နှစ် (၄၀) နီးပါး ကွယ်ပျောက်နေတဲ့ ကမ္ဘာ့အကြီးဆုံး ပျားမျိုးစိတ်ကို ပြန်လည်တွေ့ရှိ

in1.jpg

သိပ္ပံပညာရပ်အတွက် နှစ် (၄၀) နီးပါး ကွယ်ပျောက်နေခဲ့တဲ့ ကမ္ဘာ့အကြီးဆုံးပျားမျိုးစိတ်ကို သစ်တောထဲမှာ ပြန်လည်တွေ့ခဲ့ရှိပါတယ်။ Megachile pluto လို့ အမည်ရပြီး ဝေါ်လေ့ပျားကြီးမျိုး(Wallace’s giant bee) လို့ လူသိများတဲ့ အဲဒီပျားဟာ ဥရောပက ပျားရည်ဖွတ်တဲ့ ပျားမျိုးစိတ်ထက် (၄) ဆကျော် ကြီးမားပါတယ်။ သူ့ရဲ့တောင်ပံတွေဟာ (၂.၅) လက်မနီးပါးရှိပြီး နွားချေးပိုးကောင်နဲ့တူတဲ့ မေးရိုးအစွယ်တွေ သုံးပြီး အသိုက်ဆောက်မယ့် သစ်သား၊ သစ်စေးတွေ စုဆောင်းတတ်ပါတယ်။

၁၈၅၈ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံ ဘာကန်ကျွန်းကို အလည်အပတ်သွားတဲ့ ခရီးစဉ်မှာ ဗြိတိန်နိုင်ငံသား သဘာဝလောကပညာရှင် အဲဖရက်ရပ်ဆက်ဝေါလေ့စ်က ဒီပျားမျိုးစိတ်ကို တွေ့ရှိခဲ့တာပါ။ အဲဒါကြောင့်လည်း ဝေါလေ့စ်ပျားကြီးမျိုးလို့ လူသိများကြတာပါ။ ဘာကန်ကျွန်း ခရီးစဉ် နောက်ဆုံးရက်မှာ ဝေါလေ့စ်က အဲဒီပျားမျိုးစိတ်ကို တွေ့ရှိခဲ့ဖြစ်ပါတယ်။

ဝေါလေ့စ်ပျားကြီးမျိုးကို နောက်ဆုံးမြင်တွေ့ခဲ့ရတာကတော့ ၁၉၈၁ ခုနှစ်က ဖြစ်ပြီး အမေရိကန်နိုင်ငံသား ပိုးမွှားအင်းဆက် ပညာရှင် အဒမ်မက်ဆာက တွေ့ခဲ့တာပါ။ အင်ဒိုနီးရှားနိုင်ငံက ကျွန်း (၃) ခုမှာ တွေ့ရှိခဲ့တာလို့ မှတ်တမ်း ရေးသားထားပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ ဒီပျားမျိုးစိတ်က သိပ္ပံလောကကနေ ပျောက်ဆုံးသွားခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံ မြောက်ပိုင်းမိုလူကက်စ်ကျွန်းကို အလည်အပတ်သွားတဲ့ ခရီးစဉ်မှာ အမေရိကန်ပညာရှင်အဖွဲ့က ဒီပျားမျိုးစိတ်ကို ပြန်လည်တွေ့ရှိခဲ့တာပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top