သေဆုံးပြီး (၁၀) ရက်ကြာမှ ကလေးမွေးဖွားခဲ့တဲ့ အမျိုးသမီး

gettyimages-175050150.jpg

အမ်ဘီဇာနပြည်နယ်အနီးက မာသီရီစီရွာကလေးမှာနေထိုင်တဲ့ အသက် (၃၃) နှစ်အရွယ် နွမ်ဗဲလ်ရီဆို နိုမာဆန်တို မိုဒိုင်း (Nomveliso Nomasonto Modyi) ဆိုတဲ့ အမျိုးသမီးဟာ ၎င်းကိုယ်ဝန် (၉) လလွယ်ထားရမှာ ရုတ်တရတ် သေဆုံးသွားခဲ့ပါတယ်။

အဆိုပါ အမျိုးသမီးရဲ့ အလောင်းကို မြေချတဲ့နေမှာ အလောင်းကို အခေါင်းတလားထဲကနေ မြေကျင်းထဲကို ပြောင်းနေချိန် အမျိုးသမီးအင်္ဂါအတွင်းက ကလေးလေး ထွက်လာတာကို အသုဘ စီစဉ်သူတွေက တွေ့ရှိပြီး ထိတ်လန့်သွားခဲ့ကြပါတယ်။ ဝမ်းဗိုက်ထဲက ကလေးကို ကလေး (၅) ယောက် မိခင်တစ်ဦးက အတော်လေး ကို့ရို့ကားယားနိုင်စွာ မွေးထုတ်ပေးနိုင်ခဲ့ပေမဲ့ ကလေးလေးဟာလည်း အိမ်ရောက်ပြီး ခဏအကြာမှာ အသက်ရှုကြပ်ပြီး သေဆုံးသွားခဲ့ပါတယ်။

အသုဘကို စီစဉ်သူတစ်ဦးက “ကျွန်တော်တို့ သူ(မ)အလောင်းကို နေရာပြောင်းနေတုန်း အလောင်းရဲ့ ခြေထောက်နှစ်ချောင်းကြားက ကလေးလေး ထွက်နေတာကို တွေ့ခဲ့ကြတာပါ။ ကျွန်တော် ဘဝတစ်လျှောက်လုံး ကလေးမွေးတာကို မမြင်ဖူးခဲ့တော့ တော်တော်လေး လန့်သွားခဲ့တယ်။ ပိုဆိုးတာက သေပြီးသား အလောင်းက ကလေးမွေးတယ်ဆိုတာ ဒီအလုပ် လုပ်လာတဲ့ အနှစ် (၂၀) လုံးလုံး မကြားဖူးခဲ့ပါဘူး။ နောက်ပြီး ကလေးထွက်ပြီးတာတောင် မိခင်အလောင်းရဲ့ ဝမ်းဗိုက်က ဖောင်းကားနေတုန်းပဲ” လို့ဆိုခဲ့ပါတယ်။

အိမ်ရောက်ရောက်ချင်း သေဆုံးသွားတဲ့ ကလေးဖြစ်သူနဲ့ မိခင်တို့ရဲ့ ရုပ်အလောင်းတွေကိုတော့ တစ်နေရာထဲမှာပဲ အတူတူ မြှုပ်နှံပေးခဲ့တယ်လို့ သိရပါတယ်။

Ref: Elitereaders “Woman ‘Gives Birth’ Ten Days After Her Death”

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top