မိနစ်ပိုင်းပဲ ခြားပေမဲ့ မွေးနှစ်၊ မွေးလမတူခဲ့တဲ့ အမြွှာညီအစ်ကို ၂ ဦး

3.1.24-yyl-1.jpg

အမြွှာညီအစ်ကို ၂ ဦးဟာ မိနစ်ပိုင်းပဲ ခြားပြီး မွေးဖွားလာပေမဲ့ မွေးနှစ်၊ မွေးလ မတူညီခဲ့ပါဘူး။ အမေရိကန်နိုင်ငံ၊ နယူးဂျာစီပြည်နယ်မှာ နေထိုင်တဲ့ ဟမ်ဖရေးဟာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလကုန်မှာ မီးဖွားလိမ့်မယ်လို့ ဆရာဝန်တွေက သတ်မှတ်ပေးထားတာပါ။ ဒါပေမဲ့ နှစ်သစ်ကူးညမှာ ရေမြွှာပေါက်ပြီး ဗာတူအာဗော်ဟီးဆေးရုံကို တက်ခဲ့ရပါတယ်။

အက်ဇရာလို့ အမည်ရတဲ့ သားအကြီးလေးကို နှစ်သစ်ကူးည ၁၁ နာရီ ၄၈ မိနစ်အချိန်မှာ မွေးဖွားခဲ့ပြီး သားငယ် အက်ဇကီယယ်ကိုတော့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက် နံနက် ၀၀း၂၈ မှာ မွေးဖွားခဲ့တာပါ။ သားအကြီးလေးက ၆ ပေါင်ရှိပြီး သားငယ်ကတော့ ၄ ပေါင်၊ ၁၄ အောင်စ ရှိပါတယ်။

Ref: Twin Babies Born Minutes Apart Not Only Have Different Birthdays, They Have Different Birth Years

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top