မက်ဒေါ်နယ်ဆိုင်ဆီ မင်္ဂလာဖိတ်စာပို့ခဲ့တဲ့ စုံတွဲ ကြက်သားပေါင်မုန့်ကပ်ကြော်ပန်းစည်း လက်ခံရရှိခဲ့

23.5.2023-yyl-12.jpg

စင်ကာပူနိုင်ငံက စုံတွဲတစ်တွဲဟာ အမေရိကန်အသင့်စား အစားအစာတွေရောင်းချတဲ့ မက်ဒေါ်နယ်ဆီက ကြက်သားပေါင်မုန့်ကပ်ကြော်ပန်းစည်းတစ်စည်းလက်ခံရရှိခဲ့ပါတယ်။ စင်ကာပူက မက်ဒေါ်နယ်ဆိုင်ဆီ သူတို့ရဲ့မင်္ဂလာဖိတ်စာကို ပေးပို့ခဲ့ပြီးတဲ့နောက်မှာ အခုလိုလက်ခံရရှိခဲ့တာပါ။

သူတို့အတွက် အရမ်းအဓိပ္ပာယ်ရှိတဲ့နေရာတွေဆီ မင်္ဂလာဖိတ်စာကတ်တွေ ပို့ခဲ့တယ်လို့ သတို့သမီး အက်နက်စ်ရဲ့ အင်စတာဂရမ်မှာ တင်ထားပါတယ်။ အဲဒီနေရာတွေထဲမှာ မက်ဒေါ်နယ်လည်း ပါဝင်ခဲ့တာပါ။ မက်ဒေါ်နယ်က မနက်စာ၊ နေ့လယ်စာ၊ ညစာအတွက် မကြာခဏ သွားဖြစ်တဲ့နေရာဖြစ်တယ်။ ဒါကြောင့် သူတို့ ဖိတ်စာ သေချာပေါက် ပို့ဖြစ်ခဲ့တယ်လို့လည်း ဆိုထားပါတယ်။

မက်ဒေါ်နယ်ဆီ မင်္ဂလာဖိတ်စာပို့ခဲ့ပေမဲ့ သူတို့ဆီက ပြန်လည်တုံ့ပြန်လာမှာကိုတော့ အန်နက်စ်မမျှော်လင့်ခဲ့ပါဘူး။ ဒါပေမဲ့ မက်ဒေါ်နယ်ရဲ့ Marketing Team ဆီက စာတစ်စောင် လက်ခံရရှိခဲ့တဲ့အချိန်မှာ အံ့အားသင့်ခဲ့ရပါတယ်။ စာလက်ခံရရှိပြီး မကြာခင်မှာ ကြက်သားပေါင်မုန့်ကပ်ကြော်ပန်းစည်းတစ်စည်း ပေးပို့လာခဲ့ပါတယ်။

ဒီပန်းစည်းကို အက်နက်စ်က ကောင်းကောင်းလက်ခံရရှိလိုက်ရပါတယ်။ အက်နက်စ်ကလည်း အခုလို ကျေးဇူးတင်စကားဆိုထားပါတယ်။ “ကျေးဇူးအများကြီးတင်ပါတယ် မက်ဒေါ်နယ်စင်ကာပူ….ကျွန်မတို့ ဒါကို စားရင်း ကောင်းတဲ့အချိန်လေးပိုင်ဆိုင်ခဲ့ရပါတယ်”တဲ့။

Ref: S’pore couple sends wedding invite to McDonald’s, receives McNuggets bouquet

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top