ကိုယ်ပိုင်လူမှုကွန်ရက်သစ် ဖန်တီးဖို့ စဉ်းစားနေတဲ့ အီလွန်မက်စ်

29-2-2022-yyl01.jpg

လူမှုကွန်ရက်သစ် ဖန်တီးဖို့ အမှန်တကယ် စဉ်းစားနေတယ်လို့ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မက်စ်က တွစ်တာပေါ်မှာ ရေးသားခဲ့ပါတယ်။ တွစ်တာက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်မရှိဘူးလို့ ဝေဖန်ခဲ့ပြီးနောက်မှာ အီလွန်မက်စ်က အခုလို ပြောခဲ့တာပါ။ ” တွစ်တာက ပြည်သူ့ရင်ပြင်လို ဝန်ဆောင်ပေးရမှာဖြစ်ပေမဲ့ လွတ်လပ်စွာပြောဆိုခွင့် အခြေခံစည်းမျဉ်းတွေကို မလိုက်နာတာက ဒီမိုကရေစီစနစ်ကို ထိခိုက်စေပါတယ်။ ဒီတော့ ဘာလုပ်သင့်လဲ” ဆိုပြီး ပြီးခဲ့တဲ့သောကြာနေ့မှာ ဝေဖန်ခဲ့တာပါ။ အဲဒီနောက်မှာတော့ လူမှုကွန်ရက်သစ် တည်ထောင်ဖို့ လိုအပ်ပြီလားလို့ ရေးသားခဲ့ပါတယ်။

၂၀၁၈ ခုနှစ်မှာ Securities and Exchange Commission(SEC) နဲ့ သဘောတူညီချက်အရ အီလွန်မက်စ်ဟာ Tesla ကုမ္ပဏီနဲ့ပတ်သက်ပြီး တွစ်တာပေါ်မှာ ရေးမယ်ဆိုရင် ကုမ္ပဏီရဲ့ တခြားအမှုဆောင်အရာရှိတွေဆီကနေ ခွင့်ပြုချက်တောင်းခံဖို့ လိုအပ်ပါတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာလမှာ အီလွန်မက်စ်က Tesla ကုမ္ပဏီရဲ့ ရှယ်ယာ ၁၀ ရာခိုင်နှုန်းကို ရောင်းသင့်လားဆိုပြီး တွစ်တာပေါ်မှာ ရေးခဲ့ဖူးပါတယ်။ အဲဒီရေးသားချက်ကြောင့် Tesla ကုမ္ပဏီရဲ့ ရှယ်ယာ ထုတ်ရောင်းမှုတွေ ဖြစ်လာတယ်ဆိုပြီး SEC က Tesla ကုမ္ပဏီကို ဆင့်ခေါ်စာ ပို့ခဲ့ပါတယ်။ SEC ရဲ့ လုပ်ရပ်ဟာ အနိုင်ကျင့်ရာရောက်တယ်လို့ အီလွန်မက်စ်က ဆိုခဲ့ပါတယ်။

အီလွန်မက်စ်က ဆင့်ခေါ်စာကို တုံ့ပြန်စိန်ခေါ်ခဲ့တာနဲ့ပတ်သက်ပြီး အခုတစ်ပတ် အစောပိုင်းမှာ SEC ရဲ့ စည်းမျဉ်းထိန်းသိမ်းသူတွေက အီလွန်မက်စ်ရဲ့ တွစ်တာပေါ်က ရေးသားချက်တွေကို ဆက်လက်စောင့်ကြည့်ခွင့်ပြုဖို့ ပြည်ထောင်စု တရားသူကြီးထံ တင်ပြခဲ့ပါတယ်။ အီလွန်မက်စ် မတိုင်ခင်ကလည်း ထင်ပေါ်ကျော်ကြား လူသိများသူတွေ၊ နည်းပညာကုမ္ပဏီကြီးတွေက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အတွက် လှုပ်ရှားတယ်ဆိုပြီး လူမှုကွန်ရက်တွေ၊ ကိုယ်ပိုင်ပလက်ဖောင်းတွေ တည်ထောင်ခဲ့ဖူးပါတယ်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှာ တွစ်တာလူမှုကွန်ရက်ကနေ ပိတ်ပင်ခံခဲ့ရတဲ့ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ Trump Media and Technology Group ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာ Truth Social လူမှုကွန်ရက်ကို တည်ထောင်ခဲ့ပါတယ်။

Ref: CNN “Elon Musk says he’s seriously considering creating a new social media platform”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top