နယူးအော်လင်းစ်မြို့က အမျိုးသမီးတစ်ဦးဟာ ပိုက်နဲ့ အအေး၊ ရေတို့ကို သောက်လို့ရဖို့အတွက် သီးသန့်ဒီဇိုင်းထွင်ထားတဲ့ အပေါက်တစ်ပေါက်နဲ့ ပါးစပ်နှာခေါင်းစည်းဖန်တီးလိုက်ပါပြီ။ အဲဒီအမျိုးသမီးက အယ်လန် မာကွန်ဘာဆိုသူ ဒီဇိုင်နာတစ်ယောက်ဖြစ်ပါတယ်။ သူက သေးငယ်တဲ့အပေါက်တစ်ခုပါတဲ့ ထူးခြားဒီဇိုင်းနဲ့ Mask တွေ တော်တော်များများကို ဒီဇိုင်းထွင်ထုတ်လုပ်ခဲ့ပါတယ်။ ဒါမှ ဝတ်ဆင်တဲ့သူတွေက mask ချွတ်စရာမလိုဘဲ ရေနဲ့ အချိုရည်တို့ကို ပိုက်အသုံးပြုပြီး သောက်လို့ရမှာဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါအတွင်း ဖက်ရှင်ဒီဇိုင်းတွေ လုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေလိုပဲ အယ်လန်က တစ်ခုကို ဒေါ်လာ ၃၀ တန်တဲ့ Mask တွေကို ဖန်တီးထုတ်လုပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။
“ကျွန်မတို့အားလုံးက နယူးအော်လင်းစ်မှာပါ။ အခုက နယူးအော်လင်းစ်မှာပါ။ ကျွန်မတို့ သောက်ရတာကြိုက်ပါတယ်။ ကျွန်မတို့တွေ ပါးစပ်နားမှာ ဖွင့်လို့ပိတ်လို့ရမယ့် ဒီဇိုင်းမျိုးကို စဉ်းစားနေခဲ့တာပါ။ ဒါပေမဲ့အဲဒီလိုလုပ်ရင် မျက်နှာကို ထိမိလိမ့်မယ်။ Mask ကို ထိရမယ်ဆိုရင် အလုပ်ဖြစ်မှာမဟုတ်ဘူး။ ဒါကြောင့် ပိုက်ဝင်လို့ရအောင် အပိုအလွှာတစ်ခုကို နည်းနည်းလေး ဖောက်ခဲ့ပါတယ်။ ဒါမှ အပေါက်က လုံးဝမပွင့်သွားမှာပါ” လို့အယ်လန်ကပြောပါတယ်။ အပေါက်ကို တစ်ချိန်လုံး Interior Flapနဲ့ အုပ်ထားတာဖြစ်ပါတယ်။ အပေါက်ထဲကိုပိုက်ထည့်တဲ့အခါ ပွင့်လာပြီး ပိုက်နှုတ်လိုက်ရင်တော့ အပေါက်ပိတ်သွားအောင် လုပ်ထားပါတယ်။ အယ်လန်က သူ ဖန်တီးထားတဲ့ Mask တွေကို ရေနဲ့အချိုရည်သောက်တဲ့အခါ Mask ကို ဖြုတ်ပြီး သောက်စရာမလိုဘဲ အသုံးပြုလို့ရတယ်လို့ ဆိုပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါက သူ့ရဲ့စီးပွားရေးကို ကျပ်တည်းစေခဲ့တဲ့အတွက် သူဒီလိုဖန်တီးပြီး စီးပွားဖြစ်ရောင်းချမှာဖြစ်ပါတယ်။
အယ်လန်က Mask တွေကို ပြုလုပ်ဖို့အတွက် သူနဲ့သူ့လက်ထောက်တို့က အချိန် (၂) နာရီဝန်းကျင်လောက် အချိန်ယူရတယ်လို့ပြောပါတယ်။ သူက Mask ကို အခု (၄၀) သာ လုပ်နိုင်တဲ့အတွက် ဖြစ်နိုင်ရင် များများလုပ်ဖို့ စီစဉ်နေပါတယ်။ Mask တွေကို အွန်လိုင်းကနေ ရောင်းချပြီးနောက် ရောင်းကုန်သွားပါတယ်။ “တောင်းဆိုမှုများတဲ့အတွက် အခုအပတ် ကြိုတင်မှာယူမှုက ရောင်းကုန်ပါပြီ။ အပတ်တိုင်း Mask တွေရရင် ကျွန်မ အကြောင်းကြားပါမယ်။ ကျွန်မ ပိုက်ထည့်လို့ရတဲ့အပေါက်မပါတဲ့ ချည်သားMaskတွေကိုလည်း ချုပ်လုပ်နေပါတယ်။ အရည်အသွေးကောင်းတဲ့ Mask တွေကလည်း လုပ်နေတုန်းပါပဲ။ အခုအချိန်အတွင်းက ခက်ခဲနေတဲ့အတွက် ကျေးဇူးပြုပြီး ကျွန်မတို့ ထုတ်လုပ်နေတာကို စိတ်ရှည်ပေးကြပါ။ ကျေးဇူးတင်ပါတယ်”လို့ အယ်လန်ရောင်းချတဲ့ ဆိုဒ်မှာ ရေးသားထားပါတယ်။
အိမ်လုပ်Mask တွေက ဆေးရုံသုံးMask တွေလည်း ကာကွယ်မှုမပေးနိုင်ပေမဲ့ မျက်နှာကို လက်နဲ့မကိုင်မိအောင်၊ ရောဂါပိုးအလွယ်တကူ မကူးစက်နိုင်အောင် ကိုယ့်ကိုယ်ကိုကာကွယ်ပေးလို့ရပါတယ်။ လက်ရှိအချိန်မှာ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေက ရှေ့တန်းကနေ ဗိုင်းရပ်စ်တွေကို တွန်းလှန်နေတဲ့အတွက် အရည်အသွေးမြင့်တဲ့ Mask တွေကို ပိုပြီးလိုအပ်နေပါတယ်။
Ref: Designer Creates Mask With Hole So You Can Drink Through It
WL (ရိုးရာလေး)