမ

2.1.24-yyl-4.jpg

အငြိမ်းစားကျောင်းဆရာမတစ်ဦးဖြစ်တဲ့ အသက် ၇၉ နှစ်အရွယ် ရုသ် မေဂျာဆိုသူက သူ ရရှိထားတဲ့ အခမဲ့စီးနင်းလို့ရတဲ့ ဘတ်စ်ကားလက်မှတ်ကို အသုံးပြုပြီးတော့ အင်္ဂလန်အနှံ့သွားလာကာ အမှိုက်ကောက်ပေးနေပါတယ်။

Redruthမှာ နေထိုင်တဲ့ ရုသ်ဟာ ပြင်သစ်မှာ နေ့တိုင်း အမှိုက်တစ်စကောက်တဲ့ ကမ်ပိန်းကိုတွေ့ပြီး အခုလို အမှိုက်ကောက်ဖြစ်ခဲ့တာပါ။ သူဟာ အမှိုက် ၁၀၀၀၀၀ လောက် ကောက်ပြီးသွားခဲ့ပါပြီ။ ဇူလိုင်နဲ့ဩဂုတ်လတွေမှာ ရုသ်က သူ့ရဲ့အခမဲ့ဘတ်စ်ကားလက်မှတ်ကို သုံးပြီးတော့ Redruth ကနေ Berwick မြို့အထိ သွားခဲ့ပါတယ်။ အဲ့ဒီအတွက် ဘတ်စ်ကား ၅၉ စီး စီးခဲ့ရပါတယ်။

Weymouth၊ Southampton၊ Derby၊ Sheffield၊ Scarborough နဲ့ Newcastle အပါအဝင် မြို့တော်တော်များများသွားရောက်ပြီး အမှိုက်ကောက်ပြီးနောက် အိမ်ပြန်လာခဲ့ပါတယ်။ သူ့အတွက် ကောင်းတဲ့အချိန်လေးဖြစ်ခဲ့ပြီး အံ့ဩစရာကောင်းတဲ့လူအများကြီးတွေ့ခဲ့ရပြီး တစ်ခါမှမရောက်ဖူးတဲ့နေရာကောင်းတွေကိုလည်း ရောက်ခဲ့တယ်လို့ ရုသ်က ဆိုပါတယ်။

ကျောင်းအပြင်မှာ အမှိုက်ကောက်နေတဲ့ သူ့ကို မြင်တဲ့ တချို့ကျောင်းသားတွေကဆိုရင် သူ့ကို “Rubbish Ruth” လို့ နာမည်ပြောင်ပေးထားကြပါတယ်။ ရုသ်က Social Media လည်းသုံးပြီး အမှိုက်ကောက်တဲ့ခရီးစဉ်အတွေ့အကြုံနဲ့ဓာတ်ပုံတွေကို မျှဝေပေးပါတယ်။ အခုနှစ်မှာလည်း သူ့ရဲ့အခမဲ့ဘတ်စ်ကားလက်မှတ်နဲ့ အမှိုက်သွားကောက်မယ့် နောက်ထပ်မစ်ရှင်တစ်ခုလုပ်ဖို့ စီစဉ်နေပါတယ်။

Ref: Retiree travels on free bus pass to pick litter

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top