Samsung ရဲ့ စွမ်းဆောင်ရည်အမြင့်ဆုံး နောက်ဆုံးပေါ်ထုတ်ကုန်တွေရဲ့ Epic Feature တွေကို ပိုမိုသက်သာတဲ့ စျေးနှုန်းနဲ့ ရရှိနိုင်မယ့် Galaxy FE Series

10.11.23-yyl-1.jpg

Samsung Myanmar ဟာ Epic ဖြစ်တဲ့ အတွေ့အကြုံကို ပေးစွမ်းနိုင်မယ့် Samsung Galaxy Ecosystem ရဲ့ နောက်ဆုံးထွက် Fan Edition (FE) ထုတ်ကုန်တွေဖြစ်တဲ့ Galaxy S23 FE၊ Galaxy Tab S9 FE၊ Galaxy Tab S9 FE+ နဲ့ Galaxy Buds FE အသစ်တို့ကို မြန်မာနိုင်ငံအတွက် စတင်မိတ်ဆက်ပေးလိုက်ပြီဖြစ်ပါတယ်။ Samsung Galaxy Fan Edition ထုတ်ကုန်တွေဟာ သူမတူဘဲ ထူးခြားပြီး ကြံ့ခိုင်တဲ့ ဒီဇိုင်း၊ အဆင့်မြင့် စွမ်းဆောင်ရည်၊ နောက်ဆုံးပေါ် အရည်အသွေးမြင့် ကင်မရာ၊ အကောင်းမွန်ဆုံး အသံအရည်အသွေးတွေ အပါအဝင် အရည်အသွေးမြင့်လုပ်ဆောင်ချက်တွေ များစွာပါဝင်တယ်လို့ လူသိများသလိုပဲ အခု အသစ်ထွက်ရှိလာတဲ့ Galaxy FE ထုတ်ကုန်သစ်တွေဟာလည်း Epic အဖြစ်ဆုံး Galaxy Fan Edition မော်ဒယ်သစ်တွေဖြစ်လာတာပဲ ဖြစ်ပါတယ်။

ထူးခြားလှပတဲ့ ဒီဇိုင်း၊ ပရိုအဆင့် ကင်မရာ၊ ချောမွေ့တဲ့ ဂိမ်းကစားမှုအတွေ့အကြုံတွေနဲ့ Epic moment တွေကို စတင်နိုင်စေမယ့် Galaxy S23 FE

Galaxy S23 FE စမတ်ဖုန်းအသစ်ဟာ Samsung ရဲ့ စွမ်းဆောင်ရည်အမြင့်ဆုံး Galaxy S Series စမတ်ဖုန်းတွေလိုပဲ ပရီမီယံဆန်တဲ့ ဒီဇိုင်းနဲ့ ထွက်ရှိလာတာဖြစ်ပြီး ပိုမိုပြောင်လက်တောက်ပတဲ့ မျက်နှာပြင်၊ Floating ကင်မရာ အသစ်နဲ့ IP68 အဆင့်ရှိတဲ့ ရေနဲ့ ဖုန်ဒဏ် ကာကွယ်မှုတွေပါ အရည်အသွေးမြင့်မားစွာနဲ့ ပါဝင်လာတာပဲ ဖြစ်ပါတယ်။ ပြန်လည် recycled ပြုလုပ်ပြီး အသုံးပြုထားတဲ့ အစိတ်အပိုင်းတွေနဲ့ ထုတ်ပိုးမှုတွေကြောင့် သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းရာမှာ တဖက်တလမ်းက အကျိုးပြုနေသလို ကြာရှည်ခံ၊ ကြံ့ခိုင်မှု ရှိပြီး နေ့စဉ်အသုံးပြုဖို့အတွက် လုပ်ဆောင်နိုင်စွမ်းတွေကလည်း အကောင်းဆုံးဖြစ်နေမှာပဲ ဖြစ်ပါတယ်။

Galaxy S23 FE မှာ Epic အဖြစ်ဆုံး အမိုက်စား ပုံနဲ့ ဗီဒီယိုတွေ ရိုက်ကူးနိုင်စေဖို့အတွက် ကျောဘက်မှာ 50MP Wide Camera၊ 12MP Ultra-Wide Camera နဲ့ 8MP Tele (3X) Camera စတဲ့ ပရိုအဆင့်ရှိတဲ့ ကင်မရာ ၃ လုံး တပ်ဆင်ပေးထားပြီး၊ ကြည်လင်လှပတဲ့ အလှပုံရိပ်တွေ ရိုက်ကူးနိုင်စေမယ့် 10MP Selfie Camera လည်း ပါဝင်လာပါတယ်။ ညဘက်နဲ့ အလင်းရောင်အားနည်းနေချိန်မှာလည်း ကြည်လင်ပြတ်သားပြီး သဘာဝကျတဲ့ အရောင်အရည်အသွေးနဲ့ လှပတဲ့ပုံတွေ ရိုက်ကူးနိုင်စေဖို့ Galaxy S23 FE ရဲ့ Nightography လုပ်ဆောင်ချက်ကလည်း ကူညီပေးဦးမှာပါ။ Advanced Digital Image Stabilization (VDIS) နဲ့ Optical Image Stabilizer (OIS) တွေကြောင့် လှုပ်ရှားနေတဲ့ အချိန်မှာတောင် မဝါးသွားဘဲ ပြတ်သားတဲ့ ရိုက်ချက်တွေကိုလည်း ကျောဘက် ကင်မရာနဲ့ ဖန်တီးနိုင်ဦးမှာပဲ ဖြစ်ပါတယ်။

Galaxy S23 FE ရဲ့ တောက်ပ ကြည်လင်ပြီး အသုံးပြုရာမှာ​လည်းအလွန်ချောမွေ့ မြန်ဆန်စေတဲ့ ၆.၄ လက်မ ရှိ Dynamic AMOLED 2X မျက်နှာပြင် နဲ့ 120Hz Adaptable Refresh Rate တွေကြောင့် နေ့စဉ်အသုံးပြုမှုများမှအစ ဂိမ်းကစားရာမှာအထိ အကောင်းမွန်ဆုံး အတွေ့အကြုံကို ခံစားအသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်။ စွမ်းဆောင်ရည်မြင့်မားတဲ့ Exynos 2200 (4nm) processor ကလည်း ချောမွေ့ကောင်းမွန်တဲ့ လုပ်ဆောင်ချက်အရည်အသွေးတွေကို ရရှိစေဦးမှာပါ။ ကြီးမားပြီး ကြာရှည်ခံတဲ့ 4500mAh ဘက်ထရီကြောင့် တစ်နေ့တာ လုပ်ဆောင်လိုသမျှကို စိတ်တိုင်းကျ အသုံးပြုနိုင်မှာ ဖြစ်တဲ့အပြင် 25W Super-Fast Charging စနစ်လည်း ပါဝင်လာတဲ့အတွက် 0-50% အားပြည့်ရန် မိနစ် ၃၀ ခန့်သာ လိုအပ်မှာဖြစ်ပါတယ်။ Galaxy S23 FE ကို စွဲမက်ဖွယ် အရောင်အသစ်တွေဖြစ်တဲ့ Mint, Purple နဲ့ Graphite အရောင် ၃ ရောင်နဲ့ ရရှိနိုင်မှာဖြစ်ပြီး 8GB RAM၊ 256GB ROM Storage နဲ့ ဝယ်ယူနိုင်မှာပဲ ဖြစ်ပါတယ်။

စိတ်ကူး၊ အကြံဥာဏ်တွေကို အချိန်နေရာမရွေး S-Pen တစ်ချောင်းနဲ့ Epic ဖြစ်အောင် ပုံဖော်နိုင်စေမယ့် Samsung Galaxy Tab S9 FE နဲ Galaxy Tab S9 FE+

Samsung ရဲ့ နောက်ဆုံးပေါ် Flagship တက်ဘလက် တစ်ခုဖြစ်တဲ့ Galaxy Tab S9 Series ရဲ့ ပရီမီယံ အဖြစ်ဆုံးအတွေ့အကြုံနဲ့ အမိုက်စား လုပ်ဆောင်ချက်တွေ ပါဝင်ပြီး Epic ဖြစ်တဲ့ ဖန်တီးမှုတွေ ပြုလုပ်နိုင်စေရုံသာမကဘဲ ပိုသက်သာတဲ့ဈေးနဲ့ ရရှိနိုင်မယ့် Galaxy Tab S9 FE Series ဟာ Samsung ချစ်သူတွေ အကြိုက်တွေ့စေမယ့် Fan Edition ထုတ်ကုန်တစ်ခုပဲဖြစ်ပါတယ်။ Galaxy Tab S9 Series မှာလိုပဲ Galaxy Tab S9 FE နဲ့ Galaxy Tab S9 FE+ နှစ်မျိုးလုံးသာမက S Pen တွေမှာပါ IP68 အဆင့်သတ်မှတ်ချက်ပါဝင်လာတဲ့အတွက် ရေဒဏ်၊ ဖုန်ဒဏ်ခံနိုင်တာကြောင့် နေရာအချိန်အခါမ‌ရွေး စိတ်ကူးတွေကို အကောင်းဆုံး ထုတ်ဖော်ဖန်တီးနိုင်မှာပဲဖြစ်ပါတယ်။

Galaxy Tab S9 FE မှာ ၁၀.၉ လက်မ မျက်နှာပြင် နဲ့ Galaxy Tab S9 FE+ မှာ ၁၂.၄ လက်မ မျက်နှာပြင်ပါရှိတာ​ကြောင့် ကြီးမားကျယ်ပြန့်ပြီး အရောင်အသွေးစိုတဲ့ မျက်နှာပြင်အရည်အသွေးကို ရရှိနိုင်သလို Vision Booster ပါဝင်တာကြောင့် နေရောင်အောက်တွင်ပါ တောက်ပကြည်လင်စွာ ကြည့်မြင်နိုင်မှာဖြစ်ပါတယ်။ 90Hz Adaptable Refresh Rate ထောက်ပံ့ပေးထားပြီး စွမ်းဆောင်ရည်မြင့် Exynos 1380 processor ကိုလည်း ထည့်သွင်းထားပေးတဲ့အတွက် ချောမွေ့ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ခံစားရနိုင်မှာပဲ ဖြစ်ပါတယ်။ ကြာရှည်ခံတဲ့ စွမ်းဆောင်ရည်ကို ခံစားရရှိနိုင်ရန်အတွက်လည်း Galaxy Tab S9 FE မှာ 8,000mAh နဲ့ Galaxy Tab S9 FE+ မှာ 10,090mAh စတဲ့ များပြားလှတဲ့ ဘက်ထရီတွေပါဝင်တာကြောင့် အကန့်အသတ်မရှိ စိတ်ကူးစိတ်သန်းတွေကို ပုံဖော်နိုင်မှာပါ။ Galaxy Tab S9 FE နဲ့ Galaxy Tab S9 FE+ ကို စတိုင်ကျ လှပတဲ့ Mint, Silver, Gray အရောင်တွေနဲ့ ရရှိနိုင်မှာပဲ ဖြစ်ပါတယ်။

Epic ဖြစ်တဲ့ အသံအရည်အသွေးတွေ ခံစားနိုင်စေမယ့် Galaxy Buds FE

အသစ်မိတ်ဆက်လိုက်တဲ့ Galaxy Buds FE က Samsung ရဲ့ ထိပ်တန်းအဆင့် နည်းပညာကြောင့် အကောင်းမွန်ဆုံး အသံအရည်အသွေးတွေကို ပေးစွမ်းနိုင်မှာပဲ ဖြစ်ပါတယ်။ အားကောင်းတဲ့ ဘေ့စ်အသံကြောင့် လေးနက်ပြီး ကြည်လင်တဲ့ အသံအရည်အသွေးက တေးဂီတတွေကို ပညာရှင်က ဖန်တီးထားတဲ့အတိုင်း အကောင်းမွန်ဆုံး ခံစားနားဆင်နိုင်စေမှာဖြစ်ပါတယ်။ စွမ်းဆောင်ရည်မြင့်တဲ့ Active Noise Cancellation (ANC) နဲ့ Ambient Sound ကြောင့် ပြင်ပဆူညံသံတွေကို ကာကွယ်ပေးပြီး သုံးစွဲသူအနေနဲ့ ကြားလိုတဲ့အသံကို ပိုမိုသေချာနားဆင်နိုင်ပြီး မကြားလိုတဲ့အသံတွေကိုလည်း လျော့ပါးစေမှာပါ။ AI စနစ် ပါဝင်တဲ့ Deep Neutral Network (DNN) နဲ့ အဆင့်မြင့် Three Microphone System ရဲ့ အလိုအလျောက် စိတ်ကြိုက်ပြင်ဆင်နိုင်စေတဲ့ Beamforming စနစ်ကလည်း ဖုန်းခေါ်ဆိုရာမှာ သုံးစွဲသူရဲ့ အသံကို ပိုမိုရှင်းလင်းစွာ ကြားနိုင်ရန်အတွက် မလိုလားအပ်တဲ့ နောက်ခံဆူညံသံတွေကို ကာကွယ်ပိုင်းခြားပေးနိုင်မှာပဲ ဖြစ်ပါတယ်။

Galaxy Buds FE မှာ ပါဝင်လာတဲ့ ဘက်ထရီ ဟာလည်း Samsung ရဲ့ Galaxy Buds Series ထုတ်ကုန်တွေထဲမှာ ကြာရှည်အခံဆုံးဖြစ်ပြီး Earbuds အနေဖြင့် ကြာချိန် ၈နာရီခွဲထိ ဆက်တိုက် အသုံးပြုနိုင်ပြီး Charging Case အပါအဝင်ဆိုပါက နာရီ ၃၀ အထိ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Galaxy Buds FE ကို သုံးစွဲသူတွေအနေနဲ့ အချိန်ကြာကြာနဲ့ သက်တောင့်သက်သာ တပ်ဆင်အသုံးပြုနိုင်အောင် ဒီဇိုင်းပြုလုပ်ပေးထားပြီး အ‌ရောင်အနေနဲ့ ခေတ်မီလှပတဲ့ Graphite နဲ့ White နှစ်မျိုးကို ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

“ကျွန်တော်တို့ Samsung ရဲ့ Fan Edition ထုတ်ကုန်တွေဖြစ်တဲ့ Galaxy FE Series တွေက စွမ်းဆောင်ရည်အမြင့်ဆုံးထုတ်ကုန်တွေရဲ့ ပရီမီယံအဆင့် လုပ်ဆောင်ချက်တွေကို Samsung ချစ်သူတွေအတွက် ပိုမိုသက်သာတဲ့ စျေးနှုန်းနဲ့ ရရှိနိုင်အောင် ထုတ်လုပ်ပေးထားတာပဲဖြစ်ပါတယ်။ Samsung ရဲ့ စွမ်းဆောင်ရည်နဲ့ အရည်အသွေးအမြင့်ဆုံး Galaxy Flagship ထုတ်ကုန်တွေကို ပထမဆုံးအကြိမ်အနေနဲ့ သုံးစွဲကြည့်ချင်သူတွေအတွက်လည်း အခုအသစ်ထွက်ရှိလာတဲ့ Galaxy FE ထုတ်ကုန်သစ်တွေက စတင်ပြီး သုံးစွဲကြည့်ဖို့ အကောင်းဆုံး ရွေးချယ်စရာ ဖြစ်မယ်လို့ ယုံကြည်ပါတယ်။ ဒီတစ်ခါမှာတော့ Galaxy Ecosystem ထဲမှာ Device တွေ တစ်ခုနဲ့တစ်ခုချိတ်ဆက်ပြီး Epic ဖြစ်ဖြစ်သုံးချင်တဲ့သူတွေအတွက်လည်း အဆင်ပြေရအောင် Galaxy S23 FE စမတ်ဖုန်း၊ Galaxy Tab S9 FE Series တက်ဘလက်တွေနဲ့ Galaxy Buds FE ကိုပါ တွဲဖက် မိတ်ဆက်ပေးထားတာဖြစ်လို့ အားလုံးလည်း သဘောကျ နှစ်သက်ကြမယ်လို့ထင်ပါတယ်။ အစဉ်အမြဲ အားပေးနေတဲ့ Samsung ချစ်သူတွေကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။” ဟု Samsung Myanmar ၏ Head of Mobile Experience Group ဖြစ်သူ ကို တင်မောင်ဝင်းမှ ပြောကြားခဲ့ပါတယ်။

အသစ်မိတ်ဆက်လိုက်တဲ့ Galaxy FE ထုတ်ကုန်တွေကို အောက်ပါ ဈေးနှုန်းတွေအတိုင်း ဝယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။

Galaxy S23 FE (8/256 GB)- ၂,၂၂၉,၀၀၀ ကျပ်
Galaxy Tab S9 FE (6/128 GB) – ၁,၉၅၉,၀၀၀ ကျပ်
Galaxy Tab S9 FE+ (8/128 GB) – ၂,၄၉၅,၀၀၀ ကျပ်
Galaxy Buds FE – ၂၉၉,၀၀၀ ကျပ်

အထူးခံစားခွင့်များအနေနဲ့
Galaxy S23 FE ဖုန်းတွေကိုဝယ်ယူတဲ့အခါ Epic Gift တွေဖြစ်တဲ့ Original Cover နဲ့ 25W Travel Adapter တွေ Stock လက်ကျန် ရှိသလောက် လက်ဆောင်ပေးအပ်နေသလို၊
Galaxy Tab S9 FE (သို့) Galaxy Tab S9 FE+ ကို ဝယ်ယူမယ်ဆိုရင်တော့ Smart Book Cover (Original) တစ်ခုကိုလည်း လက်ဆောင်ရယူနိုင်မှာ ဖြစ်ပါတယ်။

Galaxy S23 FE (သို့) Galaxy Tab S9 FE Series ကို Trade In လုပ်ပြီးလဲလှယ်ဝယ်ယူမယ်ဆိုရင်လည်း ဖုန်း (သို့) တက်ဘလက် အဟောင်းတန်ဖိုးအပြင် ၂ သိန်းကျပ် ထပ်ဆောင်းသက်သာခွင့်ကိုလည်း ပိုင်ဆိုင်နိုင်မှာပါ။

Galaxy Tab S9 FE Series ကို ကျောင်းသားကျောင်းသူတွေဝယ်ယူတဲ့အခါ Student Discount ၅ သောင်းကျပ်ကိုလည်း ထပ်မံ ပေးအပ်သွားဦးမှာ ဖြစ်ပါတယ်။

ဖုန်းနဲ့ တက်ဘလက်များ မတော်တဆဖြစ်၍ မျက်နှာပြင်ကွဲခြင်းအတွက် 70%၊ ဖုန်းနောက်ကိုယ်ထည်ပျက်စီးခြင်းအတွက် 100% တစ်ကြိမ် ပေးသွားမယ့် Samsung Care+အစီအစဉ်ကိုလည်း ရရှိနိုင်မှာဖြစ်ပြီး၊

AYA PAY, CB Bank Credit Card တို့နဲ့လည်း ၆ လ အတိုးမဲ့ အရစ်ကျ ဝယ်ယူနိုင်ဦးမှာပါ။
ဒါ့အပြင် Galaxy Buds FE ကို Galaxy S23 FE (သို့) Galaxy Tab S9 FE Series နဲ့တွဲဖက်ဝယ်ယူမယ်ဆိုရင် Galaxy Buds FE ဝယ်ယူမှုအတွက် 20% သက်သာခွင့်ကိုလည်း ရရှိနိုင်ဦးမှာပဲ ဖြစ်ပါတယ်။

Team(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top