ကမ္ဘာ့အကြီးဆုံး မီးတောင်ရှင် ပေါက်ကွဲ

29-11-2022-yyl06.jpg

ကမ္ဘာ့အကြီးဆုံး မီးတောင်ရှင်ဖြစ်တဲ့ ဟာဝိုင်အီကျွန်းပေါ်က မော်နာလိုအာမီးတောင်ဟာ နှစ် ၄၀ နီးပါးအတွင်း ပထမဆုံးအကြိမ် ပေါက်ကွဲခဲ့ပါတယ်။ မီးတောင်ချော်ရည်တွေကို တောင်ထိပ်မှာပဲ တားဆီးနိုင်ခဲ့ပေမဲ့ ဒေသခံတွေကို သတိပေးချက် ထုတ်ပြန်ထားရပြီး မီးတောင်ပြာတွေ ကျလာနိုင်တာကို သတိပေးထားပါတယ်။

ပြီးခဲ့တဲ့တနင်္ဂနွေနေ့ ဒေသစံတော်ချိန် ၁၁ နာရီခွဲမှာ မီးတောင်ပေါက်ကွဲခဲ့တာပါ။ လက်ရှိအခြေအနေက အချိန်တိုအတွင်း ပြောင်းလဲသွားနိုင်တယ်လို့ အမေရိကန် ဘူမိဗေဒတိုင်းတာရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့ ရွှေ့ပြောင်းဖို့ ညွှန်ကြားချက် ထုတ်ပြန်ထားခြင်း မရှိသေးသလို လက်ရှိအဆင့်မှာ လူနေထူထပ်တဲ့ဒေသတွေကို သက်ရောက်မှု မရှိနိုင်သေးဘူးလို့ အရေးပေါ် အရာရှိတွေက ပြောပါတယ်။

ဟာဝိုင်အီကျွန်းရဲ့ မီးတောင်များဆိုင်ရာ အမျိုးသားဥယျာဉ်အတွင်း တည်ရှိတဲ့ မော်နာလိုအာမီးတောင်ဟာ ဟာဝိုင်အီကျွန်းတစ်ဝက်လောက်ကို ဖုံးလွှမ်းထားပါတယ်။ ပင်လယ်ရေမျက်နှာပြင်အထက် ၁၃၆၇၉ ပေမှာ တည်ရှိပြီး စတုရန်းမိုင် ၂၀၀၀ ကျော် ကျယ်ဝန်းပါတယ်။ မကြာသေးမီကာလအတွင်း ငလျင်လှုပ်မှုတွေ၊ တုန်ခါမှုတွေ ဖြစ်ပွားခဲ့ပြီးနောက် အခုလို မီးတောင်ပေါက်ကွဲခဲ့တာပါ။

Ref: Mauna Loa: World’s largest active volcano erupts in Hawaii

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top