ဟောင်ကောင်ရဲတပ်ဖွဲ့ထံ အသုံးပြုသူ သတင်းအချက်အလက် ဝေမျှ ပေးနေတာကို ထိပ်တန်းနည်းပညာ ကုမ္ပဏီတွေ ဆိုင်းငံ့

7-7-2020-yyl-003.jpg

ဟောင်ကောင်ရဲတပ်ဖွဲ့ရဲ့ အသုံးပြုသူ သတင်းအချက်အလက် ဝေမျှပေးရေး မေတ္တာရပ်ခံချက်ကို ပူးပေါင်းဆောင်ရွက်ဖို့ ရပ်ဆိုင်းလိုက်ပြီလို့ ဖေ့ဘွတ်ခ်၊ တွစ်တာ၊ ဂူဂဲလ်၊ WhatsApp နဲ့ Telegram တို့က ပြောပါတယ်။ တရုတ်အစိုးရက ဟောင်ကောင်မြို့မှာ လုံခြုံရေးဥပဒေသစ် ပြဋ္ဌာန်းမှုနဲ့ပတ်သက်ပြီး နိုင်ငံတော်တော်များများက ဝေဖန်ခဲ့ပါတယ်။ အဲဒီဥပဒေဟာ ဟောင်ကောင်မြို့ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ခြိမ်းခြောက်နေတယ်လို့ ဆိုပါတယ်။ ထိပ်တန်းနည်းပညာကုမ္ပဏီတွေရဲ့ ကြေညာချက်ဟာ Apple ကုမ္ပဏီကိုလည်း ဖိအားဖြစ်စေဖွယ်ရှိနေပါတယ်။ တရုတ်ပြည်မကြီးက တခြားဝန်ဆောင်မှုတွေကို ပိတ်ပင်ထားပေမဲ့ Apple ကုမ္ပဏီကိုတော့ ပိတ်ပင်ခြင်းမရှိပါဘူး။ ဒါပေမဲ့ ဖေ့ဘွတ်ခ်၊ ဂူဂဲလ်၊ တွစ်တာတို့ကလည်း တရုတ်နိုင်ငံရဲ့ လုပ်ငန်းအပ်နှံသူတွေကို ကြော်ငြာတွေရောင်းပေးပြီး ဝင်ငွေတွေ ရရှိနေတာပါ။

Apple ကုမ္ပဏီဟာ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလကနေ ဇွန်လကြားကာလအတွင်း ဟောင်ကောင်အစိုးရရဲ့ တောင်းဆိုချက်အများစုကို လိုက်လျောခဲ့ပါတယ်။ အရင်တုန်းက ဟောင်ကောင်အာဏာပိုင်တွေကို အသုံးပြုသူတွေရဲ့အချက်အလက်တွေ လွှဲပြောင်းပေးအပ်ခဲ့ဖူးတဲ့ မိုက်ခရိုဆော့ဖ်ကုမ္ပဏီကလည်း မူဝါဒအပြောင်းအလဲကို မကြေညာသေးပါဘူး။ ဟောင်ကောင်အာဏာပိုင်တွေကို အသုံးပြုသူအချက်အလက်တွေ ပေးအပ်မှု ရပ်တန့်တော့မယ့် အစီအစဉ်ကို စတင်ကြေညာခဲ့တာကတော့ လန်ဒန်မြို့အခြေစိုက် Telegram ကုမ္ပဏီဖြစ်ပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top