ဒိုမီနီကန်နိုင်ငံမှာ ညကလပ်ခေါင်မိုးပြိုကျလို့ အနည်းဆုံး လူ ၉၈ ဦး သေဆုံး

domeni.jpg

ဒိုမီနီကန်နိုင်ငံမှာ ညကလပ်ခေါင်မိုး ပြိုကျလို့ အနည်းဆုံး လူ ၉၈ ဦး သေဆုံးပြီး လူ ၁၅၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ ပြီးခဲ့တဲ့အင်္ဂါနေ့ နံနက်အစောပိုင်းက ဒိုမီနီကန်နိုင်ငံမြို့တော် ဆန်တိုဒိုမင်ဂိုမြို့မှ  Jet Set ညကလပ်မှာ နာမည်ကျော်အဆိုတော် ရက်ဘီပီရက်ဇ်ရဲ့ ဖျော်ဖြေပွဲကျင်းပနေတုန်း ခေါင်မိုးပြိုကျခဲ့တာ ဖြစ်ပါတယ်။

ဒီဖြစ်ရပ်မှာ ပြည်နယ်အုပ်ချုပ်ရေးမှူး ဒိုတယ်၊ အဆိုတော် ရက်ဘီပီရက်ဇ်တို့လည်း သေဆုံးခဲ့ပါတယ်။ လက်ရှိအချိန်အထိ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်နေဆဲဖြစ်လို့ သေဆုံးသူအရေအတွက် ထပ်မံမြင့်တက်လာနိုင်သေးတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

Ref: Dominican Republic nightclub collapse kills 98

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply