livestreaming မှာ တရုတ်အရက်ဖြူ ၇ လုံး သောက်ပြခဲ့တဲ့ တရုတ် livestreamer တစ်ဦး နာရီပိုင်းအကြာမှာ ကွယ်လွန်

23.5.2023-yyl-15.jpg

တရုတ်နိုင်ငံသုံး TikTok ဗားရှင်း Douyin မှာ အရက် အများအပြား သောက်ပြခဲ့တဲ့ တရုတ် livestreamer ဟာ နာရီပိုင်းအကြာမှာပဲ သေဆုံးသွားခဲ့ပါတယ်။ Brother Three Thousand လို့ အမည်ပေးထားတဲ့ livestreamer ဟာ ပြီးခဲ့တဲ့အင်္ဂါနေ့က livestream မှာ တရုတ်အရက်ဖြူ အနည်းဆုံး ၇ လုံး သောက်ခဲ့တာပါ။ livestream အပြီး ၁၂ နာရီအကြာမှာတော့ အသက်မရှိတော့တဲ့ သူ့ခန္ဓာကိုယ်ကို တွေ့ရှိခဲ့တာပါ။

သေဆုံးသွားတဲ့ livestreamer ဟာ အသက် ၃၄ နှစ်အရွယ်ရှိပြီး ဝမ်လို့ အမည်ရသူ ဖြစ်ပါတယ်။ ဝမ် သေဆုံးမှုကြောင့် တရုတ်လူမှုကွန်ရက်စာမျက်နှာမှာတော့ livestreaming ကို ပိုမိုတင်းကျပ်တဲ့ စည်းမျဉ်းတွေနဲ့ ထိန်းချုပ်ဖို့ တိုက်တွန်းမှုတွေ ရှိလာခဲ့ပါတယ်။

Baijiu လို့ အမည်ရတဲ့ တရုတ်အရက်ဖြူဟာ Alcohol ပါဝင်မှု ၆၀ ရာခိုင်နှုန်းအထိ ရှိပါတယ်။ ဝမ်ဟာ မေလ ၁၆ ရက်က တစ်ယောက်ချင်း အရက်ပြိုင်သောက်တဲ့ ပွဲ ၄ ပွဲမှာ ပါဝင်ခဲ့ပြီး ၃ ပွဲမှာ ရှုံးနိမ့်ခဲ့ပါတယ်။ အဲဒီနောက် သူ့ကိုယ်သူ ဒဏ်ခတ်တဲ့အနေနဲ့ ဝမ်က livestreaming မှာ တရုတ်အရက်ဖြူ ၇ ပုလင်း သောက်ပြခဲ့တာပါ။ နောက်နေ့ မွန်းလွဲပိုင်းမှာ ဝမ် သေဆုံးနေတာကို သူ့မိသားစုက တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဝမ်ရဲ့ ဈာပနကို ပြီးခဲ့တဲ့စနေနေ့က ကျင်းပခဲ့ပါတယ်။

Douyin ဟာ livestream လွှင့်နေချိန်အတွင်း အရက်သောက်ပြတာကို တားမြစ်ပိတ်ပင်ထားပြီး livestream ပြိုင်ပွဲတွေမှာ ပါဝင်ခွင့် ပိတ်ပင်တာ၊ သူတို့ရဲ့ ဗီဒီယိုတွေကို ပြသခွင့် ပိတ်ပင်တာမျိုး ဒဏ်ခတ်လေ့ရှိပါတယ်။ ဝမ်ဟာ အရင်ကလည်း အရက်သောက်ပြခဲ့လို့ Douyin ပေါ်မှာ ပိတ်ပင်ခံထားရသူဖြစ်ပြီး အကောင့်သစ်တစ်ခုနဲ့ livestream လွှင့်နေတာ ဖြစ်ပါတယ်။

Ref: Douyin: Chinese livestreamer dies after filming drinking video

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top