အမေရိကန်ပိုင်နက် ဂွမ်ကျွန်းကို နောက်တစ်ပတ်အတွင်း ဒုံးကျည် ၄လုံးဖြင့် တိုက်ခိုက်နိုင်တယ်လို့ ဆိုလိုက်တဲ့ မြောက်ကိုရီးယား

hd-map-estimated-range-of-north-koreas-missiles-v22.jpg

မြောက်ကိုရီးယား အာဏာရှင်ဖြစ်သူကင်ဂျုံအန်ဟာ အနောက်ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ အမေရိကန်ပိုင်နက်ကျွန်း တစ်ကျွန်းဖြစ်တဲ့ ဂွမ်ကျွန်း (Guam) ကိုနောက်တစ်ပတ်အတွင်း တာလတ်အမျိုးအစား ဟွာဆောင် ၁၂ (Hwasong-12)ဒုံးကျည် ၄ လုံးဖြင့် တိုက်ခိုက်ဖို့ စဉ်းစားနေကြောင်းပြောဆိုခဲ့ပါတယ်

မြောက်ကိုရီးယားစစ်တပ်အနေနဲ့ ဂွမ်ကျွန်းကို နူကလီးယားထိပ်ဖူးတပ်ဒုံးကျည်များနဲ့ ဩဂတ်လလယ်အတွင်း တိုက်ခိုက်ဖို့အစီအစဉ်ဆွဲထားပြီးသားဖြစ်ပြီး ခေါင်းဆောင်ကြီးကင်ဂျုံအန်က နောက်ဆုံးဆုံးဖြတ်ချက်ကို ချမှတ်ပေးမှာဖြစ်တယ်လို့ နိုင်ငံပိုင်မီဒီယာကပြောဆိုခဲ့တာ ဖြစ်ပါတယ်။

“ကိုရီးယားပြည်သူ့တပ်မတော်က ဟွာဆောင် ၁၂ ဒုံးကျည်များကို ဂျပန်ပိုင်နက်တွေဖြစ်တဲ့ ရှီမိန်း (Shimane)၊ ဟီရိုရှီးမား (Hiroshima) နဲ့ ကိုချီ (Koichi) တို့ကိုကျော်လွန်ပြီး ၁၀၆၅ စက္ကန့် (၁၇.၇၅ မိနစ်)အတွင်း ၃၃၅၆.၇ ကီလိုမီတာ(၂၀၈၅ မိုင်) အထိသွားနိုင်ကာ အမေရိကန်ပိုင်နက်ဖြစ်တဲ့ ဂွမ်ကျွန်းကို တိုက်ခိုက်နိုင်ပါတယ်။ ဒီ တိုက်ခိုက်မဲ့အစီအစဉ်ကို ရန်သူတပ်ဖွဲ့များကို တားဆီးဖို့နဲ့ အမေရိကန်နိုင်ငံကို ပြင်းပြင်းထန်ထန် သတိပေးဖို့အတွက် ရည်ရွယ်ပါတယ်။” လို့ နိုင်ငံပိုင် မီဒီယာက ပြောဆိုခဲ့ပါတယ်။

နောက်ပိုင်းမှာ ပြုံယမ်းဟာ ဒုံးကျည်တိုက်ခိုက်မှုက အမေရိကန်ပိုင်နက် ဂွမ်ကျွန်းအနီးအနား ပင်လယ်ပြင်ကိုသာ ပစ်ခတ်စမ်းသပ်ဖို့အတွက်စဉ်းစားနေတာ ဖြစ်တယ်  လို့ ပြန်လည်ပြောဆိုခဲ့ပါတယ်။

မြောက်ကိုရီးယားအာဏာရှင်ကင်ဂျုံအန် ဂွမ်ကျွန်းကို ဒုံးကျည်နဲ့ တိုက်ခိုက်မဲ့အရေးနဲ့ပတ်သတ်ပြီး အမေရိကန်သမ္မတထရမ့်ကတော့ အမေရိကန်နိုင်ငံဟာ မြောက်ကိုရီးယားက တိုက်ခိုက်မှုစတင်ပြုလုပ်ရင် အမေရိကန်က ဒီအရေးကို တုံ့ပြန်သွားမှာဖြစ်တယ် လို့ဆိုခဲ့ပါတယ်။

ထရမ့်ဟာ Twitter ပေါ်မှာ “ကျွန်တော် သမ္မတဖြစ်ကတည်းက ပထမစလုပ်ခဲ့တာ ကျွန်တော်တို့ရဲ့ နူလက်နက်များကို ပြုပြင်မွမ်းမံပြီး ခေတ်မှီအောင် ပြင်ဆင်ဖို့လုပ်ခဲ့ပါတယ်။ အခုဆိုရင် လက်နက်တွေဟာ အရင်ကထက် အများကြီး အစွမ်းထက်လာပါပြီ။ ကျွန်တော်အနေနဲ့ ဒီစွမ်းအားတွေကို ဘယ်တော့မှ ထုတ်မသုံးချင်ပေမဲ့  ကျွန်တော်တို့နိုင်ငံက ကမ္ဘာအင်အားကြီးနိုင်ငံ ဖြစ်နေသ၍တော့ ဒီစွမ်းအားကို ထိမ်းသိမ်းထားရမှာပါ။ ”လို့ ရေးသားခဲ့ပါတယ်။ ထရမ့်အစိုးရရဲ့  ကာကွယ်ရေးဝန်ကြီးဖြစ်သူ ဂျိမ်းမတစ် (James Mattis) ကတော့ မြောက်ကိုရီးယားအနေနဲ့ နူကလီးယားလက်နက်များကို မစမ်းသပ်သင့်ကြောင်း ပြောဆိုခဲ့ပြီး ရလာဒ်က မြောက်ကိုရီးယား အစိုးရစနစ်ပြုတ်ကျသွားခြင်းနဲ့ မိမိပြည်သူတွေကိုပျက်ဆီးစေတာတွေပဲဖြစ်နိုင်မယ် လို့ပြောဆိုခဲ့ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်တိုင်လာဆန်ကတော့ (Rex Tillerson) မနေ့က ပစိဖိတ်သမုဒ္ဒရာရှိ ဂွမ်ကျွန်းကို သွားရောက်ခဲ့ပြီး ကျွန်းသူကျွန်းသားများကိုကာကွယ်ရေး အစီအစဉ်များနဲ့ ပတ်သတ်ပြီးလုပ်ဆောင်ပေးခဲ့ပါတယ်။ သို့ပေမဲ့ ဂွမ်ကျွန်းသားအများစုဟာ စိတ်တုန်လှုပ်ခြောက်ခြားနေကြပြီး အိမ်ဖြူတော်ရဲ့လုပ်ဆောင်ချက်တွေဟာ ငြိမ်းချမ်းရေးလမ်းစဉ်ကို ရောက်မယ်လို့ မယုံကြည်ကြဘူးလို့ဆိုပါတယ်။

ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ ဂွမ်ကျွန်းဟာ မြောက်ကိုရီးယားနဲ့ မိုင်ပေါင်း ၂၁၀၀ သာကွာဝေးပြီး မြောက်ကိုရီးယား ဒုံးကျည်များ ရောက်နိုင်တဲ့ အကွာအဝေးအတွင်းမှာရှိတဲ့ အတွက် မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်ခြင်းကို ခံနေရတာဖြစ်ပါတယ်။ စတုရန်းမိုင်ပေါင်း ၂၁၀ ခန့် ကျယ်ဝန်းတဲ့ ဒီကျွန်းလေးမှာ အမေရိကန်နိုင်ငံသား ၁သိန်း ၆သောင်းခန့်ရှိပြီး စစ်သားအင်အား ၄ ထောင်ခန့်ရှိပါတယ်။ မြောက်ကိုရီးယားဟာ တရုတ်နဲ့ ရုရှား ထောက်ခံထားပြီး ပြုလုပ်တဲ့ အမေရိကန်ရဲ့ ပိတ်ဆို့မှုအသစ်ကြောင့် အခုလို ခြိမ်းခြောက်မှု ပြုလုပ်တာဖြစ်ပြီး ပိတ်ဆို့မှုဟာ နူကလီးယား စမ်းသပ်ချက်များကို ပြုလုပ်တဲ့အတွက် ပိတ်ဆို့ခြင်းလည်း ဖြစ်ပါတယ်။ ဂျပန်၊ အမေရိကန်နဲ့တောင်ကိုရီးယားမှ ကျွမ်းကျင်သူများရဲ့အဆိုအရ ပြီးခဲ့တဲ့လက မြောက်ကိုရီးယားပစ်လွှတ်ခဲ့တဲ့ တိုက်အချင်းချင်းအကြားအထိ ရောက်နိုင်တဲ့ ဒုံးကျည်ဟာ မိုင်ပေါင်း ၂၃၀၀ ခန့်ဝန်းကျင်အထိ သွားနိုင်တယ် လို့သိရပါတယ်။

Ref : Sun News : tubby tyrant Kim Jong-un will be able to strike Guam NEXT WEEK with four ballistic missiles

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top