ပရီးမီးယားလိဂ်တွင် မန်ယူ လူမုန်းအများဆုံးအသင်းဖြစ်

Manchester-United-Legends-vs-Bayern-Munich-Legends.jpg

Mirror သတင်းစာက ယခုရာသီ ပရီးမီးယားကလပ်များ၏ ပရိသတ်များကို ၎င်းတို့မုန်းသည့် အသင်းများအကြောင်း စစ်တမ်းကောက်ယူခဲ့ရာတွင် မန်ယူအသင်းမှာ လူမုန်းအများဆုံး အသင်းအဖြစ် ရပ်တည်နေသည်ဟု ဖော်ပြထားသည်။ Mirror က ၎င်းတို့ စစ်တမ်းကောက်ယူခဲ့သည့် ပရိသတ် အရေအတွက်ကို ဖော်ပြထားခြင်းမရှိသော်လည်း မန်ယူက ၆၈ရာခိုင်နှုန်းဖြင့် လူမုန်းအများဆုံး အသင်းစာရင်းတွင် ထိပ်ဆုံးမှဦးတည်နေကာ လက်ရှိချန်ပီယံ ချဲလ်ဆီးက ၆၅ရာခိုင်နှုန်းဖြင့် ဒုတိယ လိုက်နေသည်။ လီဗာပူးက ၆ဝရာခိုင်နှုန်းဖြင့် တတိယနေရာတွင် ရှိနေပြီး မန်စီးတီးက ၅၃ရာခိုင်နှုန်းဖြင့် စတုတ္ထနေရာတွင် ရပ်တည်နေသည်။

Mirror သတင်းဌာနက လူချစ်လူခင်အများဆုံး ပရီးမီးယားလိဂ်ကလပ်အသင်းကို စစ်တမ်းကောက်ယူခဲ့ရာတွင် ဆောက်သမ်တန်က ထိပ်ဆုံးနေရာ ရပ်တည်နေပြီး ဘုန်းမောက်၊ ဆွမ်ဆီး၊ အာဆင်နယ်၊ အဲဗာတန်တို့ အစဉ်အတိုင်းရပ်တည်နေကြကြောင်း သိရသည်။

Nz ရိုးရာလေး

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top