ကမ္ဘာ့အကြီးဆုံး သင်္ဘောမကရိန်း

20.10.23-yyl-1.jpg

တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ်မှာ တည်ရှိတဲ့ ဂေါ်ပီတန်သင်္ဘောမ ကရိန်းဟာ ကမ္ဘာ့အကြီးဆုံး သင်္ဘောမကရိန်းဖြစ်ပါတယ်။ ဂေါ်ပီတန်သင်္ဘောမကရိန်းဟာ ယန်ဇီမြစ်ရဲ့ မြစ်လက်တက်ဖြစ်တဲ့ ဝူမြစ်ပေါ်မှာ တည်ရှိပြီး ဂေါ်ပီတန် ရေအားလျှပ်စစ်စက်ရုံမှာ တည်ဆောက်ထားတာဖြစ်ပါတယ်။

‌ဂေါ်ပီတန် သင်္ဘောမကရိန်းကြီးကို ဟိုက်ဒရောလစ် ကရိန်း ၃ ခုနဲ့ ဖွဲ့စည်းထားပြီး ၂.၃ ကီလိုမီတာ ရှည်လျားတဲ့ တူးမြောင်းနဲ့ ချိတ်ဆက်ထားတာပါ။ တန်ချိန် ၁၈၀၀ အထိ မတင်နိုင်စွမ်းရှိပြီး တစ်မိနစ်ကို ၈ မီတာ အမြန်နှုန်း မတင်နိုင်ပါတယ်။ ပိတ်ဆို့မှု ဖြစ်နိုင်ခြေကို ရှောင်ကျဉ်းပြီး သင်္ဘော မတင်နိုင်စွမ်းကို အမြင့်ဆုံးဖြစ်စေဖို့အတွက် အဆင့် ၃ ဆင့် ခွဲခြားထားပါတယ်။

ကရိန်း ၃ ခုကို ကိုယ်ပိုင်စနစ်နဲ့ လှုပ်ရှားစေတာဖြစ်လို့ ကရိန်း ၃ ခုဟာ တပြိုင်တည်းမှာပဲ သင်္ဘော ၁ စင်းစီကို မတင်ပေးနိုင်စွမ်းရှိပါတယ်။ တန်ချိန် ၅၀၀ ရှိတဲ့ သင်္ဘောတစ်စင်းကို (ပျမ်းမျှအားဖြင့် ခရီးသည်တင် သင်္ဘောတစ်စင်းရဲ့တန်ချိန်) မတင်ဖို့ အချိန် ၁၀ မိနစ်ပဲ ကြာမြင့်မှာပါ။

ဂေါ်ပီတန် သင်္ဘောမကရိန်း မတင်ခင် ကမ္ဘာ့အကြီးဆုံးသင်္ဘောမကရိန်းအဖြစ် စံချိန်တင်ခဲ့တာကလည်း တရုတ်နိုင်ငံရဲ့ မြစ်ကျဉ်းသုံးသွယ် ရေအားလျှပ်စစ်စက်ရုံမှာ တည်ရှိတဲ့ သင်္ဘောမကရိန်းဖြစ်ပါတယ်။ အဲဒီကရိန်းဟာ ဂေါ်ပီတန်သင်္ဘောမကရိန်းထက် ၁၄ မီတာပဲ နိမ့်ပါတယ်။

Ref:The World’s Largest Shiplift Is an Impressive Feat of Engineering

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top