ငွေကျပ် ၂၉ ဘီလျံကျော် တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးနှင့် လက်နက်၊ ခဲယမ်းများ သိမ်းဆည်းရမိ

29-6-2020-yyl-022.jpg

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့နယ်၊ ရေပူစမ်းကျေးရွာအနီး၌ လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၄ နာရီခွဲတွင် သတင်းအရ ရေပူစမ်းကျေးရွာ၏ အနောက်မြောက်ဘက် မီတာ ၄၀၀၀ ခန့်အကွာရှိ ဝါးရုံပင်အနီး ရှာဖွေစစ်ဆေးရာ မသင်္ကာဖွယ်ရာ မိုးကာပလပ်စတစ်အိတ်အစအား တွေ့ရှိရသည်။

ထို့နောက် ဆက်လက်တူးဖော် ရှာဖွေခဲ့ရာ မြေကြီးအတွင်း မြှုပ်နှံထားသော ဆာလာအိတ် အလုံး ၆၀ အတွင်းမှ WY စာတန်းပါ စိတ်ကြွဆေးပြား ၆၄၈၀၀၀၀ ပြားခန့်၊ စိတ်ကြွဆေးပြားအကြေ ( ရေစိုပုံစံပျက်) ၁၁၄၈ ကီလိုဂရမ်ခန့် (မူးယစ်ဆေးဝါးများ ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၆ ဒသမ ၉ ဘီလီယံခန့်)၊ AK မောင်းပြန်ရိုင်ဖယ် ၁ လက်၊ ၎င်းကျည်အိမ် ၁ ခုနှင့် ၎င်းကျည် ၂၅ တောင့်၊ ပွိုင့်-၂၂ သေနတ် ၂ လက်၊ ၂ လုံးပြူး သေနတ် ၁ လက်၊ ၎င်းကျည် ၅ တောင့်၊ ၁ လုံးထိုး သေနတ် ၂ လက်တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

အဆိုပါသိမ်းဆည်းရမိ လက်နက်၊ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများကို သက်ဆိုင်ရာသို့ စနစ်တကျ လွှဲပြောင်းအပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top