လေယာဉ်ပေါ် ယူခွင့်မရတဲ့ Spray Gel နဲ့ အမျိုးသမီးတစ်ဦးရဲ့ဆံပင်ကို ယုန်ပုံစံပြောင်းလဲပစ်ခဲ့တဲ့ ဆံသပညာရှင်

27.1.2025-yyl-၆.jpg

မကြာသေးခင်က တရုတ်ဆံသပညာရှင် လုံရှုဟာ သူ့ရဲ့မိန်းကလေးသူငယ်ချင်းနဲ့ လေဆိပ်မှာ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်ကို မျှဝေလာခဲ့ပါတယ်။ လေဆိပ်မှာ ပစ္စည်းတွေ အစစ်ခံရတော့ သူ ယူဆောင်လာတဲ့ Spray Gel ကို လေယာဉ်ပေါ် သယ်ဆောင်ခွင့်မရခဲ့ဘူးလို့ ဆိုပါတယ်။

သူလည်း Spray Gel ကို လွှတ်ပစ်ရမှာ နှမြောလို့ သူ့ရဲ့ဆံသပညာရပ်ကို ကောင်းကောင်းအသုံးချဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူဟာ လေယာဉ်ပေါ်မတက်ခင် အဲ့ဒီ Spray Gel ကို အသုံးပြုပြီးတော့ သူ့သူငယ်ချင်းရဲ့ဆံပင်ကို ဧရာမယုန်ခေါင်းပုံစံပြောင်းလဲပစ်ခဲ့ပါတယ်။ ဆံပင်ပုံစံက ယုန်ခေါင်းအကြီးကြီးဖြစ်တာကြောင့် သူ့သူငယ်ချင်းကတော့ သူ့ခေါင်းနဲ့ မလွတ်တဲ့နေရာသွားတဲ့အခါတိုင်း ငုံ့ငုံ့ပြီးသွားခဲ့ရပါတယ်။

ဆံသပညာရှင်လုံရှုရဲ့သူငယ်ချင်းကတော့ ဆံပင်စတိုင်ကြောင့် လေယာဉ်ပေါ်မှာ သူ့ကို အာရုံစိုက်တဲ့သူများခဲ့ပါတယ်။ လူတော်တော်များများက သူ့နဲ့ ဓာတ်ပုံတွဲရိုက်ဖို့လည်း တောင်းဆိုခဲ့ကြပါတယ်။


လေဆိပ်မှာ လုံရှုရဲ့ဆံသပညာအစွမ်းနဲ့ ဖန်တီးလိုက်တဲ့ ဆံပင်စတိုင်ကတော့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့လို့သွားခဲ့ပါတယ်။

Ref: Hair Stylist Turns Woman’s Hair Into Giant Rabbit With Spray Gel He Couldn’t Bring On Plane

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top