ထွက်ရှိပြီး ၅ ရက်အတွင်း Signups လုပ်တဲ့သူ သန်း၁၀၀ ရှိသွားပြီဖြစ်တဲ့ ဇူကာဘတ်ရဲ့ Threads အက်ပ်

11.7.23-yyl-1.jpg

မက်ခ် ဇူကာဘတ်ရဲ့ Meta ကနေ ဖြန့်ချိလိုက်တဲ့ အက်ပ်အသစ် Threads က ၅ ရက်အတွင်း Signups လုပ်သူ သန်း ၁၀၀ ကျော်ရောက်ရှိနေပါပြီ။ ဒါကြောင့် Threads က အခုဆို ChatGPT နဲ့ TikTok နှစ်ခုစလုံးကို ကျော်ဖြတ်ပြီး သမိုင်းတစ်လျှောက် အလျင်မြန်ဆုံးကြီးထွားလာနေတဲ့ အက်ပ်ဖြစ်ပါတယ်။ သန်း ၁၀၀ ရှိပြီဆိုတာကို မက်ခ် ဇူကာဘတ်ကိုယ်တိုင်က ကြေညာခဲ့တာပါ။

အရင်ကတော့ ChatGPT အက်ပ်က ၂ လအတွင်း လစဉ်အသုံးပြုသူ သန်း၁၀၀ ရှိခဲ့တဲ့အတွက် သမိုင်းတစ်လျှောက် အလျင်မြန်ဆုံးကြီးထွားလာနေတဲ့အက်ပ်အဖြစ် သရဖူဆောင်းခဲ့တာပါ။ TikTok က အသုံးပြုသူများလာဖို့ ၉ လအချိန်ယူခဲ့ရပြီး အင်စတာဂရမ်က အသုံးပြုသူ သန်း ၁၀၀ အထိရောက်ဖို့ ၂ နှစ်အချိန်ယူခဲ့ရတာပါ။

လူတော်တော်များများက တွစ်တာကနေပြောင်းပြီး ဒီအက်ပ်ကို အသုံးပြုလာမယ်လို့ မျှော်လင့်ထားတာကြောင့် Threads ကို “Twitter Killer” လို့ ခေါ်ဆိုထားပါတယ်။ ဒါပေမဲ့ Threads က အခြားသုံးပြုသူတွေဆီ တိုက်ရိုက်မက်ဆေ့ချ်ပေးပို့နိုင်တာ (သို့) hashtags အသုံးပြုနိုင်တာလို တွစ်တာမှာ ရနိုင်တဲ့ အခြားအသုံးပြဝန်ဆောင်မှုတော်တော်များများမရှိသေးပါဘူး။

Meta က Threads ကို အသုံးပြုသူ ၂ ဘီလျံရှိတဲ့ အင်စတာဂရမ်နဲ့ ပေါင်းစည်းခြင်းဖြင့် ကြီးမားတဲ့ အရှိန်အဟုန်နဲ့ စတင်စေခဲ့ပါတယ်။ တွစ်တာကို ကမ္ဘာ့တစ်ဝှမ်း အသုံးပြုသူ သန်း ၅၀၀ လောက် နည်းပါးသွားစေခဲ့ပါတယ်။ Threads က အင်စတာဂရမ်အသုံးပြုသူတွေကို ဝန်ဆောင်မှုအသစ်မှာ သူတို့ရဲ့အသုံးပြုသူတွေကို အလိုအလျောက် Follow လုပ်ခွင့်ပေးနေပါတယ်။

Ref: Meta’s Mark Zuckerberg says Threads has passed 100 million signups in 5 days

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top