ဗီယက်နမ်မှာ အမျိုးသားတစ်ယောက်ရဲ့ဗိုက်ထဲမှ ငါးရှဉ့်အရှင်တစ်ကောင်ကို ခွဲစိတ်ဖယ်ရှားပေးခဲ့ရ

2.8.2024-yyl-3.png

ဗီယက်နမ်နိုင်ငံမှ ဆရာဝန်တွေဟာ အမျိုးသားတစ်ယောက်ရဲ့ ဝမ်းဗိုက်ထဲဝင်နေတဲ့ ငါးရှဉ့်အရှင်တစ်ကောင်ကို အရေးပေါ်ခွဲစိတ်ဖယ်ရှားပေးခဲ့ရပါတယ်။ ဇူလိုင်လ ၂၇ ရက်မှာ အသက် ၃၁ နှစ်အရွယ် အိန္ဒိယနိုင်ငံသားတစ်ယောက်ဟာ ဟနွိုင်းမြို့မှာရှိတဲ့ ဗီယက်ဒုဟိုတယ်ကို ရောက်လာပြီး သူ့ဗိုက်ထဲမှာ ငါးရှဉ့်အရှင်တစ်ကောင် ဝင်ကိုက်နေလို့ မခံမရပ်နိုင်အောင် နာကျင်နေကြောင်း ပြောခဲ့ပါတယ်။

အစပိုင်းမှာ ဆရာဝန်တွေက မယုံကြပေမဲ့ X-ray ရိုက်ကြည့်လိုက်တော့ သူ့ဗိုက်ထဲမှာ ရှည်မျောမျောပုံစံရှိတဲ့ ကျောရိုးပါသတ္တဝါတစ်ကောင်ကို တွေ့လိုက်ရလို့ အံ့အားသင့်သွားခဲ့ပါတယ်။ အဲဒီနောက် ကိုယ်တွင်းကြည့် ပညာရှင်အဖွဲ့နဲ့ မေ့ဆေးပညာရှင်အဖွဲ့ကို စုဖွဲ့ပြီး အမျိုးသားရဲ့စအိုဝကနေ ငါးရှဉ့်ကို ဆွဲထုတ်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ဒါပေမဲ့ ငါးရှဉ့်ကို ဖယ်ရှားဖို့အခက်တွေ့နေတာကြောင့် ခွဲစိတ်ဖယ်ရှားဖို့ စီစဉ်ခဲ့ကြပါတယ်။

ငါးရှဉ့်က အရှည် ၆၅ စင်တီမီတာ၊ လုံးပတ် ၁၀ စင်တီမီတာ ရှိပါတယ်။ အဲဒီအမျိုးသားဟာ ငါးရှဉ့်ကို သူ့ရဲ့စအိုထဲ ထည့်သွင်းခဲ့တာဖြစ်ပြီး ငါးရှဉ့်က အူမကြီးရဲ့ နောက်ဆုံးပိုင်းကို ကိုက်ပြီး ဝမ်းဗိုက်ထဲဝင်သွားလို့ မခံမရပ်နိုင်အောင် နာကျင်နေတာဖြစ်ပါတယ်။ သူ့အနေနဲ့ ငါးရှဉ့်ကို ဘာကြောင့် ထိုးသွင်းခဲ့လဲဆိုတာ တိတိကျကျ မသိရသေးပေမဲ့ စိတ်ခံစားမှုရဖို့ ဒီလိုလုပ်ခဲ့တာဖြစ်မယ်လို့ ဆရာဝန်တွေက ယူဆထားကြပါတယ်။

ဆရာဝန်တွေက ငါးရှဉ့်ကို ခွဲစိတ်ဖယ်ရှားပေးခဲ့ပြီးနောက် ငါးရှဉ့်ကိုက်ဖောက်ထားတဲ့ အူအပေါက်ကို ပြန်ချုပ်ပေးခဲ့ရပါတယ်။ လွန်ခဲ့တဲ့လအနည်းငယ်တုန်းကလည်း ဗီယက်နမ်နိုင်ငံကွမ်နင်ပြည်နယ်မှာရှိတဲ့ ဟိုင်ဟာခရိုင်ဆေးရုံမှာ ဆရာဝန်တွေက အမျိုးသားတစ်ဦးရဲ့ ဗိုက်ထဲကနေ ငါးရှဉ့်အရှင်တစ်ကောင်ကို ခွဲစိတ်ဖယ်ရှားပေးခဲ့ရဖူးပါတယ်။

Ref: Doctors Remove Live Eel from Man’s Abdomen After It Bites Through His Intestines
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top