ရှောင် မန်ဒက်စ် နဲ့ သို့လောသို့လောဖြစ်ပြီးနောက် ချစ်သူနဲ့ လမ်းခွဲလိုက်တဲ့ ကမီလာ ကပ်ဘဲလို

are-shawn-mendes-and-camila-cabello-the-mascots-of-guess-new-campaign.jpg

Fifth Harmony အဖွဲ့ဝင် အဆိုတော် ကမီလာ ကပ်ဘဲလို (Camila Cabello) က သူ့ရဲ့သူငယ်ချင်း ရှောင် မန်ဒက်စ် (Shawn Mendes) နဲ့ အမိုက်စားသီချင်းတစ်ပုဒ် “Senorita”ကို မကြာသေးခင်ရက်ကမှ ထွက်ရှိလာခဲ့ပါတယ်။ အဲဒီသီချင်းထွက်ရှိပြီးတဲ့နောက်မှာ သူတို့နှစ်ယောက်ကို ချစ်သူတွေဖြစ်နေကြလားဆိုတဲ့ ကောလဟာလသတင်းတွေ ထွက်ရှိပြန်ပါတယ်။ အခုထွက်ရှိလာပြန်တဲ့ သတင်းကတော့ ကမီလာက သူ့ချစ်သူ မက်သရူး ဟက်ဆေး နဲ့ လမ်းခွဲလိုက်ပြီဆိုတာပါပဲ။

ကမီလာနဲ့ သူ့ချစ်သူတို့က Today အစီအစဉ် ရိုက်ကွင်းမှာ တွေ့ဆုံပြီးနောက် ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလမှာ ချစ်သူတွေဖြစ်နေကြောင်းကို Vanity Fair’s Oscars ပွဲကို အတူတူ တက်ရောက်ပြီး ကြေညာခဲ့တာဖြစ်ပါတယ်။ အခုတော့ သူတို့နှစ်ယောက်က လမ်းခွဲပြတ်စဲလိုက်ကြပါပြီ။

အဲဒီလမ်းခွဲလိုက်တဲ့သတင်းက ကမီလာ နဲ့ ရှောင် မန်ဒက်စ်တို့ကို ပရိသတ်တွေ ပိုစိတ်ဝင်စားလာစေပါတယ်။ သူတို့နှစ်ယောက်က “Senorita” သီချင်းအသစ်မှာ စုံတွဲအနေနဲ့ ပါဝင်သရုပ်ဆောင်သီဆိုထားတာကြောင့် ပရိသတ်တွေက သူတို့ကို မကြာခင် တွဲကြဖို့ မျှော်လင့်လို့နေပါတယ်။

အရင်က ရှောင် မန်ဒက်စ်က ၂၀၁၅ခုနှစ်က ထွက်ရှိခဲ့တဲ့ သူ့ရဲ့အယ်လ်ဘမ် “Handwritten”မှာ ပါဝင်တဲ့ “I Know What You Did Last Summer” သီချင်းကို ကမီလာနဲ့ အတူတူ ဆိုခဲ့ဖူးပါတယ်။ သူတို့နှစ်ယောက် တွဲနေတယ်ဆိုတဲ့ သတင်းက အဲဒီကတည်းက စတင်ခဲ့ပေမယ့် သူတို့နှစ်ယောက်က ငြင်းဆိုခဲ့ပါတယ်။

အခုထွက်ရှိထားတဲ့ သီချင်းအသစ်မှာဆိုရင် သူတို့နှစ်ယောက်ရဲ့နက်ရှိုင်းတဲ့အပြုအမူလေးတွေကို ပရိသတ်တွေ မြင်တွေ့ခဲ့ရပါတယ်။ ကမီလာက ဒီသီချင်းကို ရိုက်ကူးရတာမလွယ်ကူကြောင်းနဲ့ သူတို့နှစ်ယောက်လုံး အရမ်းစိတ်လှုပ်ရှားနေတဲ့အတွက် ဗီဒီယိုတစ်ခုလုံး ရယ်စရာကောင်းကြောင်း ထုတ်ပြောပြထားပါတယ်။

ကမီလာကလည်း ချစ်သူနဲ့ ပျက်သွားပြီဆိုတော့ သူတို့နှစ်ယောက် ချစ်သူတွေ ဖြစ်လာကြမလားဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။

Ref: Hollywood Life “Camila Cabello Splits From BF Matthew Hussey After Dropping Sexy Video With Shawn Mendes”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top