ကလေးဘဝတည်းက အခုအချိန်ထိ ဆင်တူဝတ်စုံဝတ်ဆင်တာကို မပျက်ကွက်ခဲ့တဲ့ အမြွှာအဘွား ၂ ဦး

19.10.23-yyl-20.jpg

ယူးတားပြည်နယ်က ဒီအမြွှာအဘွား ၂ ဦးကတော့ အမြွှာဆိုတဲ့အတိုင်း ဆင်တူဝတ်စုံဝတ်ဆင်တာကို တစ်ရက်မှ မပျက်ကွက်ခဲ့ပါဘူး။ အသက် ၈၄ နှစ်ရှိပြီဖြစ်တဲ့ အန်နီ မက်ကွင်းနဲ့ ဆူဆန် ဘရစ်ဂျ်စ်တို့ဟာ ကလေးဘဝတည်းက ဆင်တူဝတ်စုံ (ဒါမှမဟုတ်) အရောင်တူဝတ်စုံတွေကို ဝတ်ဆင်လာခဲ့တာပါ။

“ကျွန်မတို့ ဆင်တူဝတ်စုံဝတ်ရတာကို ကြိုက်တယ်။ အမြဲတမ်းဝတ်ဆင်ခဲ့တာပါ။ ဆင်တူဝတ်စုံမဟုတ်ဘူးဆိုရင် အရောင်တူဝတ်စုံပါပဲ။ ဖက်ရှင်ပိုင်းမှာ ကြိုက်တာချင်းတူကြပါတယ်။ ကျွန်မတို့ထဲက တစ်ယောက်မဟုတ်တစ်ယောက်က တစ်ခုခုဝယ်တိုင်း ဆင်တူဝတ်ဖို့ဝယ်ဖြစ်ပါတယ်”လို့ ဒီအမြွှာအဘွား ၂ ဦးက ပြောပါတယ်။

အငြိမ်းစားဆရာမတွေဖြစ်ပြီး ကလေး ၄ ဦးရှိတဲ့ သူတို့ ၂ ဦးက လူအများရဲ့အာရုံစိုက်မှုကို ရရှိခဲ့ကြပါတယ်။ သူတို့နှစ်ဦးကို အတူတူတွေ့တဲ့အခါ လူတွေက အမြဲငေးစိုက်ကြည့်ကြပါတယ်။ ဆင်တူဝတ်ထားကြတဲ့ အမြွှာအဘွားကြီးတွေဖြစ်တဲ့အတွက် ရပ်ပြီး ငေးကြည့်ကြကာ ပြုံးပြကြတဲ့အပြင် စကားလည်း ပြောချင်ကြပါတယ်။

အခုဆို သူတို့နှစ်ဦးရဲ့အကြောင်းက TikTok ပေါ်ရောက်လာပါပြီ။ သူတို့ရဲ့မြေးဖြစ်သူ မိုက်ကယ် မက်ကာလ်ဖီက သူတို့နှစ်ဦးရဲ့တစ်နေ့တာဝတ်စုံတွေကို မကြာခဏမှတ်တမ်းတင်ပြီး TikTok ပေါ်မှာ တင်ခဲ့တာပါ။ တချို့ဗီဒီယိုတွေဆိုရင် ကြည့်ရှုသူ ၁၇ သန်းကျော်နေပါပြီ။

Ref: Twin Grandmas Have Worn Matching Outfits Every Day for Decades: ‘We Love to Wear the Same Clothes’

WL(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top