သင့်ရဲ့ဖေ့စ်ဘွတ်ခ်ပရိုဖိုင်းပုံက သင့်အချစ်ရေးအကြောင်းကို ဖော်ပြနေ

44681518_2242556925962801_913964505103335424_n.jpg

ကိုယ်ရေးကိုယ်တာဆက်ဆံရေးတွေ အကြောင်း အဓိကထား ရေးသားဖော်ပြတဲ့ “Luvze” ဆိုတဲ့ စာစောင်က အွန်လိုင်းပေါ်မှာ ကိုယ့်အချစ်ရေးတွေကို ဖွင့်ဟပြတာနဲ့ပတ်သက်ပြီး လေ့လာမှု(၂) ရပ်ကို ပြုလုပ်ခဲ့ပါတယ်။

ပထမလေ့လာမှုမှာ လေ့လာသူတွေဟာ ဖေ့စ်ဘွတ်ခ်အကောင့်အတုတွေ ဖန်တီးခဲ့ပြီး အဲဒီထဲက တချို့အကောင့်တွေမှာ စုံတွဲပုံတွေတင်ထားခဲ့တဲ့အပြင် “In a relationship with” ဆိုတဲ့ စတေးတပ်တွေပါတင်ထားခဲ့ပါတယ်။ တခြားအကောင့်တွေမှာတော့ စုံတွဲနဲ့ပတ်သက်တဲ့ စာသားတွေ ပုံတွေ မတင်ထားခဲ့ပါဘူး။
လေ့လာချက်မှာ ပါဝင်ခဲ့တဲ့သူတွေကို ဒီအကောင့်တွေပြပြီး ဘယ်စုံတွဲဟာ ပျော်နေတယ်ထင်လဲလို့မေးမြန်းခဲ့ရာမှာတော့ ဖြေဆိုသူတွေက စုံတွဲပုများများ တင်ထားတဲ့သူတွေက ပျော်နေတယ်ထင်ကြောင်း မှတ်ချက်ပေးခဲ့ကြပါတယ်။

ဒုတိယလေ့လာချက်မှာတော့ ဒီအကောင့်တုတွေမှာပဲ တချိုတစ်ဝက်ကို စုံတွဲပုံနဲ့ပရိုဖိုင်းပုံထားထားပြီး တခြားတစ်ဝက်အတွက် ပရိုဖိုင်းပုံကိုတော့ ကြုံရာကျပန်း ထည့်ထားပေးခဲ့ပါတယ်။ ဒီအကောင့်တွေထဲမှာလည်း စုံတွဲနဲ့ဆိုင်တဲ့ စတေးတပ်တွေဖြစ်တဲ့ “ဂျော်ဒန်နဲ့ခဏလောက်ဝေးရတာ စိတ်ညစ်လိုက်တာ…ငါမခံစားနိုင်တော့ဘူး” ၊ “ငါကောင်မလေးကို ငါချစ်တယ်” အစရှိတဲ့ စာသားတွေအပြင် စုံတွဲနဲ့မဆိုင်တဲ့ “ငါ့ဖုန်း ပျောက်သွားလို့၊ အခုလောလောဆယ် အီးမေးလ်ကပဲ ဆက်သွယ်ပါ” ဆိုတဲ့ စတေးတပ်တွေပါ တင်ပေးထားပြီး ပါဝင်သူတွေကို ဘယ်စုံတွဲဟာ ပျော်နေတယ်ထင်လဲ၊ သစ္စာရှိမယ်ထင်လဲ ဆိုတာကို မေးမြန်းခဲ့ရာမှာတော့ ပါဝင်သူများက စုံတွဲပုံပရိုဖိုင်းရှိတဲ့သူတွေ၊ သူတို့ရဲ့သမီးရည်းစားဆက်ဆံရေးအကြောင်း ဖွင့်ဟပြောဆိုထားတဲ့ စတေးတပ်တွေတင်ထားတဲ့သူတွေက ပျော်နေတယ် ထင်ကြောင်း ထပ်မံမှတ်ချက်ပေးခဲ့ပါတယ်။

ဒီလေ့လာချက်ရဲ့တွေ့ရှိချက်အနှစ်ချုပ်အရ လူတွေဟာ သင် စုံတွဲပုံတွေတင်ထားရင်၊ သမီးရည်းစားအကြောင်း ခဏခဏတင်ရင်၊ “In a relationship with…” လို့ တင်ထားရင် သင်တို့ပျော်နေတယ်လို့ ထင်တတ်ကြပါသတဲ့။ ဒါပေမဲ့လည်း သင်တို့ဆက်ဆံရေး အကြောင်းကို အတွင်းကျကျ အမြဲတင်တင်နေမယ် ဒါမှမဟုတ် မကြာခဏ သမီးရည်းစားအကြောင်းတွေချည်းပဲ တင်နေမယ် ဆိုရင်တော့ သင်တို့ကို ပျော်နေတယ်လို့ထင်ရင်တောင် “Like” ပေးတာတော့ နည်းသွားလိမ့်မယ် လို့စာစောင်ထဲမှာ ဖော်ပြထားပါတယ်။

Ref: Curiosity “People can tell a lot about your relationship from facebook profiles”

Elsa (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top