Ironman အားကစားပြိုင်ပွဲမှာ ပြီးမြောက်အောင်မြင်ခဲ့တဲ့ ဒေါင်းဆင်ဒရုန်းရောဂါနဲ့ပထမဆုံးအမျိုးသား

10-11-2020-yyl-014.jpg

အမေရိကန်နိုင်ငံက အားကစားသမားတစ်ဦးဟာ သံမဏိလူသား (Ironman) အားကစားပြိုင်ပွဲကို ပြီးမြောက်အောင် ယှဉ်ပြိုင်နိုင်ခဲ့တဲ့ ဒေါင်းဆင်ဒရုန်းရောဂါနဲ့ ပထမဆုံးပုဂ္ဂိုလ်ဖြစ်လာခဲ့ပါတယ်။ အဲဒီအားကစားသမားဟာ ဖလော်ရီဒါနိုင်ငံက အသက် ၂၁ နှစ်အရွယ် ခရစ် နီကစ် (Chris Nikic) ဆိုသူဖြစ်ပြီး ၁၆ နာရီ ၄၆ မိနစ်နဲ့ လိုင်းကို ဖြတ်ကျော်ခဲ့တာပါ။ သံမဏိအားကစားသမားတစ်ဦးအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မယ်ဆိုရင် ၃.၈ ကီလိုမီတာ ရေကူးတာ၊ ၁၈၀ ကီလိုမီတာ စက်ဘီးစီးတာတွေအပြင် ၄၂.၁ ကီလိုမီတာ မာရသွန်ပြေးရတာတွေ ပါဝင်ပါတယ်။

အဲဒီလိုအားကစား (၃) ခုကို ပြီးမြောက်အောင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ခဲ့တာကြောင့် သူ့ရဲ့ကြိုးစားအားထုတ်မှုအတွက် ခရစ် နစ်ကစ်ကို ချီးကျူးနေကြပါတယ်။ အဲဒီပြိုင်ပွဲကလည်း “သံမဏိလူသားအားကစားကို ပြီးမြောက်အောင်လုပ်နိုင်ခဲ့တဲ့ ဒေါင်းဆင်ဒရုန်းရောဂါနဲ့ ပထမဆုံးပုဂ္ဂိုလ်ဖြစ်လာတဲ့အတွက် ခရစ်ကို ဂုဏ်ပြုပါတယ်။ ဘယ်အရာမဆိုဖြစ်နိုင်တယ်ဆိုတာကို သက်သေပြရင်းနဲ့ အတားအဆီးတွေကို မင်းက ဖြတ်ကျော်ပစ်ခဲ့တယ်။

ငါတို့ကို Inspire ဖြစ်စေပြီး မင်းရဲ့ပြီးမြောက်မှုက သံမဏိလူသားသမိုင်းမှာအဓိပ္ပာယ်ရှိတဲ့အခိုက်အတန့်ပါပဲ။ အခုဆိုရင် မင်းဘဝ တစ်လျှောက်မှာ ဝင့်ကြွားလို့ရပြီ။ ကမ္ဘာတစ်ဝှမ်းက အခြားသူတွေအတွက် မင်းဖန်တီးလိုက်တဲ့အခွင့်အရေးဟာ ကြီးမားလှပါတယ်။ မင်းရဲ့အသိအမှတ်ပြုလောက်စရာဘဝဇာတ်ကြောင်းမှာ ငါတို့ကို တစ်စိတ်တစ်ပိုင်းအနေနဲ့ ပါဝင်ခွင့်ပြုလို့ ကျေးဇူးတင်ပါတယ်။ နောက်ထပ် မင်းရဲ့အောင်မြင်မှုတွေကို မြင်ချင်ပါသေးတယ်”လို့ ရေးသားထားပါတယ်။

ခရစ် နစ်ကစ်က သူ ဒီပြိုင်ပွဲကို ပြီးမြောက်နိုင်ပါ့မလားလို့ စိုးရိမ်ခဲ့ရတယ်လို့ ဆိုပါတယ်။ “ကျွန်တော် ဘာမှမလုပ်နိုင်လောက်ဘူးလို့ ဆရာဝန်တွေနဲ့ ကျွမ်းကျင်ပညာရှင်တွေက ပြောပါတယ်။ ဒါကြောင့် သူတို့ကို ကျွန်တော်ပြောလိုက်တယ်။ ကျွန်တော့်ကို ဒီလိုပြောနေတာရပ်ဖို့လိုပြီး မင်းတို့မှားတယ်” လို့ ခရစ်က ပြောပါတယ်။ ခရစ်က အင်စတာဂရမ်မှာလည်း “ရည်မှန်းချက်ပန်းတိုင်ရောက်ခဲ့ပြီ။ ၂၀၂၁ခုနှစ်အတွက် ရည်မှန်းချက်ကြီးကြီးထားဖို့ အချိန်ရောက်ပြီ။ ဘယ်လိုပဲဖြစ်ဖြစ် နည်းဗျူဟာက အတူတူပါပဲ။ နေ့တိုင်း ၁ ရာခိုင်နှုန်းလောက် ပိုကောင်းတယ်” လို့ဆိုထားပါတယ်။

ခရစ်က အခုလိုလုပ်နိုင်အောင် အိန်ဂျယ်လ်တွေက ကူညီပေးနေပြီး အိန်ဂျယ်လ်တွေနဲ့အတူ ဘုရားသခင်က စောင့်ရှောက်ပေးနေတယ်လို့ ဆိုပါတယ်။ သူ့လိုမျိုးအခြားသူတွေကိုလည်း ကူညီပေးချင်ပါတယ်တဲ့။

Ref: Ladbible “Man Becomes First Person With Down Syndrome To Complete Ironman”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top