ကြီးမြတ်တဲ့ အမေရိကန်နိုင်ငံ ပြန်လာပြီလို့ ပြည်ထောင်စုမိန့်ခွန်းမှာ ဒေါ်နယ်ထရမ့် ပြောကြား

yyl-013-2.jpg

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြည်ထောင်စုမိန့်ခွန်း ပြောကြားမှုမှာ ကြီးမြတ်တဲ့ အမေရိကန်နိုင်ငံ တစ်ကျော့ပြန် ပြန်လာပြီလို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။ သမ္မတအဖြစ် သူ တာဝန်ယူချိန်မှာ အမေရိကန်နိုင်ငံသားတွေရဲ့ စိတ်ဓာတ်ကျဆင်းမှုကို ချေဖျက်နိုင်ခဲ့တယ်လို့ ဒေါ်နယ်ထရမ့်က ပြောပါတယ်။ ဒေါ်နယ်ထရမ့်ဟာ အိမ်ဖြူတော် စင်မြင့်ပေါ်မှာ မိန့်ခွန်းမပြောခင် အောက်လွှတ်တော်ဥက္ကဋ္ဌဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီဝင် နန်စီပါလော့ဆီရဲ့ လက်ဆွဲနှုတ်ဆက်မှုကို လျစ်လျူရှုခဲ့ဖွယ် ရှိပါတယ်။ နန်စီပါလော့ဆီဟာ ဒေါ်နယ်ထရမ့်ရဲ့ နိုင်ငံရေးရန်သူတော်ဖြစ်ပြီး သူ့ကို သမ္မတရာထူးကနေ ပြုတ်ကျအောင် စွဲချက်တင်ဖို့ ကြိုးစားခဲ့သူပါ။

” စီးပွားရေးဆိုင်ရာ ယိုယွင်းပျက်စီးခဲ့တဲ့ သက္ကရာဇ်တွေ ကုန်ဆုံးသွားပါပြီ။ ကျွန်တော်တို့နိုင်ငံကို တခြားနိုင်ငံတွေက အသုံးချခဲ့တဲ့၊ အခွင့်ကောင်းယူခဲ့တဲ့၊ မောက်မာခဲ့တဲ့ နေ့စွဲတွေကို နောက်မှာ ချန်ထားရစ်ခဲ့ပါပြီ။ ကတိမတည်မှုတွေ၊ အလုပ်လက်မဲ့နှုန်း မြင့်မားမှုတွေ၊ အနှစ်သာရကင်းမဲ့မှုတွေ၊ အမေရိကန်နိုင်ငံရဲ့ ဓနအင်အား၊ ပါ၀ါနဲ့ ဂုဏ်သိက္ခာကို ဖြုန်းတီးပြီး ထပ်ဖန်တလဲလဲ ဆင်ခြေပေးနေတာတွေလည်း လွင့်စင်ပပျောက်သွားပါပြီ”လို့ ဒေါ်နယ်ထရမ့်က ပြောခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်ဟာ ပြည်ထောင်စုမိန့်ခွန်း ပြောကြားမှုမှာ ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင် ဟွမ်ဂွာအီဒို၊ စစ်မှုထမ်းဟောင်း နှစ်ယောက်၊ အထောက်အထားမရှိတဲ့ ရွှေ့ပြောင်းနေထိုင်သူတစ်ယောက်ရဲ့ လက်ချက်ကြောင့် သေဆုံးခဲ့သူရဲ့ ညီ အစရှိသူတွေ အပါအဝင် အထူးဧည့်သည် တော်တော်များများကိုလည်း ဖိတ်ကြားခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top