စပိန်ဘုရင်နဲ့ တွေ့ချိန်မှာ အမေရိကန် မပြန်တော့ဘူးလို့ အရွန်းဖောက်ခဲ့တဲ့ သမ္မတဂျိုးဘိုင်ဒင်

4-7-2022-10.jpg

ပြီးခဲ့တဲ့တစ်ပတ်က စပိန်ခရီးစဉ်အတွင်း စပိန်ဘုရင် ဖီးလစ်(၆)၊ မိဖုရား လက်တီဇီယာတို့နဲ့ တွေ့ဆုံချိန်မှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အမေရိကန်ကို မပြန်တော့ဘူးလို့ အရွန်းဖောက်ခဲ့ပါတယ်။

ပင်ဆယ်ဗေးနီးယားပြည်နယ်မှာ မွေးဖွားခဲ့တဲ့ ဂျိုးဘိုင်ဒင်ဟာ ကလေးဘဝကတည်းက ဒီလာဝဲပြည်နယ်ကို ပြောင်းရွှေ့နေထိုင်ခဲ့သူဖြစ်ပြီး ဒီလာဝဲပြည်နယ်၊ ကလေးမွန့်မြို့ငယ်လေးက ဆိုရိုးစကားတစ်ခုအတိုင်း ပြောခဲ့တာပါ။

” ကျွန်တော်တို့က ဆင်းရဲတဲ့ဆွေမျိုးတွေလိုပဲ။ အဖိတ်ခံရလို့ အိမ်သွားလည်ပြီဟေ့ဆိုရင် တော်တော်နဲ့ ကိုယ့်အိမ်ကိုယ် မပြန်ကြတော့ဘူး။ အဲဒီတော့ သတိထားနော်။ ကျွန်တော်တို့ လူစုလည်း အခု (အမေရိကန်ကို) ပြန်ချင်မှ ပြန်မှာ” လို့ ဂျိုးဘိုင်ဒင်က ဆိုခဲ့တာပါ။

စပိန်နန်းတော်ရဲ့ ဂုဏ်ကျက်သရေက မယုံနိုင်လောက်အောင် ကြီးကျယ်ခမ်းနားလွန်းတယ်လို့လည်း ဂျိုးဘိုင်ဒင်က ချီးကျူးခဲ့ပါတယ်။

Ref: EconomicTimes

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top