ဒရုန်းတွေရဲ့ အကူအညီကြောင့် ၃ နာရီအတွင်း ဂါလံ ၁၉ သန်း ပိုများလာတဲ့ မိုးအတုရွာသွန်းခြင်း

dron.webp

အလက်စကာပြည်နယ်မှာ ပြုလုပ်ခဲ့တဲ့ မိုးအတုရွာသွန်းခြင်း (Cloud-seeding) စမ်းသပ်မှုတစ်ခုမှာ ဒရုန်း (Drone) တွေရဲ့ အကူအညီကြောင့် ၃ နာရီအတွင်း မိုးရေချိန် ဂါလံ ၁၉ သန်းအထိ ပိုများလာကြောင်း တွေ့ရှိခဲ့ပါတယ်။

အဲဒီစမ်းသပ်မှုကို ၂၀၂၆ ခုနှစ်၊ သြဂုတ်လ ၂၃ ရက်နေ့က အလက်စကာပြည်နယ်၏ ကီနိုင်ကျွန်းဆွယ် (Kenai Peninsula) မှာ Rainmaker Technology ကုမ္ပဏီက လုပ်ခဲ့တာပါ။ Elijah ဒရုန်းတွေဟာ မိုးရွာသွန်းရေး မစ်ရှင် (၇) ခုကို လုပ်ဆောင်ခဲ့ပြီး ဆေးလ်ဗား အိုင်အိုဒိုက် (Silver iodide) ၃၇၄.၃ ဂရမ်ခန့် ပါဝင်တဲ့ မီးကျည် (၁၉) တောင့်ကို လေထုထဲ ပစ်လွှတ်ခဲ့ပါတယ်။

ဒရုန်းတွေဟာ အလွန်အေးမြတဲ့ အရည်ပျော်ရေစက်(Supercooled liquid water) တွေ ပါဝင်တဲ့ တိမ်စိုင်တွေ ဖြစ်ပေါ်စေခဲ့တာပါ။ အဲဒီရေစက်ငယ်လေးတွေဟာ ဆေးလ်ဗားအိုင်အိုဒိုကြောင့် ရေခဲပွင့်တွေအဖြစ် ပြောင်းလဲသွားပြီး တဖြည်းဖြည်း ကြီးထွားလာကာ နောက်ဆုံးမှာ မိုး ဒါမှမဟုတ် နှင်းအဖြစ် ကျဆင်းလာတာပါ။

Rainmaker ကုမ္ပဏီရဲ့ တွက်ချက်မှုအရ သူတို့ရဲ့ မိုးတိုရွာသွန်းခြင်း မစ်ရှင် ၇ ခုမှာ ယခင်ကထက် တိုးပွားလာတဲ့ မိုးရေချိန် ၄၅ မှ ၆၅ ဧက-ပေ (Acre-feet) အထိ ရှိတယ်လို့ ဆိုပါတယ်။ ဒါဟာ ပျမ်းမျှခန့်မှန်းခြေ ၅၇.၆ ဧက-ပေ (ရေဂါလန် ၁၈.၈ သန်းခန့်) တိုးပွားလာတာ ဖြစ်ပါတယ်။

ဒီနည်းပညာဟာ ရေရှားပါးမှုနှင့် ရင်ဆိုင်နေရတဲ့ ဒေသတွေမှာ မိုးရေချိန်နဲ့ ရေပေးဝေမှု တိုးတက်လာစေဖို့ အထောက်အကူ ဖြစ်စေနိုင်ဖွယ် ရှိနေပါတယ်။

Ref: Drones Just Made 19 Million Gallons of Rain in Alaska in Under 3 Hours

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top