ဓမ္မတာလာတာမမှန်တဲ့ အမျိုးသမီးတွေ စားပေးသင့်တဲ့ အစားအစာတွေ

irregular-periods.jpg

အမျိုးသမီးတိုင်းဟာ မတူကွဲပြားတဲ့ဓမ္မတာလက္ခဏာရပ်တွေကို ကြုံတွေ့ကြရပါတယ်။ ဒါပေမဲ့ ဓမ္မတာလာချိန် အမျိုးသမီးတွေ အဖြစ်များဆုံးလက္ခဏာရပ်တချို့ကတော့ ဗိုက်အောင့်တာ၊ ခြေထောက်နာကျင်တာ၊ ကျောနာတာ၊ ရင်သားနာတာတွေဖြစ်ပါတယ်။ လတိုင်း (၄ ရက်ကနေ ၈ ရက်ကြာ) ဓမ္မတာလာတယ်ဆိုရင် ဓမ္မတာလာတာ ပုံမှန်ဖြစ်ပြီး ကျန်းမာတဲ့လက္ခဏာဖြစ်ပါတယ်။ ဒါပေမဲ့ အမျိုးသမီးတိုင်းတော့ ဓမ္မတာလာတာမမှန်တာကို ကျွန်မတို့အားလုံးသိကြပါတယ်။ တချို့အမျိုးသမီးတွေက ဓမ္မတာလာတာနဲ့ပတ်သက်ပြီး အဲဒီပြဿနာကို အများဆုံးကြုံတွေ့နေရတာပါ။

ဓမ္မတာလာတာကို ထိခိုက်စေနိုင်တဲ့အရာတွေရှိပါတယ်။ စိတ်ဖိစီးတာ၊ ဟော်မုန်းမညီမျှတဲ့ပြဿနာတွေကြောင့် ဓမ္မတာမမှန်တာဖြစ်တတ်ပါတယ်။ ပုံမှန်လာနေကြအတိုင်း ဓမ္မတာလာချိန်မမှန်ဘူးဆိုရင် အမျိုးမျိုးသောကျန်းမာရေးပြဿနာတွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် နောက်ဆုံးဓမ္မတာလာတဲ့ရက်ကို မှတ်ထားပြီး နောက်လမှာလည်း အဲအချိန်ပဲ အချိန်မှန်ဓမ္မတာလာလားဆိုတာကို စစ်ဆေးကြည့်ဖို့ လိုအပ်ပါတယ်။ ဓမ္မတာမမှန်တဲ့အမျိုးသမီးတွေ စားပေးသင့်တဲ့ အစားအစာတွေကို မျှဝေပေးလိုက်ရပါတယ်။

သစ်ကြံပိုးခေါက်

သစ်ကြံပိုးခေါက်က ဓမ္မတာဆိုင်ရာပြဿနာတွေနဲ့ပတ်သက်ရင် အတော်လေးအစွမ်းထက်ပါတယ်။ ဓမ္မတာမှန်အောင် သစ်ကြံပိုးခေါက်က ကူညီပေးနိုင်ပြီး ဓမ္မတာလာချိန်အတွင်းဖြစ်တတ်တဲ့ နာကျင်ကိုက်ခဲမှုတွေကိုလည်း သက်သာစေနိုင်ပါတယ်။

ချင်း (ဂျင်း)

ချင်းကလည်း ဓမ္မတာကြောင့် နာကျင်ကိုက်ခဲခြင်းလက္ခဏာတွေကို သက်သာအောင် ကူညီပေးတဲ့အပြင် ဓမ္မတာမှန်အောင်လည်း ကူညီပေးပါတယ်။ ဓမ္မတာမလာခင် (၇) ရက်မှာ ချင်းကို စားသုံးပေးဖို့ အကြံပြုထားကြပါတယ်။ ဓမ္မတာလာချိန် သွေးဆုံးရှုံးမှုပမာဏကိုလည်း လျော့ချပေးနိုင်စွမ်းရှိပါတယ်။

နာနတ်သီး

နာနတ်သီးက ဓမ္မတာမမှန်တဲ့သူတွေအတွက် အိမ်တွင်းနည်းတစ်ခုပါပဲ။ နာနတ်သီးမှာ သားအိမ်နံရံကို နူးညံ့စေတဲ့အင်ဇိုင်းဓာတ်ပါဝင်ပြီး ဓမ္မတာမမှန်တာကို ကူညီပေးနိုင်ပါတယ်။ ဓမ္မတာလာချိန် နာကျင်ကိုက်ခဲမှုတွေကိုလည်း သက်သာသွားအောင်လည်းကူညီပေးနိုင်ပါတယ်။

ပန်းသီးအရက်ဗင်နီဂါ

ပန်းသီးအရက်ဗင်နီဂါကို သောက်သုံးပေးတာက ဓမ္မတာမှန်အောင်ကူညီပေးပါတယ်။ ပန်းသီးအရက်ဗင်နီဂါကို ရေရောပြီးမှသာ သောက်သုံးပေးသင့်ပါတယ်။

ဇီယာစေ့

ဇီယာစေ့ကလည်း သားအိမ်ကြွက်သားတွေ ကျုံ့သွားအောင်၊ ဓမ္မတာမှန်အောင် ကူညီပေးပါတယ်။ တစ်ညလုံးရေစိမ်ထားတဲ့ ဇီယာကို မနက်ခင်းမှာ ရေနွေးနွေးလေးနဲ့ စားသုံးပေးလို့ရပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top