WannaCry malware တိုက်ခိုက်မှုတွေအတွက် မြောက်ကိုရီးယားကို အမေရိကန် ပြစ်တင်

http-_o.aolcdn.com_hss_storage_midas_9112d38ee412438e10da487ca8539db0_205270656_RTX35YNS.jpeg

အမေရိကန်နိုင်ငံက မြောက်ကိုရီးယားနိုင်ငံဟာ အခုနှစ်အစောပိုင်းက ကမ္ဘာတစ်ဝှမ်းရှိ ဘဏ်တွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ ဟိုတယ်တွေကို WannaCry malware နဲ့ ဆိုက်ဘာတိုက်ခိုက်ခဲ့မှုအတွက် တာဝန်အရှိဆုံးဖြစ်တယ်လို့ ပြစ်တင် ဝေဖန်လိုက်ပါတယ်။

အခုနှစ်အစောပိုင်းအတွင်း နိုင်ငံပေါင်း ၁၅၀ ရှိ ကွန်ပျူတာပေါင်း ၃ သိန်း ကျော်ကို WannaCry malware နဲ့ တိုက်ခိုက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ဘီလီယံချီ ဆုံးရှုံးနစ်နာမှုတွေဖြစ်ခဲ့ရတယ်လို့သိရပါတယ်။ အမေရိကန် သမ္မတဒေါ်နယ်ထရမ့် ရဲ့လက်ထောက်တစ်ဦးဖြစ်သူ သောမက်ဘိုစ့်ဆာ (Thomas Bossert) က မြောက်ကိုရီးယား ရဲ့ဆိုက်ဘာတိုက်ခိုက်တဲ့ လုပ်ရပ်တွေအတွက် ဝေါစရိတ်သတင်းစာက နေ တစ်ဆင့်စွပ်စွဲ ခဲ့တာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံဟာ ဆိုက်ဘာတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ မြောက်ကိုရီးယားနိုင်ငံကို တရားဝင်ပထဆုံးအကြိမ် ပြစ်တင်ခဲ့တာ ဖြစ်ပါတယ်။ သောမက်ဘိုစ့်ဆာက သက်သေတွေအပေါ် အခြေခံကာ မြောက်ကိုရီးယားနိုင်ငံကို စွပ်စွဲပြစ်တင်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

ဗြိတိန်အစိုးရကလည်း နိုဝင်ဘာလတုန်းက ဗြိတိန်မှာ တိုက်ခိုက်မှုဖြစ်ခဲ့ပြီး မြောက်ကိုရီးယားဟာ WannaCry malware တိုက်ခိုက်မှုလုပ်ခဲ့တာ သေချာတယ်လို့ ပြောခဲ့ပါတယ်။ ဆိုက်ဘာတိုက်ခိုက်မှုတွေကြောင့် မေလတုန်းက Windows ကွန်ပျူတာတွေ ထိခိုက်ခဲ့ရပြီး ကွန်ပျူတာထဲရှိ အကြောင်းအရာ LOCK ကျခဲ့ရပါတယ်။ ဒါအပြင် ကွန်ပြူတာအတွင်း သိမ်းထားတဲ့ အချက်လက်တွေပြန်လိုချင်ရင် ပြန်ပေးငွေပေးဖို့ တောင်းဆိုမှုတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။ ဥရောပရဲတပ်ဖွဲ့ Europol ကအခုလို ပမာဏ ကျယ်ပြန့်စွာတိုက်ခိုက်မှုမျိုးဟာ အရင်ကမရှိခဲ့ဘူးလို့ ပြောထားပါတယ်။

Ref : BBC News : US and UK blame North Korea for WannaCry

ကောင်းထက်ငွေ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply