နာမည်ကျော် အမှတ်တံဆိပ်များနှင့် ONE Championship စပွန်ဆာစာချုပ် ချုပ်ဆို

14-5-2020-yyl-024.jpg

ကမ္ဘာ့အကြီးဆုံး ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားအဖွဲ့အစည်း ONE Championship ဟာ သက်တမ်း ၉ နှစ်တာအတွင်း စိတ်လှုပ် ရှားစရာပြိုင်ပွဲတွေ စီစဉ်တင်ဆက်ကာ ကမ္ဘာတစ်လွှားက ပရိသတ်သန်းထောင်ပေါင်းများစွာကို ဆွဲဆောင်ထားနိုင်ပါတယ်။ စင်ကာပူအ ခြေစိုက် ONE Championship ဟာ အာရှတိုက်သမိုင်း တစ်လျှောက် အကြီးဆုံးမားဆုံး အားကစား မီဒီယာအဖွဲ့အစည်းလည်းဖြစ်ပြီး ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားပြိုင်ပွဲတွေအပြင် ဂိမ်းဝါသနာရှင်တွေအတွက် Esports ပြိုင်ပွဲတွေကိုလည်း ကျင်းပပေးလျက်ရှိပါ တယ်။ ဒါ့အပြင် The Apprentice: ONE Championship Edition ဆိုတဲ့ Reality Television Series ကိုလည်း မကြာခင် ရိုက်ကူးတင် ဆက်ကာ ရုပ်သံနယ်ပယ်ထဲကိုပါ တိုးချဲ့ဝင်ရောက်ဖို့ ပြင်ဆင်ထားပါတယ်။

ONE Championship ဟာ ကမ္ဘာသိ ထင်ရှားတဲ့ အားကစားအဖွဲ့အစည်းကြီးဖြစ်တာနဲ့အညီ ကမ္ဘာ့အရှေ့ဖျားကနေ အနောက်ဖျားအထိ၊ အာဖရိကတိုက်အပြင် သမုဒ္ဒရာတွေကိုပါကျော်ဖြတ်ကာ ပရိသတ်သန်းထောင်ပေါင်းများစွာကို ပိုင်ဆိုင်ထားပါတယ်။ ဒါကြောင့် အခြား သော ကမ္ဘာကျော်ကုမ္ပဏီကြီးတွေကလည်း ONE Championship နဲ့ ပူးပေါင်းကာ ၎င်းတို့ရဲ့ကုန်ပစ္စည်းအမှတ်တံဆိပ် လူတွေကြားထဲ ပို မိုပျံ့နှံ့လာအောင် အကျိုးတူလက်တွဲလုပ်ဆောင်လာတာတွေ ရှိပါတယ်။ မေလ ၁၁ ရက်ကလည်း ကမ္ဘာကျော်ကုမ္ပဏီကြီးတွေဖြစ်တဲ့ တ ရုတ်မိုဘိုင်းဖုန်းကုမ္ပဏီ Xiaomi၊ အမေရိကန်နည်းပညာကုမ္ပဏီ Intel၊ အမေရိကန် အိုင်တီနှင့် နည်းပညာကုမ္ပဏီ HP၊ ဆွစ်ဇာလန် ကွန် ပျူတာဆော့ဖ်ဝဲကုမ္ပဏီ Logitech တို့က ONE Championship နဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်ဖို့အတွက် စပွန်ဆာစာချုပ် ချုပ်ဆိုခဲ့ပါ တယ်။

ဒါကြောင့် ONE Championship က စီစဉ်တင်ဆက်မယ့် အားကစားပြိုင်ပွဲ၊ Esports ပြိုင်ပွဲနဲ့ The Apprentice: ONE Championship Edition Reality Television Series တွေမှာ အဆိုပါကုမ္ပဏီတွေရဲ့အမှတ်တံဆိပ်တွေကို မြင်တွေ့ခွင့်ရနိုင်တော့မှာပါ။ Xiaomi၊ Intel၊ HP၊ Logitech တို့ဟာာာ ယခင်ကတည်းက ကမ္ဘာကျော်စီးပွားရေးကော်ပိုရေးရှင်းကြီးတွေဖြစ်ပြီး ONE Championship နဲ့ စာချုပ်ချုပ်ဆို လိုက်တာကြောင့် စီးပွားရေးနယ်ပယ်အတွင်း ယခင်ထက် ပိုမိုလူသိများထင်ရှားလာမှာ အမှန်ပါပဲ။

တရုတ်၊ အမေရိကန်၊ ဆွစ်ဇာလန်ကုမ္ပဏီကြီးတွေနဲ့ စာချုပ်ချုပ်ဆိုနိုင်ခြင်းအပေါ် ONE Championship ဥက္ကဋ္ဌ Chatri Sityodtong က “ဒီသဘောတူညီချက်က ကျွန်တော်တို့အဖွဲ့အစည်းနဲ့ ကမ္ဘာကျော်ကုမ္ပဏီကြီးတွေအကြား အကောင်းဆုံးလုပ်ဆောင်နိုင်ခြင်းရဲ့သက်သေ ပဲဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း ဒီကုမ္ပဏီတွေရဲ့အရောင်းမြှင့်တင်ရေးပိုင်းဆိုင်ရာ၊ စီးပွားရေးပိုင်းဆိုင်ရာ လုပ်ငန်းလိုအပ်ချက် တွေကို ပူးပေါင်းဖြေရှင်းပေးသွားမှာပါ။ ကျွန်တော်တို့ပရိသတ်တွေက တစ်ကမ္ဘာလုံးမှာ သန်းပေါင်းများစွာရှိတာကြောင့် ဒီအမှတ်တံဆိပ် တွေကို ပရိသတ်တွေက ပိုမိုသိရှိလာနိုင်တော့မှာပဲဖြစ်ပါတယ်။ နှစ်ဦးနှစ်ဖက်စလုံးအတွက် အကျိုးရှိတဲ့ ပူးပေါင်းဆောင်ရွက်မှုလို့ ဆိုချင် ပါတယ်” လို့ ပြောပါတယ်။

Xiaomi ရဲ့အပြည်ပြည်ဆိုင်ရာဥက္ကဋ္ဌ Shou Zi Chew ကလည်း “ လက်ရှိအချိန်မှာ Xiaomi က တစ်ကမ္ဘာလုံးမှာ ဖွံ့ဖြိုးတိုးတက်မှုတွေရ ရှိနေပေမယ့်လည်း ကမ္ဘာ့ထိပ်တန်း အားကစားအဖွဲ့အစည်းကြီးတစ်ခုဖြစ်တဲ့ ONE Championship နဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်ခွင့် ရတဲ့အပေါ် ရင်ခုန်စိတ်လှုပ်ရှားမိပါတယ်။ တစ်ကမ္ဘာလုံးအတိုင်းအတာအရ Mi ပရိသတ်တွေများစွာရှိသလို ONE Championship မှာ လည်း ပရိသတ်အများကြီးရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ကုမ္ပဏီကြီးနှစ်ခု ပူးပေါင်းဆောင်ရွက်မှုက ပရိသတ်အချင်းချင်း ဝတ်မှုန်ကူး သလို တန်ဖိုးရှိတဲ့ပူးပေါင်းမှုပဲဖြစ်ပါတယ်။ Xiaomi ရဲ့အံ့အားသင့်စရာထုတ်ကုန်တွေနဲ့ အားကစားရဲ့ထက်သန်ပြင်းပြမှုတွေကို အတူ လက်တွဲလုပ်ကိုင်ပြီး ဒီထက်မက ကြီးပွားတိုးတက်လာအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့အမြင်တွေကို မျှဝေနိုင်မှာဖြစ်ပါတယ်။ အနာဂတ် မှာ အိပ်မက်တွေ အမှန်တကယ်ဖြစ်ပေါ်လာအောင် လုပ်ဆောင်ကြမယ်။ စိတ်ကူးဉာဏ်ကွန့်မြူးတဲ့ နိုင်ငံတွေဖြစ်လာအောင်လုပ်ပြီး လက် တွေ့ဘဝထဲက စူပါဟီးရိုးဇာတ်ကောင်တွေလို ကမ္ဘာကြီးကို ပြောင်းလဲကြမယ်” လို့ ဆိုပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top