ပါရီမြို့က ကြီးကျယ်ခမ်းနားတဲ့ပွဲတစ်ခုကို ဖိတ်ကြားခံရတဲ့ ဒွန်နီယန်းရဲ့သမီး

10.11.23-yyl-9.jpg

အက်ရှင်စူပါစတား ဒွန်နီယန်းရဲ့ အသက် ၁၉ နှစ်အရွယ် သမီးဖြစ်သူ ဂျက်စမင် ယန်းဟာ ကမ္ဘာ့ကြီးကျယ်ခမ်းနားဆုံးပါတီပွဲတွေထဲက တစ်ခုဖြစ်တဲ့ ပါရီမြို့က Le Bal des Debutantes ပွဲကို ဖိတ်ကြားခံခဲ့ရပါတယ်။ Le Bal လို့ သိကြတဲ့ ဒီပွဲကို ကျေးဇူးတော်နေ့ရက်သတ္တပတ်မှာ နှစ်စဉ်ကျင်းပလေ့ရှိပါတယ်။ နှစ်တိုင်း ကမ္ဘာ့အကျော်ကြားဆုံးနဲ့ဩဇာကြီးမားတဲ့မိသားစုတွေထဲက အမျိုးသမီးငယ် အယောက် ၂၀ လောက်ကိုပဲ စာရင်းထည့်သွင်းထားတာပါ။

အရင်က ဒီပွဲကို မင်းသားကြီးဂျက်လီရဲ့သမီးဖြစ်သူ ဂျိန်းလီလည်း တက်ရောက်ခဲ့ဖူးပါတယ်။သူက ရုပ်ရည်ကြည့်ကောင်းရုံသာမက သူ့ရဲ့ဂီတစွမ်းရည်ရှိတဲ့သူတစ်ယောက်ပါ။ ဂျက်စမင်ယန်းက မကြာသေးခင်ကမှ အဆိုတော်အဖြစ် ပွဲဦးထွက်ခဲ့တာပါ။ ဘောစတွန်က Berklee College of Music မှာ ဒုတိယနှစ်တက်ရောက်နေတဲ့ ဂျက်စမင်က အဆိုတော်အဖြစ် အသက်မွေးဝမ်းကြောင်းပြုဖို့အတွက် ပညာသင်ကြားတာကို နားထားပါတယ်။ စက်တင်ဘာလက သီချင်း ၈ ပုဒ်ပါတဲ့ TBH အယ်လ်ဘမ်ကို ထွက်ရှိခဲ့ပါတယ်။

Ref: Donnie Yen’s Gorgeous 19-Year-Old Daughter Invited To Prestigious Debutante Ball In Paris

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top