ကလေးတွေကို အစာကို ပလတ်စတစ် ဇွန်းခရင်းတွေနဲ့ မကျွေးပါနဲ့

17-8-2020-yyl-032.jpg

မိဘအနေနဲ့ မိမိတို့ရဲ့သားသမီးတွေကို ဂရုစိုက်ပေးဖို့လိုအပ်တဲ့ အရာများစွာရှိပါတယ်။ ကလေးကို ဘေးကင်းအောင် ထားတာအပြင် နောက်ထပ် အရမ်းအရေးကြီးတဲ့မိဘတာဝန်က ကလေးတွေ အာဟာရဓာတ်မှန်ကန်စွာရဖို့ပါပဲ။ ကလေးအတွက် မနက်စာ၊ နေ့လည်စာ၊ ညစာ၊ သွားရည်စာမုန့်တွေကို ပြင်ဆင်ရတာက လွယ်ကူတဲ့အလုပ်တော့မဟုတ်ပါဘူး။ သင့်ကလေးက အစာချေးများတဲ့သူဆိုရင် ပိုပြီးတောင် ခက်ခဲလာနိုင်ပါတယ်။

မိဘတွေက ကလေးအစာစားဖို့အတွက် အစားအစာကို စားချင်စဖွယ်ဖြစ်အောင်၊ ချစ်စရာကောင်းပြုလုပ်ပြီး ဖန်စီပလတ်စတစ်ဇွန်းခရင်းတွေနဲ့ ကျွေးဖို့ ကြိုးစားကြရပါတယ်။ ဒါပေမဲ့ ပလတ်စတစ်ဇွန်းခရင်းတွေက ကလေးတွေကို ဘေးဖြစ်စေနိုင်တယ်ဆိုတာကို သတိရလိုက်ပါ။ ကလေးအတွက် ဇွန်းခရင်းရွေးချယ်တဲ့အခါ မှန်မှန်ကန်ကန်ရွေးချယ်နိုင်ဖို့ အရေးကြီးပါတယ်။ ပလတ်စတစ်ဇွန်းခရင်းတွေက ကလေးတွေအတွက် ဘာလို့မသင့်တော်တာလည်းဆိုတာ ဆက်ဖတ်ရှုကြည့်ရအောင်..။

ပလတ်စတစ်ဇွန်း၊ ခရင်းတွေက အချိန်အကြာကြီးမခံပါဘူး။ အဆက်မပြတ်အသုံးပြုရင် အစအနကလေးတွေ ပဲ့ထွက်လာတတ်ပါတယ်။ ပစ္စည်းက BPA free ဖြစ်ရင်တောင် ကလေးတွေအတွက် ဘေးမကင်းပါဘူး။ တချို့တွေက BPA ကို ဘေးဖြစ်စေနိုင်တဲ့ အခြားဓာတုပစ္စည်းတွေနဲ့ အစားထိုးကြတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ပလတ်စတစ်က ပတ်ဝန်းကျင်နဲ့သဟဇာတမဖြစ်တဲ့ အရာဖြစ်တဲ့အပြင် ဆွေးမြေ့ပျက်စီးနိုင်ခြင်းလည်းမရှိပါဘူး။ အပိုင်းအစတွေအဖြစ် ကျိုးပဲ့သွားနိုင်ပါတယ်။

နှစ်တိုင်း ပလတ်စတစ်တန်ချိန်တော်တော်များများက သမုဒ္ဒရာအတွင်း ပြည့်လျံလို့နေပါတယ်။ ဒါကြောင့် ပလတ်စတစ်က ဘယ်တော့မှ ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်မှာမဟုတ်ပါဘူး။ မြေအောက်ရေကို ပျက်စီးစေတဲ့အပြင် တိရစ္ဆာန်တွေရဲ့အသက်ကိုလည်း အန္တရာယ်ဖြစ်စေပါတယ်။ ပလတ်စတစ်က သင် ထင်ထားတာထက် ပိုပြီး ဘေးဖြစ်စေပါတယ်။ ပလတ်စတစ်ကို ပြုလုပ်တဲ့အခါ ဘေးဖြစ်စေတဲ့ဓာတုပစ္စည်းတွေက လေထဲကို ထုတ်လွှတ်ပါတယ်။ ပလတ်စတစ်ကထွက်ရှိတဲ့အငွေ့တွေက ကင်ဆာရောဂါဖြစ်စေနိုင်တဲ့အပြင် ပလတ်စတစ်ထုတ်လုပ်တဲ့နေရာတစ်ဝိုက်မှာ နေထိုင်တဲ့သူတွေကို သွေးအရည်ကြည်ကင်ဆာကို စွဲကပ်သွားစေနိုင်ပါတယ်။

ပလတ်စတစ်ဇွန်းခရင်းက တစ်နေ့တာအပူချိန်နဲ့ တိုက်ချွတ်ဆေးကြောခြင်းကြောင့် တဖြည်းတဖြည်းနဲ့ ပျက်စီးပါတယ်။ ဒါကြောင့် ပလတ်စတစ်ဇွန်း၊ ခရင်းတွေကို ဘေးကင်းဖို့အတွက် အသုံးပြုမယ့်အစား စတီးဇွန်းကို ရွေးချယ်သင့်ပါတယ်။

Ref: Do not use plastic cutlery for your kids. Here’s why

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top