ဂျပန်နိုင်ငံမှာ အင်အားပြင်း တိုင်ဖွန်းမုန်တိုင်းကြောင့် ထိခိုက်ဒဏ်ရာရ သေဆုံးမှုများရှိ

42906046_1389153441216398_4664948766858543104_o.jpg

ဂျပန်နိုင်ငံ အိုဆာကာ (Osaka) မြို့ရဲ့ အနောက်ဘက်ပိုင်းကနေ တစ်နာရီ ၁၃၄ မိုင်နှုန်း အင်အားရှိတဲ့ တိုင်ဖွန်းမုန်တိုင်း ထရာမီဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ (စက်တင်ဘာ ၃၀) က ဒေသစံတော်ချိန် ၂၀:၀၀ နာရီ (ည ၈ နာရီ) နိုင်ငံတကာ စံတော်ချိန် ၁၁:၀၀ နာရီ မှာ တိုက်ခတ်သွားခဲ့ပါတယ်။ (၂၅) နှစ်အတွင်း အားအပြင်းဆုံး မုန်တိုင်းဖြစ်တဲ့ စူပါ တိုင်ဖွန်းမုန်တိုင်း ဂျီဘီ ဂျပန်နိုင်ငံ အနောက်ပိုင်းကို ဝင်ရောက်တိုက်ခတ်ပြီး တစ်လမပြည့်ခင်မှာပဲ တိုင်ဖွန်းမုန်တိုင်း ထရာမီ ထပ်မံတိုက်ခတ်ခဲ့တာ ဖြစ်ပါတယ်။

ဒီတိုင်ဖွန်းမုန်တိုင်း ထရာမီကြောင့် ဂျပန်နိုင်ငံမှာ အပူလှိုင်းဖြတ်တာ၊ ရေကြီးရေလျှံမှုတွေ ကြုံခဲ့ရကာ လေယာဉ်ခရီးစဉ်တွေ၊ ရထားခရီးစဉ်တွေ ရပ်တန့်ဆိုင်းငံ့ထားရပြီး နေအိမ်အလုံးပေါင်း ၇၅၀,၀၀၀ ခန့်လည်း လျပ်စစ်မီး ပြတ်တောက်သွားခဲ့ပါတယ်။

အနည်းဆုံး လူဦးရေ (၁၂၀) လောက်ထိခိုက်ဒဏ်ရာရမှုရှိပြီး (၂) ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ စက်တင်ဘာလ အစောပိုင်းကတိုက်ခတ်ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်း ဂျီဘီ တုန်းကလည်း လူ (၇) ဦး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

Ref: BBC ”Typhoon Trami:Powerful strom hits Japan,killing two”
Zuluu (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top