စာတော်ပြီး ဥာဏ်ရည် ထက်မြက်သော ကျောင်းသား တစ်ဦးသည် တက္ကသိုလ်ကြီး တစ်ခုသို့ ဝင်ခွင့် ရရန် အင်တာဗျုး ဖြေဆိုရသည်။
မေးသူများ မေးမြန်းသော မေးခွန်းများ အားလုံးကို ဖြေဆိုနိုင်သည်။ သို့သော် မေးသူ ဆရာ တစ်ဦးက ဤမျှလောက် တော်သော ကျောင်းသားကို မဖြေနိုင်အောင် ချောင်ပိတ်ပြီး မေးမြန်းလိုသဖြင့် –
“မင်းကို နောက်ဆုံး အနေနဲ့ တစ်ခု ရွေးချယ်ခိုင်းမယ်၊ လွယ်ကူတဲ့ မေးခွန်းလေး ၁၀ ခုကိုဘဲ ဖြေမလား၊ ခက်ခဲတဲ့ မေးခွန်း တစ်ခုကိုဘဲ ဖြေမလား?”
ကျောင်းသားက – “ခက်ခဲတာဘဲ ရွေးပါမယ်၊”
“ဟုတ်ပြီ၊ ကံကောင်းပါစေ၊ မေးခွန်းက နေ့ နဲ့ ည ဘယ်ဟာက စပြီး ဖြစ်ပေါ်ခဲ့တာလဲ?”
ကျောင်းသားက စဉ်းစားဟန်ပြုလိုက်ပြီး – “နေ့ က စဖြစ်ပေါ်ခဲ့ပါတယ်၊”
မေးသူက ကျောင်းသားမှာ သူ၏ ထောင်ချောက်ထဲတွင် ပိတ်မိပြီဟု ဝမ်းသာသွားကာ – “ဟုတ်ပြီ၊ ဘယ်လိုကြောင့် နေ့က စဖြစ်ခဲ့တာလဲ?”
ကျောင်းသားက – “ဝမ်းနည်းပါတယ် ခင်ဗျာ၊ ဆရာတို့က ခက်ခဲတဲ့ မေးခွန်း တစ်ခုဘဲ မေးမယ်လို့ ပြောထားပါတယ်၊ အခု ထပ်ပြီး မေးတာက ဒုတိယ မေးခွန်း ဖြစ်နေပါတယ်၊”
မေးမြန်းသူများက ကျောင်းသားက ထောက်ပြသည်ကို သဘောတူလိုက်ကြရသည်။ ထိုကျောင်းသားမှာလည်း ယင်း တက္ကသိုလ်ကြီးတွင် ဝင်ခွင့် ရရှိသွားသည်။
Photo Ref : doctordalton
Ref : binscorner
လူပိန်း (ရိုးရာလေး)