နေ့စဉ်ဘဝမှာ လျှာသန့်စင်ပေးခြင်းရဲ့ အရေးပါမှု

29-6-2020-yyl-019.jpg

သွားတိုက်တာက ခံတွင်းကျန်းမာရေးအတွက် အရေးကြီးတဲ့နေ့စဉ်အလေ့အထပါပဲ။ ကျွန်တော်တို့အများစုက သွားတိုက်ခြင်းအလေ့အထကို ကျေပွန်စွာ လိုက်နာကြရပါတယ်။ သွားကို တစ်နေ့ (၂) ကြိမ်တိုက်ရမယ်ဆိုတာကို ခေါင်းထဲမှာ အမြဲစွဲနေကြပါပြီ။ သွားတိုက်တာအပြင် လျှာကို သန့်စင်ပေးဖို့ကလည်း ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာ အရေးပါလာပါပြီ။ ဒီအလေ့အထကိုလည်း ချန်ထားခဲ့လို့မရပါဘူး။ လျှာသန့်စင်ပေးတာက ပလတ်စတစ် (သို့) သတ္တုနဲ့လုပ်ထားတဲ့ ပစ္စည်းကိရိယာကိုအသုံးပြုပြီး လျှာပေါ်မှာရှိနေတဲ့ ဘတ်တီးရီးယားတွေ၊ ဆဲလ်အသေတွေကို ဖယ်ရှားပေးတဲ့လုပ်ငန်းစဉ်ပါပဲ။

သင် လျှာကို သန့်စင်ဖို့ မကြိုးစားခင်မှာ လျှာကို ဘာလို့သန့်စင်ပေးသင့်လဲဆိုတာကို အရင်ဆုံးပြောပြပါရစေ။ သင့်လျှာကို မှန်ထဲမှာ သေချာလေးကြည့်လိုက်မယ်ဆိုရင် အဖြူရောင်အလွှာကို သတိပြုမိပါလိမ့်မယ်။ အဖြူရောင်အလွှာက ကျွန်တော်တို့စားလိုက်တဲ့ အစားအစာကနေ ဖြစ်လာတာဖြစ်ပြီး ဘတ်တီးရီးယားတွေကို ပေါက်ဖွားစေပါတယ်။ လျှာဆေးကိရိယာနဲ့ လျှာကို သန့်စင်ပေးမယ်ဆိုရင် လျှာမှာရှိနေတဲ့ အဖြူရောင်တွေကို ဖယ်ရှားဖို့ ကူညီပေးနိုင်ပါတယ်။ လျှာမှာ အဖြူရောင်တွေပျောက်သွားပြီး နဂိုအတိုင်း ပန်းရောင်လေးသမ်းသွားစေမှာဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့လျှာက အရေးကြီးတဲ့ အခန်းကဏ္ဍမှာပါဝင်ပါတယ်။ ကျွန်တော်တို့ စကားပြောနိုင်ဖို့၊ တစ်ခုခုဝါးစားဖို့၊ မြိုချဖို့ ကူညီပေးပါတယ်။ ဒါကြောင့် သွားတွေကို သန့်စင်ပေးသလို လျှာကိုလည်း သန့်စင်ပေးဖို့ အရေးကြီးပါတယ်။ လျှာဆေးကိရိယာနဲ့ပဲ သန့်စင်ပေးတာက လျှာပေါ်က ဘတ်တီးရီးယားပေါက်ဖွားနေတဲ့ အဖြူရောင်တွေကို ဖယ်ရှားပေးတာအပြင်

အရသာခံနိုင်စွမ်းအားကို တိုးမြှင့်ပေးခြင်း – ကျွန်တော်တို့လျှာက ပါးစပ်မှာ အရသာခံနိုင်အောင် ကူညီပေးပါတယ်။ လျှာကို လျှာဆေးကိရိယာနဲ့ နေ့တိုင်း နှစ်ကြိမ် သန့်စင်ပေးတာဟာ လျှာပေါ်က အဖြူရောင်တွေကို ဖယ်ရှားပေးပြီး အရသာခံနိုင်စွမ်းအားကို တိုးမြှင့်ပေးပါတယ်။

အောက်သိုးသိုးအနံ့ကို လျော့ချပေးခြင်း – လျှာဆေးကိရိယာကို အသုံးပြုတာက ပါးစပ်ကနေ ဘတ်တီးရီးယားတွေကြောင့် ဖြစ်လာတဲ့အနံ့တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ လျှာဆေးကိရိယာနဲ့ လျှာကို သန့်စင်တာဟာ ပါးစပ်အတွင်းက အနံ့ဆိုးတွေကို ဖယ်ရှားတဲ့နေရာမှာ အထိရောက်ဆုံးနည်းဖြစ်တယ်လို့ ၂၀၀၄ခုနှစ်က လေ့လာချက်တစ်ခုကဆိုပါတယ်။

ခံတွင်းကျန်းမာရေးကို ကောင်းလာခြင်း – နေ့စဉ်ဘဝမှာ ဒီနည်းကို လုပ်ဆောင်ပေးခြင်းက သင့်ရဲ့ခံတွင်း ကျန်းမာရေးအတွက် ကောင်းလာနိုင်ပါတယ်။ ဒီနည်းက သွားဖုံးရောဂါဖြစ်ပွားခြင်းကနေလည်း ကာကွယ်ပေးပါတယ်။

လျှာဆေးကိရိယာနဲ့ ဘယ်လိုသန့်စင်မလဲ

သွားတိုက်ပေးသလိုပဲ လျှာဆေးကိရိယာကို တစ်နေ့ (၂) ကြိမ်အသုံးပြုပေးရပါမယ်။ လျှာကို သန့်စင်ဖို့အတွက် (၁) မိနစ်လောက်တောင် အချိန်မယူရပါဘူး။ လျှာဆေးကိရိယာကိုတော့ ဝယ်ဖို့လိုပါတယ်။

အဆင့် (၁) – မှန်ရှေ့ရပ်ပြီး ပါးစပ်ဟကာ သင့်လျှာပေါ်တင်လိုက်ပါ

အဆင့် (၂) – လျှာသန့်ကိရိယာကို ကိုင်ထားပြီး လျှာဖျားကနေ လျှာအဆုံးထိ ဖြည်းဖြည်းသာသာလေး ဆွဲလာလိုက်ပါ

အဆင့် (၃) – ဒါကို တစ်ခါတည်းနဲ့ (၃) (၄) ကြိမ်လုပ်ပေးပါ။ သင့်လျှာမှာ အဖြူရောင်တွေရှိနေတာကို မြင်ရတော့မှာမဟုတ်ပါဘူး။

အဆင့် (၄) – ရေနဲ့ ပါးစပ်ကို သန့်စင်ပေးလိုက်ရုံပါပဲ။

Ref: Why you should add tongue scraping to your daily routine

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top