ဂျပန်နိုင်ငံမှ Domino’s Pizza ကုမ္ပဏီရဲ့ ပို့ဆောင်သူတစ်ဦးဟာ ဂျပန်နိုင်ငံရဲ့အမြင့်ဆုံး ဖူဂျီတောင်ထိပ်အထိ ပီဇာ သွားပို့ပေးခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်မှာ @fatmanairsoft လို့ အမည်ပေးထားတဲ့ တွစ်တာအသုံးပြုသူက ဖူဂျီတောင်ထိပ်ကို ပီဇာ သွားပို့ပေးခဲ့တဲ့အကြောင်း တွစ်တာပေါ် တင်ခဲ့တာပါ။
ဖူဂျီတောင်ဟာ ၃၇၇၆ မီတာမြင့်ပြီး ပို့ဆောင်ချိန် ၆ နာရီ ကြာမြင့်ခဲ့ပါတယ်။ သူဟာ ၆ နာရီကြာ အချိန်ယူပို့ဆောင်ပေးခဲ့ပေမဲ့ ပို့ဆောင်ခကိုတော့ ဂျပန်ယန်း ၃၇၇၆ ( အမေရိကန်ဒေါ်လာ ၂၇ ဒေါ်လာခွဲ)ပဲ ယူခဲ့တာပါ။
Ref: Domino’s employee stuns everyone by delivering a pizza to the top of Mount Fuji
NZ ( ရိုးရာလေး)