ချီကာဂိုမြို့မှာ ဖွင့်လှစ်တော့မယ့် ကမ္ဘာ့အကြီးဆုံး Starbucks ကော်ဖီဆိုင်

yyl11919044.jpg

Starbucks လို့ ပြောလိုက်တာနဲ့ နာမည်ကြီးကော်ဖီတံဆိပ်တွေထဲကတစ်ခုဆိုတာ လူတိုင်းသိကြပါတယ်။ Starbucks ကော်ဖီကို နိုင်ငံတော်တော်များများမှာတွေ့ရမှာပါ။ အခုလည်း ကမ္ဘာအကြီးဆုံးကော်ဖီဆိုင်ကြီးလို့ပြောလို့ရတဲ့ Starbucks ကို ချီကာဂိုမြို့မှာ ဖွင့်လှစ်တော့မယ်လို့ သိရပါတယ်။

ပထမဆုံး Starbucks Reserve Roastery ဆိုင်ကို ဆီအက်တယ် (Seattle) မြို့မှာ ၂၀၁၄ခုနှစ်က ဖွင့်ခဲ့ပါတယ်။ Starbucks က ဆိုင်ခွဲတွေများလာလေလေ လူကြိုက်များတဲ့ ကော်ဖီတံဆိပ်ဖြစ်လာလေလေပါပဲ။ အခုဆိုရင် Starbuck Reserve Roastery (ကော်ဖီစေ့နဲ့ကော်ဖီဆက်စပ်ပစ္စည်းအရောင်းဆိုင်) တွေကို ဆီအက်တယ်၊ နယူးယောက်၊ ရှန်ဟိုင်း၊ တိုကျို၊ မီလန်အစရှိတဲ့မြို့တွေမှာ ဖွင့်လှစ်ထားပြီပါပြီ။

စတုရန်းပေ (၄၃၀၀၀) ရှိတဲ့လေးထပ်အဆောက်ဦးနဲ့ Starbucks ဆိုင်သစ်ကို နိုဝင်ဘာ (၁၅) ရက်နေ့မှာ ချီကာဂိုမြို့မှာ ဖွင့်လှစ်ဖို့စီစဉ်ထားပါတယ်။ ဖွင့်လှစ်ထားတဲ့နေရာတွေမတူတာနဲ့ Starbucks ကော်ဖီကလည်း အရွယ်အစားကြီးလာတဲ့ပုံပါပဲ။ အခုချီကာဂိုမှာ ဖွင့်လှစ်မယ့်ဆိုင်အသစ်က Starbucks ချစ်သူတွေကို အဆောက်အဦးပုံစံနဲ့ ဆွဲဆောင်ထားတဲ့အပြင် ဘယ်လိုတွေ ထူးခြားဆန်းသစ်ထားမလဲလို့လည်း စိတ်ဝင်တစားဖြစ်စေပါတယ်။

Ref: Boredpanda “The World’s Largest 43,000 Square-Feet Starbucks Is Opening In Chicago This Fall”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top