အားလုံးနေထိုင်ရာ ကမ္ဘာကြီးမှာ နေ့စဥ်နဲ့အမျှ တားဆီမရနိုင်တဲ့ သဘာ၀ဘေး အန္တရာယ်များ နဲ့ အခြားသော မမျှော်လင့်ထားတဲ့ ကပ်ဘေးဆိုးများ ကြုံဆုံနေကြရသည်။ အထူးသဖြင့် လူတို့လုပ်ဆောင်ချက်ကြောင့် ဖြစ်ပေါ်လာတဲ့ ကပ်ဘေးများ(သို့) သဘာ၀အတိုင်း အလိုအလျှောက် ဖြစ်ပေါ်လာတဲ့ ထိုဘေးများ ကို ထိရောက်စွာ ရင်ဆိုင်ဖြေရှင်း ရာတွင် သဘာ၀ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု အစီအစဥ်များ သက်ဆိုင်ရာ နယ်မြေ (သို့) ပိုင်နက် များတွင် စနစ်တကျထားရှိသင့်သည်။
ဘေးအန္တရာယ်စီမံခန့်ခွဲမှု အစီအစဥ်များ ၏အဓိက ရည်ရွယ်ချက်မှာ ဖြစ်ပွားသော ကပ်ဘေးအန္တရာယ်အသွယ်သွယ်တို့ကို တတ်နိုင်သမျှ လျှော့ချရေး (သို့) ရှောင်ရှား ဖြေလျှော့နိုင် ရေး၊ အန္တရာယ်နဲ့ ရင်ဆိုင်တွေ့ကြုံနေရတဲ့ ဘေးဒဏ်သင့် လူများအား မြန်ဆန်ပြီး အာမခံရှိတဲ့ လူသားခြင်းဆိုင်ရာ အကူအညီများ အချိန်နဲ့ တစ်ပြေးညီ ပေးသွားရေး၊ နောက်ပြီး ဘေးအန္တရာယ် ကျရောက်ခဲ့တဲ့ နေရာများကို မြန်ဆန်ပြီး အောင်မြင်စွာ ပြန်လည်ထူထောင် နိုင်စေရေးတို့အတွက် ဖြစ်သည်။
တကယ်တမ်းတော့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး သည် အစိုးရများ၊ စီးပွားရေး လုပ်ငန်းများ၊ လူမှုအဖွဲ့အစည်းများ အနေဖြင့် အန္တရာယ်ကျရောက်ခဲ့သော နေရာဌာနများကို မဖြစ်ခင်ကြိုတင်ထိခိုက်မှု လျှော့ချနိုင်ရေး၊ ဖြစ်နေဆဲအချိန်တွင်ထိ ရောက်တဲ့ အကူ အညီ များပေးနိုင်ရေး နဲ့ ဘေးအန္တရာယ်ကျ ရောက်ပြီးပါကလည်းအချိန်နဲ့ တစ်ပြေးညီ ထိုဒေသများ ပြည်လည်ဦး မော့လာအောင် စနစ်တကျ ထူထောင်ရေးများလုပ်ဆောင်ဖို့အ တွက် ရှင်းလင်းထင်ရှားစေတဲ့ အစီအစဥ်ဖြစ်သည်။
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုစက်၀န်း ထဲတွင် ရှိတဲ့ ချမှတ်ချက်များသည် လွန်စွာ အရေးပါတဲ့အခန်းကဏ္ဍက ပါ၀င်ပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုစက်၀န်းပါအရ မိမိတို့အနေနဲ့ ကောင်းမွန်တဲ့ ဘေးအန္တရာယ်ဒဏ်များကို ခံနိုင်ရည်ရှိအောင် ပြင်ဆင် ထားနိုင်ခြင်း၊ မြန်ဆန်ပြီး မှန်ကန်တဲ့ သတင်းအချက်အလက်များဖြန့်ေ၀ပေးနိုင်ခြင်း၊ အားနည်းချက်၊ ဟာကွက်များကို လျှော့ချထားနိုင်စေပြီး၊ နောက်ထပ် ထိုသို့သော ဘေးအန္တရာယ်များကျရောက်လာခဲ့ပါကလည်း အလွယ်တကူ ပြင်ဆင်ထား နိုင်မှာဖြစ်ပါ တယ်။
ပြည့်စုံမှုရှိတဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု စက်၀န်းထဲတွင် လူထုအတွက် လိုအပ်တဲ့ မူ၀ါဒများ ချမှတ်ထားခြင်း၊ မတူကွဲပြားတဲ့ဘေးအန္တရာယ်ဆိုင်ရာကိစ္စများအတွက် လိုအပ်ပါက ပြုပြင်မွမ်းမံထားနိုင်ခြင်း (သို့) ပြည်သူလူထု၏ အသက်အိုး အိမ် စည်းစိမ် များအ တွက် ထိခိုက်ခံရမှု အတိုင်းအတာများ သက်သာလျှော့ချနိုင်ရေးများ ပါ၀င်ထား သည်။
စက်၀န်းပါ လျော့ပါးခြင်းနဲ့ကြိုတင်ပြင်ဆင် ထားခြင်း အဆင့်ကို ဘေးအန္တရာယ် ကျရောက်လာ နိုင်မှုခန့်မှန်းအချိန်ကာလအတွင်း ပြုလုပ်ပါတယ်။ ဘေးအန္တရာယ် ကျရောက် လာနိုင်ခြေကို ကြိုတင်ခန့်မှန်းထားခြင်းဖြင့် အမှန်တကယ် ထိုသို့ သော အဖြစ်များနဲ့ ရင်ဆိုင်ရလာပါက အသေအပျောက်နည်းနိုင်သမျှနည်းပြီး နဲ့ ခံနိုင်ရည်ဒဏ် ကိုလည်း ထိုက်သင့်သလောက်သာ ခံရပြီး အတိန်းအစောင်းဖြစ်မှုများမှ အတိုင်းအတာတစ်ခုထိကာကွယ်ပေးနိုင်သည်။ ပုံမှန်အားဖြင့် အန္တရာယ်များကျရောက် လာပါက လူမှုကယ်ဆယ်ရေးအဖွဲ့ များနဲ့ လူသားခြင်းစာနာထောက်ထားရေး အသင်းအဖွဲ့များ အနေနဲ့ ချက်ချင်းဆိုသလို ကယ်ဆယ်ရေးအကူအညီများစတင်ရမှာဖြစ်ပြီး နာလန်ထူနိုင်လာသည်အထိ တာ၀န် ယူပေးရမှာဖြစ်ပါတယ်။ အမှန်တကယ်တော့ ယခု စက်၀န်းပါ အဆင့်များသည် လက်တွေ့မှာတော့ စနစ်တကျနဲ့ ပုံမှန် ဆင့်ကဲဆင့်ကဲ ဖြစ်လေ့ဖြစ်ထ ရှိနိုင်မျာမဟုတ်ပါ။ ဘေးအန္တရာယ် ကြီးမားမှု၊ (သို့) သေးငယ်မှုအပေါ်တွင်မူတည်နေသည်။
ဆက်လက်ပြီး စက်၀န်းပါ အဆင့်များကို ယေဘုယျအားဖြင့် ကြည့်ကြရအောင်။
၁။ လျှော့ပါးစေခြင်း(Mitigation) − ဘေးအန္တရာယ်ဒဏ်ကို တတ်နိုင်သမျှ ခံနိုင်ရည်ရှိအောင်နဲ့ ထိခိုက်ခံစားရမှုနည်းပါးအောင် စီစဥ်ထားခြင်းဖြစ်သည်။ ယခုအဆင့်တွင့် ပုံမှန်အားဖြင့် ပြည်သူလူထုကို ဘေးအန္တရာယ်ဆိုင်ရာအသိပညာဗဟုသုတမျှပေးခြင်း၊ ဟာကွက်တွေ နဲ့ အားနည်းချက်များ ကို စစ်တမ်းကောက်ယူခြင်း၊ ပြန်လည်နေ ရာချထားရေးဆိုင်ရာ နယ်မြေများ သတ်မှတ်ထားပြီး ယာယီတဲများ ဆောက် လုပ်ထားခြင်းတို့ဖြစ်ပါတယ်။
၂။ ကြိုတင်ပြင်ဆင်ထားခြင်း (Preparedness)− မည်သို့ ပြန်လည်တုံ့ပြန်နိုင်ဖို့အတွက် ကြိုတင်ပြင်ဆင် ထားခြင်းဖြစ်တယ်။ သာဓကအားဖြင့် ကြိုတင်ပြင်ဆင်ထားမှု အစီအစဥ်များ၊ အရေးပေါ် သင်တန်းများ၊ လုပ်ဆောင်ချက်များ နဲ့ သတိပေးစနစ်များ တို့ဖြစ်တယ်။
၃။ တုံ့ပြန်ခြင်း (Respose)− ဘေးအန္တရာယ်ကျရောက်လာမှုကြောင့် ထိခိုက်ခံရတဲ့ ပမာဏကို တတ်နိုင်သမျှနည်းအောင်လုပ်သည်။ ဥပမာအားဖြင့် ရှာဖွေရေးလုပ် ငန်းစဥ်များလုပ်ခြင်း၊ ကူညီကယ်ဆယ်မှု များလုပ်ဆောင်ခြင်း နဲ့ အရေးပေါ် ခိုလှုံရာ နေရာများ ထားရှိထားခြင်း တို့ဖြစ်တယ်။
၄။ နာလန်ထူလာအောင်လုပ်ဆောင်ခြင်း (Recovery)− လူမှုအသိုင်းအ၀ိုင်းကို မူလအတိုင်း ပြန်လည်ဦးမော့လာအောင်လုပ်ဆောင်သည်။ ဥပမာအားဖြင့် ယာယီ အဆောက် အဦး များဆောက်လုပ်ပေးခြင်း၊ ကူညီငွေကြေးများပေးဆောင်ခြင်း နဲ့ ဆေး၀ါးများ ကုသပေး မှုများလုပ်ဆောင်ပေးခြင်းတို့ဖြစ်သည်။
ရေရှည်ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း
(Sustainable Development)
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု၏ အဆင့်တိုင်းသည် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရှေ့ရှုပြီး ရည်ရွယ် ထားခြင်းဖြစ် သည်။ ထိုစက်၀န်း၏ ပင်မ အဓိက ရည်ရွယ်ချက်ပန်းတိုင်မှာ လူထု၏ ရေရှည် စား၀တ်နေရေးအတွက် (နေရေးထိုင်ရေး) နဲ့ ဘေးအန္တရာယ်ကျ ရောက်တဲ့ကာလ အတွင်းတွင် ထိရောက်တဲ့ ကာကွယ်တားဆီးမှုများ ပြုလုပ်နိုင်ရေး ဖြစ်တယ်။ ဒါကြောင့် ဒီလိုပန်းတိုင်ကို အကောင်အထည် ဖော်နိုင်ခြင်း ရှိတဲ့နေရာများတွင် လူထုအနေနဲ့ ကျရောက်လာတဲ့ အမျိုးမျိုးသောဘေးဒဏ် များကို ကြံ့ကြံ့ခံ ခုခံနိုင် စွမ်းပိုမိုရှိခြင်း နဲ့ ထိုပြန်လည်ထူ ထောင်ရေး ကာလကိုလည်း အနှေးနဲ့အမြန် ဦးမော့လာ အောင်ပြုလုပ်နိုင်ကာ ရေရှည် ထိန်းထားနိုင်စွမ်းရှိပါတယ်။ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုစက်၀န်းသည် ကျရောက်လာ တဲ့ အန္တရာယ်အသွယ်သွယ်ကို စနစ်တကျနဲ့ ပြန်လည်တုံ့ပြန်နိုင်ဖို့ဖြစ်သည်။ ဒါကြောင့် ထိရောက်စွာ နဲ့ စနစ်တကျ အကောင် အထည်မဖော်လျှင် အတိန်းအစောင်းဖြစ်ခြင်းနဲ့ ဟာကွက်များကို ပိုမိုဖြစ်ပေါ်လာစေ မှာဖြစ်တယ်။ ဒါကြောင့် အောက်ပါ စက်၀န်းပါ ရေရှည်ဖွံဖြိုးတိုးတက်မှု စီမံကိန်း နဲ့ ဆိုင်တဲ့ အဆင့်များကို အသေးစိတ်ဆက်လက်ကြည့်ကြပါစို့…။
၁။ လျော့ပါးစေခြင်း (Mitigation)− ဒီအဆင့်တွင် အဓိက သိထားသင့်သည့််အချက်မှာ တားဆီးမရနိုင်တဲ့ ဘေးအန္တရာယ်များကျရောက်လာပါက ရှုံးဆုံးမှု နည်းနိုင်သမျှနည်း အောင်လူထုကို အသိပညာဗဟုသုတများ မျှဝေပေးထားပြီး၊ ရိက္ခာများနဲ့ ယာယီအိုးအိမ်များကို စုဆောင်း တည်ဆောက်ထားခြင်းဖြစ်သည်။ ထိုသို့သော လျော့ပါစေခြင်း အဆင့်သည် သက်ဆိုင်ရာ ဌာနများအနေနဲ့ ထိရောက်တဲ့ ပူးပေါင်းပါ၀င်လုပ်ဆောင်မှုများ အပေါ်တွင်မူတည်နေသည်။ ဒါ့အပြင် ၄င်းအဆင့်ကို ထိရောက်စေရန် လိုအပ်သော ရှေ့ပြေးတိုင်းတာမှုများ၊ အချက်အလက် မှန်ကန်ပြီး မြန်ဆန်စွာဖြန့်ဝေပေးပို့နိုင်မှုများ နဲ့ အရေးပေါ် အတွက် ဘယ်လောက်အတိုင်းအတာအထိ စွန့်စားဆောင်ရွက် ပေးနိုင်မှုများ အပေါ်တွင်တိုက်ရိုက်မူတည်နေသေးသည်။ လျော့ပါးစေခြင်း အဆင့်နဲ့ စက်၀န်းပါအ ဆင့်အားလုံးတွင် ပြည်သူလူထု၏ အသက်အိုးအိမ်များ အတွက် ထိရောက် သော ကာကွယ် စောင့်ရှောက်နိုင်စေရေး နဲ့ ပြည်သူများ အတွက်လိုအပ်တဲ့ ခိုင်မာတဲ့ မူ၀ါဒများ ချမှတ်နိုင်ရေးများ ပါ၀င်သည်။
၂။ ကြိုတင်ပြင်ဆင်ထားခြင်း (Preparedness) − ဒီအဆင့်ရဲ့ရည်ရွယ်ချက်ကတော့ ဖြစ်ပေါ်လာ မယ့်ဘေး ဒဏ်များကို ကျေနပ်လောက်တဲ့ ပြင်ဆင်ထားမှုများနဲ့ တုံ့ပြန်နိုင်ရေးဖြစ် တယ်။ ဒီလိုတုံ့ပြန်နိုင်ဖို့ အစိုးရများ၊ လူမှုအဖွဲ့အစည်း များနဲ့ လူသားခြင်း စာနာ ထောက်ထားမှု အဖွဲ့များရဲ့ ကြိုးပမ်းအားထုတ်မှုတွေက အရေးပါတဲ့အခန်းကဏ္ဍကနေပါ၀င်ပါတယ်။ ကြိုတင်ပြင်ဆင်ထားမှု လုပ်ငန်းစဥ်များကို ပိုမိုတိုးတက်လာဖို့ဆိုရင် ရေတိုရေရှည် မဟာဗျူဟာ များကို စနစ်တကျ ပြင်ဆင်မွန်းမံစေခြင်း၊ လူထုပညာပေးအစီအစဥ်များ ထိရောက်စွာပြုလုပ်စေခြင်း နဲ့ ကြိုတင် နှိုးဆော်ချက်များကို ထူထောင်ထား ရမှာဖြစ်တယ်။ ဒါ့အပြင် အစားအစာနဲ့ ဆေး၀ါးများ အား ဖူလုံထားရှိခြင်းဖြင့်လည်း ရုတ်တရက်ဖြစ်ပွားသည့် နိုင်ငံအဆင့် (သို့) ဒေသ အဆင့် ကပ်ဘေးများအတွက် ကြို တင်ပြင်ဆင် ထားရာရောက်စေမှာဖြစ်တယ်။
ကြိုတင်ပြင်ဆင်ထားမှုအဆင့်တွင် ကပ်ဘေး အတွက်တုံ့ပြန်လုပ်ဆောင်ချက်များ၊ ရှုံးဆုံး မှုများ နည်း သမျှနည်းစေရေး၊ အသက်အိုးအိမ်များ ထိခိုက်ဒဏ်ရာရရှိမှု လျှော့ပါးစေ ရေး အတွက် အစိုးရ၊ လူမှုအသင်းအဖွဲ့များ နဲ့ ကိုယ်ထူကိုယ်ထ များအနေနဲ့ ကြို တင်အစီအစဥ်များရေးဆွဲထားကြသည်။ ထိုပြင်ဆင်ထားမှု စီမံချက်တွင် အရေးပေါ်လေ့ ကျင့်ခန်းများနဲ့သင်တန်းများ၊ အချက်ပေးစနစ် (သို့) သတိပေးမှုစနစ်များ၊ အရေး ပေါ်အတွက် အကြောင်းကြား သတင်းပေးပို့ချက်များ၊ ဘေးကင်းရာသို့ ပြောင်းရွှေ့ပေးမှု သင်တန်းများ၊ အရင်းအမြစ်စုဆောင်းထားမှုများ၊ အရေးပေါ် ဆက်သွယ်ရမည့် ၀န်ထမ်းနဲ့ ဖုန်းနံပါတ်များ၊ အပြန်အလှန် အကူအညီပေးရေးများ၊ လူထုအား သတင်းအ ချက် အလက် ပညာပေးရေးများ စသည်တို့ ပါ၀င်ပါတယ်။ ကြိုတင်ပြင်ဆင်ထားမှုကို အစိုးရနဲ့ အရပ်ဖက် လူမှုအသင်းအဖွဲ့များအားလုံး တက်ညီလက်ညီ တစ်သွေးတစ်သံ ပူးပေါင်းဆောင်ရွက်မှသာ ပိုမိုထိရောက်စေမှာဖြစ်တယ်။
လူသားခြင်းစာနာထောက်ထားမှု ဆောက်ရွက်ချက်များ
(Humanitarian Action)
ရှောင်လွဲမရနိုင်တဲ့ ကပ်ပေးများကျရောက်လာတဲ့အချိန်တွင် လူသားခြင်းစာနာ ထောက် ထားမှု အေဂျင်စီများအနေနဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ချက်ခြင်း လက်ငင်း ဆိုသလို လုပ်ဆောင်ရမှာဖြစ်တယ်။ ထိရောက်စွာ တုံ့ပြန်နိုင်ဖို့ဆိုရင် ထိုအသင်းအဖွဲ့များ၌ အတွေ့အကြုံရှိ ခေါင်းဆောင်များ၊ သင်တန်းများ လေ့ကျင့်ပေးထားတဲ့၀န်ထမ်းများ၊ လုံလောက်တဲ့ ပို့ဆောင်ဆက်သွယ်ရေးဆိုင်ရာ ယာဥ်များ နဲ့ ထောက်ပံ့ပို့ဆောင်ရေး အစီအ စဥ်များ၊ သင့်လျော်တဲ့ ဆက်သွယ်ရေးဆိုင်ရာစနစ်များ၊ အရေးပေါ်အခြေအနေတွင် ဆောင်ရွက်ရမည့် လမ်းညွှန်များ စသည်တို့ ရှိထားရမှာဖြစ်တယ်။ အကယ်၍ သေချာစွာပြင် ဆင်ထားမှုများ လုပ်ဆောင်ထားခြင်းမရှိလျှင် (သို့) အားနည်းနေလျှင် ထိုလူသား ခြင်း စာနာထောက်ထားရေး အသင်းအဖွဲ့များအနေနဲ့ လည်း လူတွေရဲ့ အလျှင်အမြန် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မှာမဟုတ်ပါ။
၃။ တုံ့ပြန်ခြင်း (Reponse)− အရေးပေါ်တုံ့ပြန်ခြင်း သည် ကပ်ဘေး ကြောင့်ခံစားရတဲ့လူများကို စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်အားပေးမှုများ၊ ကျန်းမာ ရေးပြန် လည်တိုးတက်လာမှုများ နဲ့ ကောင်းမွန်စွာ ပြန်လည်အသက်ရှင်နိုင်ရေး အတွက် အရေးပေါ်ထောက်ပံ့များလုပ်ဆောင်ပေးခြင်းဖြစ်သည်။ ဥပမာ၊ ထိုကပ်ဘေးခံစားရတဲ့ လူတွေကို ပြင်ဆင်ထားတဲ့ ခုံလှုံရာစခန်း များ သို့ပို့ဆောင်ခြင်း၊ ဆေး၀ါးနဲ့ အစားအစာများ ထောက်ပံ့ပေးထားခြင်း အပြင်အခြားလို အပ်မည့် အကူအညီ များပေးစေခြင်းဖြစ်သည်။ ထိုသို့သော် အကူအညီများသည် အပြည့်အ၀ (သို) ကန့်သတ် မှုများနဲ့ လည်းရှိနိုင်ပါသည်။ နောက်ပြီး ပျက်စီးသွားတဲ့ အဆောက်အဦးများကို ကနဦး ပြင်ဆင် ပြုပြင်မွန်းမံခြင်းများလည်းလုပ်ဆောင်ရမည်။ တုံ့ပြန်ခြင်း အဆင့်ရဲ့ အဓိက ရည်ရွယ်ချက်မှာ ကပ်ဘေးခံစားရတဲ့ လူများကို အခြေခံကျတဲ့ အထောက်အပံ့များ လတ်တလောပေး စေခြင်းနဲ့ အချိန်အတိုင်းအတာ တစ်ခုရောက်လာတဲ့ အထိ ကူညီလုပ်ဆောင်ပေးခြင်းတို့ဖြစ်သည်။ ဤအဆင့်တွင် လူသားချင်းစာနာထောက်ပံ့မှုပေးတဲ့ အဖွဲ့အစည်းများအနေနဲ့ လည်းပဓာနကျတဲ့ အခန်းကဏ္ဍက ပါ၀င်ပါတယ်။
၄။ နာလန်ထူလာအောင်လုပ်ဆောင်ခြင်း (Recovery)− ဤအဆင့်တွင်အရေးပေါ်အခြေအနေ ကို လည်းကောင်းစွာ ထိန်းချုပ်ထားနိုင်စွမ်းရှိတဲ့အတွက်ကြောင့်နဲ့ ကပ်ဘေးခံစား ရတဲ့ လူများအနေနဲ့ လည်း လုံလောက်တဲ့ အကူအညီများ အထိုက်အလျှောက်ရရှိခဲ့ပြီးဖြစ်တဲ့ အတွက် ယင်းတို့အနေနဲ့လည်း အတိုင်းအတာအထိ ပြန်လည် နာလန်ထူလာနိုင်ပြီးဖြစ် တယ်။ ဒီကာလအတွင်းမှာ လူတွေအနေနဲ့ ပိုပြီးကပ်ဘေးဒဏ်ကို နားလည်လာမှုကြောင့် နောင်တွင် ပိုမိုပြင်ဆင်မှုများ လုပ်ဆောင်လာနိုင်မှာဖြစ်တယ်။ ထို့အတွက် ရှေ့ဆက် ဟာကွက်များနဲ့ ၊ ဆုံးရှုံးမှု များကို ပိုမိုလျှော့ချလာနိုင်မှာဖြစ်တယ်။ အကောင်းဆုံးကတော့ နာလန်ထူတဲ့ ကာလမှ ပုံမှန်အနေအထားသို့ ပြန်လည်လုပ်ဆောင်ရာတွင် ချောမွေ့အောင် လုပ်ဆောင်သင့်ပါတယ်။
နာလန်ထူလာအောင်လုပ်ဆောင်ရာတွင် အခြေအနေများ မူလပုံမှန်အတိုင်း ပြန်လည် ရောက် လာတဲ့အထိ လုပ်ဆောင်ရမှာဖြစ်သည်။ တကယ်တော့ ဖြစ်ခဲ့တာတွေကို သင်ခန်းစာယူပြီး မည်သို့ ကောင်းမွန်လာအောင်လုပ်ဆောင်ရမယ်၊ မည်သို့ ပြင်ဆင်ထားရ မယ်ဆိုတာ တွေကို တွက်ချက်မှတ်တမ်းတင်ထားရမှာဖြစ်တယ်။ ကပ်ဘေး ခံစားရတဲ့ လူများအတွက် လိုအပ်တဲ့ အကူအညီများ ဖြစ်စေရေး၊ ဥပမာ အဆောက်အဦး များပြန်လည်တည်ဆောက်ပေးခြင်း၊ လူထုအား ကျန်းမာရေးနဲ့ ဘေးကင်လုံခြုံရေး အသိပညာများပိုမိုပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ အကူအညီများပေးသွားရေး နဲ့ ပို၍လုံခြုံသော လူမှုအသိုက်အ၀န်းဖြစ်လာ စေရေးလုပ်ငန်းစဥ်များကို ဆောင်ရွက် သင့်ပါတယ်။
နိဂုံးချုပ်မှာတော့ အဖက်ဖက်က အကူအညီလိုအပ်ချက်ရှိနေတဲ့ မြန်မာနိုင်ငံလိုမျိုးတွင် ပြည်သူ လူထု ကို ဘေးအန္တရာယ်ဆိုင်ရာ သိထားသင့်တဲ့ ဗဟုသုတများကို မျှဝေပေး သင့်သည်။ ဒါ့အပြင် အထက်ပါ သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု စက်၀န်း (၄)ချက် ကို သက်ဆိုင်ရာ ဌာနအနေနဲ့ မပျက်မကွက် အကောင်အ ထည်ဖော် ဆောင်ရွက်သင့်ပါတယ်။ ဒါမှလည်း လူထုအနေနဲ့ မှန်ကန်တဲ့ ဗဟုသုတရှိပြီး ကပ်ဘေးများအန္တရာယ်မှ ဘေးကင်းစွာနဲ့ ရုန်းထွက်လာနိုင်မှာဖြစ်ပါတယ်။ အားလုံး တက်ညီလက်ညီနဲ့ ပူးပေါင်း ဆောင် ရွက်ရင် အခက်အခဲတွေကို အောင်မြင်စွာ ကျော်လွှားနိုင်မှာဖြစ်ပါတယ်။ အားလုံး ဘေးကင်းလုံခြုံစွာနဲ့ ဘ၀ကိုရှေ့ဆက်နိုင်ပါစေလို့ ဆန္ဒပြုရင်း ယခုဆောင်းပါကို မျှဝေပေးလိုက်ရပါတယ်။
Ref: WHO, Disaster Help,
Team (ရိုးရာလေး)