မေးစေ့ပေါ်မှာ ဂစ်တာကို ၁ နာရီခွဲကျော် ဟန်ချက်ထိန်းပြပြီး ဂင်းနက်စ်စံချိန် တင်ခဲ့သူ

12-10-2022-yyl-37.jpg

အမေရိကန်နိုင်ငံသား ဒေးဗစ်ရက်ရှ်က မေးစေ့ပေါ်မှာ ဂစ်တာကို ၁ နာရီခွဲကျော် ဟန်ချက်ထိန်းပြပြီး ဂင်းနက်စ်စံချိန်သစ် တင်ခဲ့ပါတယ်။ သူဟာ သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာနဲ့ သင်္ချာပညာရပ်တွေကို ပေါင်းစပ်ထားတဲ့ STEM (science, technology, engineering and math) ပညာရေးကို လူသိများလာစေဖို့အတွက် ဂင်းနက်စ်ကမ္ဘာ့စံချိန် ၂၅၀ နီးပါးကို ချိုးဖျက်ခဲ့သူပါ။

သူဟာ အရင်တုန်းက မေးစေ့ပေါ်မှာ ဂစ်တာကို ၁ နာရီ၊ ၁၂ မိနစ်၊ စက္ကန့် ၄၀ ကြာ ထိန်းပြပြီး ဂင်းနက်စ်စံချိန် တင်ခဲ့ဖူးပေမဲ့ အဲဒီစံချိန်ကို စပိန်နိုင်ငံသား ရိုဒရီဂွက်ဇ်က ၁ နာရီ၊ ၁၃ မိနစ်၊ ၂၅ စက္ကန့်( ၄၅ စက္ကန့်အသာနဲ့) ချိုးခဲ့လို့ အခုလို စံချိန်သစ်တင်ဖို့ ကြိုးစားခဲ့တာပါ။

မေးစေ့ပေါ်မှာ ဂစ်တာကိုတင်ပြီး အချိန်အကြာကြီး ဟန်ချက်ထိန်းရတဲ့အခါ အင်မတန်နာကျင်လွန်းတဲ့အတွက် ၁ နာရီ၊ ၃၅ မိနစ်အကြာမှာပဲ ရပ်တန့်လိုက်ရတာ ဖြစ်တယ်လို့ ဒေးဗစ်ရက်ရှ်က ဆိုပါတယ်။

Ref: Idaho man balances guitar on his chin for 1 hour, 35 minutes

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top